ဘာဖြစ်လို့လား

in #myanmar5 years ago

မရေးဖြစ်တာလား မရေးချင်တာလား vote တွေဘဲနည်းလာလို့လား ဘာမန်းတော့ မသိ စာတော့ အရင်ကလို မရေးဖြစ်တော့ပါ ။ စာရေးခြင်းနှင့် ကျွန်တော်လဲ တစ်ဖြည်းဖြည်း ဝေးကွာလာသည် ။ boost တွေ အားကိုးမလို့ ဆိုပြီး သိပ်မကြာခင်ကလဲ steem 100 boost လိုက်သည် ။ သို့သော် ပြန်ရလာသည့် အမြတ်က 4 steem ပင်မပြည့် ။ ကိုယ့်လို ဖြစ်သလို ရေးနေသူကို vote သူကလဲ ရှားပါးသည် ။ boost ပြန်တော့လဲ အဆင်မပြေ ကျနေတဲ့ဈေးနဲ့ အသစ်ရလာတာတို့က အားလုံးကိုး ခြုံကြည့်လျှင် တစ်ဖြည်းဖြည်း နည်းသထက်နည်းလာသည် ။


.jpg
Image source

Steem သာ 5$ ဖြစ်ခဲ့ လျှင် ဆိုတာမျိုးကျတော့ အိပ်မက်ထဲတောင် ထည့်မမက်ရဲလာတော့ ။ steem အပြင် တစ်ခြားတစ်ခု မသိသော ကိုယ့်မှာ အားကိုးရာ တစ်ခုထဲလိုပင် ဖြစ်နေမိ၏ ။game များလဲ ပြောသလောက်မဟန် 10 steem ရဖို့ပင်မနည်း ။ SMT တွေ ထွက်လာရင် ဘယ်လိုဖြစ်လာဦးမည်ကိုတော့ မပြောတတ် ။ သိပ်ကြီးတော့ ထူးခြားလိမ့်မည် မထင်ပါ ။ SMT ဆိုသော သတင်းမှာ ကြာနေပြီ ဖြစ်သော်လည်း အစမတွေ့ရသေး ။ နီးစပ်လာပြီ လို့တော့ထင်ပါသည် ။ လောလော ဆယ် steem-engine ရှိနေတာပင် မထူးခြားသေးတာဆိုတော့ SMT ရောက်လာလျှင်လဲ ထို့အတူ ဆက်သွားမည်လားမသိ ။

ဟာ ဘာလိုလိုနဲ့ ရေးချင်စိတ်တွေ ပျောက်လာပြန်ပြီ ။ ဒီလောက်ပါဘဲ လက်လဲ ညှောင်းလာပြီ ။

@domelay

Sort:  

ဘာဖြစ်ဖြစ်ပေါ့ကွယ်... အနည်းဆုံးတော့ ရေးတင်လို့ ရသေးတယ်😁

Posted using Partiko Android

ကျွှန်တော်လဲ တစ်ခါတစ်လေ vote ပေးက်ေပဲလုပ်နေတာ comment တောင် မရေးဖြစ်ဖြစ်လာရော ကျေးဇူးပါ ။

အ့ာကြောင့် နင် ခုထိ မစွံသေးတာ ဆိုင်သလားတော့သိဘူးဝေ့ 😁

comment တွေ မြင်ရတော့ စာတွေ ဆက်ရေးချင်လာတယ် ကျွှန်တော်တော့ တစ်ခါတစ်လေ vote ဘဲလုပ်ပြီး မမန့်ဘူးဖြစ်နေရော ။

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64243.42
ETH 3152.93
USDT 1.00
SBD 4.28