အမတ်ကြီး ပုံပြင်

in #myanmar6 years ago

ဇာတ်တော် အများတို့တွင် ဗာရာဏသီ ဆိုသည်ကိုတွေ့ရတတ်ပါသည် ။ အချို့ကလည်း ပြည်မသိ ဗာရာဏသီလို့ ဆိုကြပါတယ် ။ ထို့ကြောင့်ပင်ထင် ဗာရာဏသီဆိုသည်ကိုလည်း နေရာတစ်ကာတိုင်းတွင် တွေ့မြင်လာရပါသည် ။ နည်းနည်းကြီးလာတော့ ဇာတ်တွေကို ကိုယ်တိုင် ပြန်လည် ဖတ်ရှုရသည့် အခါ တစ်ချိှုှ့ ဗာရာဏသီတွေက အစစ်မဟုတ်ပဲ သူ့တိုင်းသူ့ အမည်အသီးသီး ရှိကြသော်လည်း လူအများ ပါးစပ်ဖျားတွင် ဗာရာဏသီ ဖြစ်သွားရရှာပါသည် ။ ပုံပြင်များ ဇာတ်လမ်းများကို ကလေးများကို ပြန်လည်ပြောပြမည့် အခါမျိုးတွင် ပြန်လည်ပြီး အချက်အလက်များ ရှာဖွေစုဆောင်းသင့်လှပေသည် ။ ဒါက ကျွန်တော့် အမြင်သက်သက် ဖြစ်ပါသည် ။



Image source

ကျွန်တော်ခုပြောချင်တာက တိုင်းပြည်ကြီး တစ်ပြည်ပေါ့ ။ အသစ်ပြောမည် ဆိုသော်လည်း ဗာရာဏသီပါရစေ ။ ထိုဗာရာဏသီတွင် နေထိုင်သူများထဲတွင် အခြား တိုင်းတစ်ပါးသို့ အထင်ကြီးနေသော အမတ်တစ်ယောက်သည်လည်း ရှိပါလေ၏ ။ သူကား ယခုနိုင်ငံတွင် အမတ်ဖြစ်နေသော်လည်း သူ၏ နိုင်ငံကား တိုးတက်မှု မရှိဟု ထင်မိလေသည် ။ ထို့ကြောင့် အခြားနိုင်ငံသို့ ၏ အလုပ်များကို သွားရောက်လုပ်ကိုင်ဖို့ ပြင်ဆင်တော့တာပေါ့ ။ သူ့တွင် တပည့် တစ်ဦးလည်း ရှိပါသေးသည် ။ သူ့တပည့် ဖြစ်သူမှာ ထိုအိမ်နီးချင်းနိုင်ငံမှ ပုံပြောဆရာ တစ်ဦး၏ သားဖြစ်ပြီး ဗာရာဏသီတွင် မွှေးဖွားသဖြင့် ထိုဗာရာဏသီ အမတ်ကြီး အိမ်တွင် အိမ်စောင့် စစ်သည် လုပ်နေရလေသည် ။


amat.jpg
Image source

ထိုသူမှာ တစ်ခြားတိုင်းပြည်မှ သူ့ဖခင်တော်စပ်သူမှ ပုံပြောအတတ်ကို သင်ပေးခြင်းဖြင့် ထိုတိုင်းပြည်တွင် ရာထူးတစ်ခုရထားလေပြီ ။ ထို့ပြင် သူ၏ ပုံပြော အတတ်ဖြင့် ဗာရာဏသီမှ လူများကိုလည်း ဆွဲဆောင်လေ့ရှိလေသည် ။ ဗာရာဏသီမှ ပညာရှိများကတော့ မယုံကြည်ပေ ။ ဗာရာဏသီမှ မင်းကြီးနှင့် ပညာရှိအပေါင်းကတော့ လူမိုက်များ တိုင်းပြည်ထဲ မရှိလေကောင်းလေ သဘောထားကာ တိတ်တဆိတ်ပင် နေလေသည် ။ ထိုအမတ်၏ အိမ်စောင့် စစ်သည်မှာတော့ ပုံပြောရင်း လူစုရင်း တစ်ဖက်တိုင်းပြည်တွင် နေရာကောင်းကောင်းရထားလေပြီ ။ နောက်လိုက် လူမိုက် အင်အားလဲ များပြားလာလေပြီ ။

သူ၏ အမတ်ကြီး ကိုစည်းရုံးနိုင်ခြင်းက အတော်အောင်မြင်သော ကိစ္စ ဖြစ်နေလေသည် ။ စစပိုင်းတွင် အမတ်ကြီးတို့မှာ နှစ်ဖက်ခွထားသော်လည်း တစ်ဖြည်းဖြည်းနှင့် အခြားနိုင်ငံထဲသို့ ခြေစုံပစ်ဝင်ကာ ဗာရာဏသီကို ပုံကန်ကြလေတော့သည် ။ သို့သော် သူတို့ ထင်ထားသလို ဗာရာဏသီကို အောင်နိုင်ခြင်းမရှိကြပေ ။ အိမ်စောင့်စစ်သည်မှာတော့ တစ်ဖက်နိုင်ငံတွင်ကောင်းစားသော်လည်း ဗာရာဏသီတွင် အိမ်စောင့် စစ်သည် လုပ်ရသည်လောက် အဆင်မပြေ သော်လည်း သူ့မှာ ရာထူးကြီးကာ အမတ်တစ်ယောက် ဖြစ်နေလေပြီ ။ ယခင် ဗာရာဏသီ အမတ်မှာတော့ သူ အထင်ကြီးသော တိုင်းတစ်ပါးတွင် သူ၏ ယခင် အိမ်စောင့် စစ်သည်ဖြစ်ခဲ့သူ ထံ၌ တစ်သက်တာ ကျွန်ခံ၍ နေသွားရလေတော့သတည်း ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

‌သြော်‌ ‌ပြောင်းလဲမှုကို လိုချင်‌လို့ ဖြစ်‌မှာပါ။

ပြောင်းလဲ ခြင်း က အကောင်းနဲ့အဆိုးရှိတာဆိုတော့ အကောင်းဖြစ်ဖို့ လိုအပ်ပါသေးတယ် ။ နော့လေ ဥဥ ။

တခါတလေ အပြောင်းအလဲပ

တစ်ခါတစ်လေတော့လည်း ။

ဟိုက် ပြောင်းပြန်ဖိဝါးလား😁

Posted using Partiko Android

ပြောင်းပြန်မှာ အီမတ်ကြီးဟောင်းကဘွပိုဆိုးဝါးစလိုဘဲ့ ။

သဗ္ဗေသတ္တာ ကမ္မ သကာ ဆိုလားဘဲ

ကောင်မတစ်ကာဆွင်တော့ ကြိုက်သလိုဘဲ ဟီး ။

ဆက်ရန်ရှိသေးလား ဦးတို 😁

Posted using Partiko Android

ရှိတော့ဘု ဦးစော ။

တွေးစရာလေးများလားလို့

Posted using Partiko Android

တွေးစရာလေးများလားလို့

Posted using Partiko Android

တွေးစရာလေးများလားလို့

Posted using Partiko Android

ဟုတ်ကဲ့ပါ ခု လို တစ်ယောက်ထဲ comment တွေ အများကြီးပေးသွားတဲ့ အတွက် ကျေးဇူးပါဗျာ နောက်လဲ လာရောက်အားပေးပါဦးလို့ ။

😊😊😊

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63188.04
ETH 2570.49
USDT 1.00
SBD 2.79