အဆိပ်ပြုံး
မလှုတ်ယှက်တတ်တဲ့ ရေပြင်ထက်နားကနေ
အပြုံးလေးတစ်ပွင့် ဝဲပျံသွားတယ် ။
အို ပွက်ပွက်ဆူနေတဲ့ ရေပြင်ထက်ပိုဆိုးပြီး
လှိုင်းဂယက်တွေ တဝုန်းဝုန်း ဖြစ်ကုန်ပြီလေ ။
မလာနဲ့ မလာနဲ့ အဲ့ဒီလို အပြုံးလေးတစ်ခုကဘဲ
အေးစက်စွာသေဆုံးစေတတ်တာ သတိရပါ ။
တစ်ချက်ပြန်ကြည့်လိုက်တယ်
အဝေးရောက်သွားတဲ့ အပြုံးလေးတစ်စုံ
ဒီလို အပြုံးမျိုးလေးဘဲလေ သိပ်ကြောက်ဖို့ကောင်းတယ်
မရမက ရင်ကိုဆွဲပိတ်လိုက်တယ်
အထဲမှာတော့ နှလုံးသားလေး သောင်းကျန်းနေလေရဲ့ ။
Image source
MSC - 9
@domelay (အတွေးမျှင်လေးများ)
ဟိုက်!ဂေယ်ကြီးလား။သောင်းကျန်းနေရင်ွှတ်ပေးလိုက်။
မလွှတ်ရဲလို့ထိမ်းရသိမ်းရတယ်
ဒီလောက်သောင်းကျန်းနေတဲ့ကောင်ကို ဓားနဲ့ထိုးပလိုက်ကွာ
ငမ်း ဥဥ ဓါးစိုးကတော့ဆို
ဟမ်း .. မရမက ရင်ကိုဆွဲပိတ်ပလိုက်တယ်တဲ့😬
ဒါဘဲလေ