အဆင်မပြေသော ထောင်ချောက်

in #myanmar6 years ago

အဆင်မပြေမှုတွေ ရက်လည်သွားခဲ့တယ်
ဒါပေမဲ့ အဆင်ပြေမှုတွေကတော့ မလည်ပတ်သေးပါဘူး ။
နွေမှာပူတယ် ဆောင်းမှာ အေးတယ်
နွေပြီးရင် မိုးတွေ ဆောင်းတွေလာတတ်တယ် ဆိုပေမဲ့လည်း
ကိုယ်က ရာသီဥတု မဟုတ်ပြန်ဘူးလေ ။
ရာသီဥတုတွေ ဖောက်ပြန်သတဲ့
သူတို့က တစ်ခါတစ်လေမှပါလေ ။


weather.jpg
Image source

အိပ်မက်တွေ အရှိန်အဟုန်နဲ့ ပြေးနေခဲ့တယ်
ဘယ်လောက်ပဲ အရှိန်များများ အိပ်ယာထချိန်မှာတော့
တန့်ကနဲ ရပ်သွားရတာဘဲလေ ။
အရှိန်ပေါ်ကနေ ပြုတ်ကျတဲ့ဒါဏ်လေးတော့
စိတ်ကူးလေးထဲ ကျန်ရစ်ထားတာပေါ့ ။
ကလေးတွေက အပူပင်ကင်းသတဲ့
ကလေးတစ်ယောက်ရဲ့ အပူကို ဘယ်သူသိမလဲ
တစ်ကယ်က သူတို့ကိုယ်တိုင်ကလေးဖြစ်ခဲ့ဖူးပြီးသားပါ
သူတို့တုန်းက မပူခဲ့ဖူးလို့ ထင်ပါရဲ့ ။

ကိုယ်ချင်းစာမှုက ဘယ်လိုလဲ
အသင်းမကွဲသေးတဲ့ ငှက်တစ်သိုက်
တစ်စာစာနဲ့ ရန်ဖြစ်နေကြတယ်
ဒါကိုလူတွေကကြားတော့ ငှက်ကလေးတွေ တေးဆိုကြတယ်တဲ့ ။
သူတို့အသံက လူတွေနားထဲ သာယာမှာကို ။


trap.png
Image source

သာယာသံတွေနဲ့ ထောင်ချောက်တွေထဲ ကျခဲ့ဖူးပြီ
မမှတ်နိုင်တာတော့ မတတ်နိုင် ။
ထောင်ချောက်ဆိုတာကလည်း သာယာစရာကောင်းတယ်လေ
ကိုယ့်ကိုယ် ဝင်ဖြစ်အောင် ဆွဲဆောင်နိုင်မှလဲ ထောင်ချောက် ဖြစ်ပေတော့မပေါ့ ။
တော်ပါပြီ ဆိုပြီး မဝင်ကြည့်ချင်လောက်တဲ့ သာမန်ထောင်ချောက်ကတော့ သားကောင်တွေ ဘယ်ရနိုင်မလဲ ။
သက်ရှိတွေဆိုတာကလည်း ရုန်းလေ နစ်လေ ရုန်းနစ်ကြီးကို ခင်တွယ်လိုလှတယ် မဟုတ်ဖူးလား ။
ကျွှန်တော် ထောင်ချောက်တွေ ခဏခဏ မိတာ မဆန်းလှပါဘူးလေ ။

အတိတ်ဆိုတာတွေကို ဆေးခြယ်ခဲ့ပြီးပြီ
မခိုင်ခန့်တဲ့ အညံ့စားလေးတွေနဲ့ပေါ့ ။
ဆေးရောင်တွေ လွှင့်ပြယ်နေပြီး ဘယ်သူမှ လှတယ်ပြောမှာမဟုတ်ပါဘူး
အနာဂတ်အတွက်တော့ ဆေးကောင်းကောင်းလေးတွေ ပြန်ခြယ်ရဦးမယ် ။
နောက်တစ်ချိန်တော့ ဆေးရောင်လှလှ လေးတွေ မျော်ငေးစရာ ကျန်မှကျန်ထားပါ့မလား ?

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ငှက်‌ခ‌လေး‌တွေရန်‌ဖြစ်‌‌နေတာ လူ‌တွေကြား‌တော့ ‌တေးဆို‌နေတယ်‌တဲ့၊ ‌ရေးတတ်‌ပါ့ကိုဒို။

ကျေးကျေးပါ ဦးဦး စိတ်ကူးတည့်ရာတွယ်နာ

တချို့ အိပ်မက်တေမက်ရင် မနိုးချင်ဘူးကွယ် မက်ဖူးလား😁

Posted using Partiko Android

အိပ်မက်က ပြန်မနိုးတော့မှာ ကြောက်တယ် ကျွှန်တော်က ။

ဟယ် - ဘယ်မုဆိုးမကထောင်ချောက်ဆင်ဖမ်းခံရပြန်တာလဲ ဒိုမီရယ် ☺

ဟာ ....
😂😂😂

ဘယ်နားဟာ သွားယဲဟင် ဥဥဒုန် ။ဒီရင် ဘတ် ဘယ်ဘက်ခြမ်းမှာ တော့လုပ်နက်နော် ။

မုဆိုးတွေက များနေတယ် ထောင်ချောက်တွေလဲ ပေါတယ် ။

ဒါ​တွေရှိရက်​သားနဲ့ဗျာ
ချလိုက်​စမ်းဘာ ​နောက်​တပုဒ်​​လောက်

အမငိ တစ်ပုဒ်တောင် မနည်း

အဆင်ပြေသလို နေလာခဲ့ရင်း အဆင်မပြေတော့ဘူး

Posted using Partiko Android

ဒီလိုပါဘဲ ဂျာ ။

ဒါကတော့ ဒီလိုရှိတယ်လေငဒို။သဘောပေါက်တယ်မဟုတ်လား

Posted using Partiko Android

ဟုတ် ဟုတ် ဟိုဟာက ဟိုလိုပေါ့ လေ ။

ဒါဆို ​ဆေး​ရောင်​ လှလှ ချယ်​ကြစို့ ကိုဒို 😊

Posted using Partiko Android

လှလှလေးနော်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62795.57
ETH 2581.60
USDT 1.00
SBD 2.74