ဘာတွေ ရေးမိပါလိမ့်
မင်္ဂလာပါ မေ့နေကြပြီလားလို့ ပြန်ပြီးမေးရမလိုပင် ပြန်ဖြစ်လာပါပြီ ။ ရက်ဆက်မပျက် ရေးတော့မည်ဟူ၍ အားကြိုးမာန်တက် ဆုံးဖြတ်လိုက်သော်လည်း ပြန်လည် မရေးဖြစ်သည်မှာ သုံးလေးရက်ပင် ရှိလေပြီ ။ တစ်ခါတစ်ရန် အနားယူသည်ဆိုသော်လည်း steem power နည်းပါးလှသော ကျွှန်တော်တို့အတွက် မကောင်းသည်ကိုလည်း သိပါသည် ။ steem ရရန် လမ်းမှာ စာရေးခြင်း တစ်ခုသာ ရှိနေပါသေးသည် ။ video လေးများတင်ရန်မှာလည်း ပို၍ပင် ခက်သည် ထင်မိပါသည် ။
Image source
မရေးဖြစ်တာကြာသဖြင့် ပြန်လည် အရေးခက်လာသည်လား မသိပါ ။ VIDEO အကြောင်းလေးများရေးရမည်လား ဆိုပြန်တော့လဲ တစ်ကားမှ မကြည့်ဖြစ်သေးပါ ။ နံနက်ခင်းတွင်တော့ ဆောင်းအစရောက်ပြီမို့ နှင်းစက်များ တစ်ဖွဲဖွဲ ကျရောက်နေကြပြီ ။ နှင်းစက်တွေက သူ့အချိန် သူ့သဘာဝ သူ့ဖာသူတော့ ကျနေမှာပါဘဲလေ ။ အဆက်အစပ်မရှိ လျှောက်ပြေးကြည့်ပြန်တော့လဲ စကားပုံစာအုပ်က ပျောက်နေလေရဲ့ ။ တစ်ကယ်တမ်းကျတော့ မလွယ်ကူပေ ။
Image source
Steemit ထဲတောင် ခပ်အေးအေး ဖြစ်နေပြီး post မတင်ဖြစ်သလို vote ပေးဖို့လဲ သိပ်ကြီးတော့ မရောက်ဖြစ် ။ ဇာတ်လမ်းတွေကလည်း ခမ်းကုန်ပြီ ။ ကိုယ်တွေ့တွေက သိပ်မမြင်ရတော့ သူများတွေ့တွေလဲ မကြားနာရ ။ စာအုပ်လေးတစ်အုပ်ချပြီး မြန်မာကနေ မြန်မာကို ဘာသာပြန်တတ်ရင်လား ။ ဒါလည်း ကိုယ်မှ မကျွှမ်းတာ ။ ဘာဖြစ်ဖြစ်လေ တစ်တောဝင် တစ်တောင်တက်တော့ ရှေ့ဆက်ရမှာပါဘဲ ။ ဆေးပင်လေးတွေ ပြန်ရောင်းရရင် အမောတော့ ပြေမှာပါ ။
အိပ်မက်ကလည်း တစ်ပုဒ်မပြည့် နည်းနည်းမက်ပြီး နောက်တစ်ပုဒ် ပြောင်းနေတတ်သည် ။ အပိုင်း နှစ်တွေလည်း ရှာလို့ မတွေ့ ။ တစ်ဖြည်းဖြည်း စုရရင် တစ်ပိုင်းထဲနဲ့ အဆုံးမရှိတာတွေ အများကြီး ဖြစ်တော့မယ် ။ ဒါနဲ့ ဘာတွေရေးမိပါလိမ့် စာလုံးရေတော့ ပြည့်လောက်ပြီထင်ပါတယ် ။ vote လိုက်ကြစို့ သူငယ်ချင်း အောက်အီးအီးအွတ်ပေါ့ ။ ဇာတ်လမ်းလေးက အဲ့ဒီမှာစတယ် ။ ပြီးပါပြီ ။
MSC - 9
@domelay (အတွေးမျှင်လေးများ)
ဂူဂယ်လ်ထရန်စလိတ်ရှိတဲ့ဟာ
ဟုတ်ကဲ့ ဥဥ
ရေး ဖြစ်ဖို့ဘဲလိုတယ် ၊ရေးပါကိုဒိုရေ။
လာပါမယ်ဗျာ ရေးချင်တာရေး ဒိုမီလေး ။
စိတ်ထဲ ပေါ်ရာ စိတ်ထဲ ရှိတာသာချရေးပလိုက် ဒိုလဲ အဲ့လိုဆော်တာ
ဒါလဲစာတပုဒ်ပါဘဲ
အိလိုဘဲ ချနေရတယ် ဥဥရေ
ငင့် အော်အီးအီး ဘွတ်တဲ့ 😁
အော်အင်းအင်း ဘွတ် ။
နင့်အိပ်မက်ထဲလာပြီး အိပ်မက်ပေးရမလား ☺
မထွက်ခင် လာပေးပါ ။
ငင့် ခုမဖ အစပဲရှိသေးတယ် ပီးပီ 😁😁
Posted using Partiko Android
ဟီးဟီး
တရားသဘောလေးပြသွားတာပါ။အခုမှစတယ်ဆိုပြီး>>>>ပြီးပြီတဲ့။အခုဖြစ်ပြီး အခုပျက်တယ်။အခုစပြီး အခုပြီးတယ်လေ။နောက်တာနော်အစ်ကို။
ဟုတ် ဥဥပြောမှ သတိထားမိရယ် ။
မမရော သတိရသေးလား😁😁 စာမရေးဖြစ်လို့😁😁
Posted using Partiko Android
ရပါတယ်ဗျာ
ငှယ့် စပြီလား ဆိုမှပြီးပြီတဲ့
စတာနဲ့ တန်းပြီး
အော် အီအီး vote ဟုတ်ဘူးလားဗျ 😊
Posted using Partiko Android
တူတူပါဘဲဂျာ ။