ဘာ်လိုချစ်မျိုး

in #myanmar3 years ago

ရွှာမှာ မိန်းမအလိုကိုလိုက် မိန်းမအကြိုက်ဆောင်ပြီး သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို ထူထောင်ထားတဲ့ မောင်ဖွေး ဆိုတာ ဂွေးမြင်ကုန်းရွှာသားတိုင်း သိကြတဲ့ သူတစ်ယောက်ပေါ့ ။ သူတို့အိမ်ထောင်ရေးက လူအများအမြင် သာယာသလို သူ့ဇနီး ဒေါ်ဖြူဆိုတာကလဲ ယောက်ျားက ဖူးဖူးမှုတ် အချစ်ခံထားရတယ်လို့ဘဲ မြင်ကြတာပေါ့ ။ ဒါပေမဲ့ အချိန်အခါတိုင်းလိုလို မောင်ဖွေးမျက်နှာက သူ့ဇနီးချောနားရောက်တိုင်း မသာမယာ သလို အနည်းငယ်ဖြစ်ဖြစ်သွားတတ်သတဲ့ ။

ဘယ်သူမှ သတိမထားမိသလို သူ့ဇနီး ဒေါ်ဖြူတောင် သတိမူမိတာပါဘဲ ။ သူကလဲ ဝါရင့် သဘာရင့် ခံစားချက်ကြီးနဲ့လေ ။ ဒါကို သတိထားမိသွားတာက ရွှာထဲမှာ ဘုန်းကြီးမျက်နှာရိပ်ကြည့် ကပ္ပိယလုပ် သူကြီး မျက်နှူရိပ်ကြည့် လိုတာလလုပ်းပေး ။ အလကားပေးနေထားတဲ့ အိမ်ရှင်မျက်နှာရိပ်ကြည့် ရှောင်သင့်တာရှောင် ဆောင်သင့်တာဆောင်နိုင်တဲ့ အပြောလွှတ်အောင် ပါးနပ်လိမ္မာတဲ့ ငလုံး ဆိုသူဘဲ ဖြစ်ပါတယ် ။ သူက မျက်နှာရိပ်မျက်နှာကဲ အမြဲကြည့်နေရတော့ မောင်ဖွေး မျက်နှာ မသာမယာဖြစ်တာ ပေါ်ပြီပေါ့ ။

download (1).jpeg

ဒီလိုနဲ့ ငလုံးကမေးတော့ မောင်ဖွေးကလဲ ရင်ဖွင့်ရှာသပေါ့ ။ သူတို့လင်မယားက သိပ်ချစ်ကြတာ ဒါပေမဲ့ ဒေါ်ဖြူမှာက အရင်က ကြိတ်ကြိုက်ခဲ့ရတဲ့ ကောင်လေးဦးနုဆိုတာရှိသတဲ့ ။ အဲ့တာလဲ ဒေါ်ဖြူပြောပြလို့ မောင်ဖွေးသိရတာ ။ တစ်ခြားတစ်ခြားရည်းစားတွေ ရှိခဲ့ပေမဲ့ ဒေါ်ဖြူမောင်ဖွေးကို ချစ်သည် ။ သို့သော် ထို ဦးနုနှင့် ပတ်သက်လျှင် မောင်ဖွေးမယှဥ္နိုင် ။ မောင်ဖွေးကလဲ ဒေါ်ဖြူကို ချစ်ပေမဲ့ အဲ့ဒီဦးနုကို သူမယှဥ္နိုင်ကြောင်းသိတာမို့ စိတ်က မကြည်မသာ အမြဲဖြစ်နေရသည် ။မောင်ဖွေးမှာ ဦးနုလောက်အချစ်ခံရလျှင်ကျေနပ်သည် ။ အချစ်ချင်းတိုင်းတာလျှင် ကွာသည်မဆိုသာသော်လည်း မောင်ဖွေးမှာ ဦးနုနေရာသို့ ရောက်ရန် မလွယ်ကူ ။ ဦးနုလောက် မချစ်ဆိုပေမဲ့ ဦးနုလောက်နီးနီး မောင်ဖွေးကို ချစ်သည် ။ မောင်ဖွေးမှာ ကြိုးစားပိုင်ခွင့် မရှိ အလိမ်အညာလေးနှင့်ပင် မောင်ဖွေးကို ဦးနုလောက်ချစ်ပါတယ် ဆိုလျှင်ပင် သူတို့ အိမ်ထောင်ရေးက ပြေလည်သွားနိုင်သည် ။ ယခုမှာလည်း မပြေလည်သည်တော့မဟုတ် မောင်ဖွေး တစ်ယောက်သာ တရှောင်ရှောင်ခံစားနေရရှာသည် ။

မောင်ဖွေးနဲ့ အတူနေနေသော်လည်း ဦးနုကိုသာ စိတ်ရောက်နေမည်ကို မောင်ထွေးဟသိနေသည် ။ မောင်ဖွေးကား အစားထိုးခံ ။ သူချစ်တဲ့သူ မရှိတော့ လို့ ငါ့ကို လက်ခံခဲ့တယ် ဆိုတဲ့အရာက စွန့်ပစ်ခံလိုက်ရသည်နှင့် မခြား ရှိနေတော့သည် ။

ငလုံးကတော့ ပြေလည်ရာ ပြေလည်ကြောင်း မုသားမပါ လင်္ကာမချော ဆိုသလို ဒေါ်ဖြူထံချဥ္းကပ်ပြီး မောင်ဖွေးကို ပြောစေချင်သည် ။ သို့သော် ဒေါ်ဖြူ ဦးနုအတွက် မလိမ်ညာနိုင် ။ ငလုံး ဝင်ဖြေရှင်းဖို့ လုပ်ကာမှ ပြေလည်နေသော သူများ လင်မယား ရန်ဖြစ်ရကိန်း ဆိုက်တော့မည် စိုးရိမ်ရသဖြင့် အသာလစ်လာရသည် ။

ထို့နောက် မှာတော့ ငလုံးတစ်ယောက် မောင်ဖွေး မျက်နှာရိပ်ကို ကြည့်ကာ စုပ်တသပ်သပ်ဖြင့် သာ တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားပါတော့သည် ။ ငလုံးကတော့ လက်မလျှော့ပေ မောင်ဖွေးခံစားချက်တွေ သက်သာဖို့ ကြံစည်နေရှာလေသည် ။ ငလုံးကလဲ အစအဆုံးဖတ်မိတဲ့သူရှိရင် အကြံစဥ္လေး ပါးခဲ့ဖို့ တောင်းဆို လိုက်ပါသေးတယ် ။ မန့်သွားကြပါဦး မောင်ဖွေးအတွက်ပေါ့ဗျာ ။

Phyoe Thant @domelay

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.033
BTC 64010.98
ETH 2791.72
USDT 1.00
SBD 2.65