အလုပ်ကြိုးစားသော.. . .

in #myanmar6 years ago (edited)

တစ်ခါက ဂွေးမြင်ကုန်းရွှာကလေးတွင် ပန်းရန်ဆရာ ချက်ကြီး ဆိုသော သူတစ်ယောက်ရှိခဲ့ဖူးသည် ။ သူသည်ရွှာတွင် နာမည် အတော်ရပြီး အခြား တစ်ရပ် တစ်ရွှာမှ ပန်းရန်လုပ်လိုသူများသည်လည်း သူ့ထံတွင် လာရောက်လုပ်ကိုင် ကြသည်များလည်းရှိလေသည် ။ ချက်ကြီး ဆောက်လုပ်ခဲ့သော အဆောက်အဦးများတွင် မယုံနိုင်လောက်အောင် လျှင်မြန်စွာ အပြီးသတ်နိုင်ခဲ့သည့် အဆောက်အဦးတစ်ခု ရှိလေသည် ။ ပြောလျှင်ယုံနိုင်ရန် ခက်ခဲလှသော်လည်း ထိုရက်ပိုင်း အတွင်း ပြီးသွားသော အဆောက်အဦးမှာ ဂွေးမြင်ကုန်းရွှာကလေးတွင် အထင်းသားရှိလေသည် ။


constructing-bricklaying-masonry-ligation-2931.jpg
Image source

ချက်ကြီးတို့ အဖွဲ့မှာ အလုပ်လက်ခံပြီး မကြာမီ ငြမ်းဆင်ရင်းမှာပင် အဝေးတစ်နေရာမှ လာရောက်လုပ်ကိုင်ကြသော သားအဖနှစ်ယောက်မှာ နှစ်ဦးလုံးပင် တစ်ချီတည်း ခြေချော်ကာ ပြုတ်ကျလေသည် ။ အဖေဖြစ်သူ ပြုတ်ကျသည်ကို သားဖြစ်သူမှ လှမ်းဆွဲရင်း နှစ်ဦးလုံး ပြုတ်ကျခြင်းဖြစ်လေသည် ။ အောက်မရောက်မီ ထောင်လျှက်ရှိသော ဝါးငုတ်ချွှန်များထဲမှ တစ်ခုဖြင့် သားအဖ နှစ်ဦးလုံးအား ထိုးစိုက်မိပြီး နှစ်ဦးလုံးပင် အသက်ဆုံးရှုံးခဲ့ရရှာလေတော့သည် ။


download.jpg
Image source

ထို့နေ့ညတွင်ဘဲ သူတို့ပန်းရန် လုပ်ရာ အိမ်ကြီးတွင် ပန်းရန်လုပ်သံများ အင်္ဂတေ ဖျော်စပ်သံများ ကြယ်လောင်စွာ ကြားနေရလေတော့သည် ။ ထိုသို့ကြားရပြီးချိန်တွင် ထူးဆန်းစွာ အလုပ်များပင် ပြီးစီးနေလေသည် ။ နောက်တစ်ရက်တွင် ဘိလပ်မြေများ အုပ်များ များစွာ ထားပေးပြီး စောင့်ကြည့်ကြသည် ။ လူစောင့်ကြည့်နေချိန်တွင် မည်သည့်အရာမှ မမြင်ရ မကြားရသော်လည်း လူများ ဝေးသွားပါက အသံများ စတင် ကြားရလေသည် ။ ပြန်လည်ကြည့်ကြရာတွင် အုပ်များ သဲများ လက်ရာပျက်နေသည်ကို တွေ့ရလေသည် ။ သို့သော် အသံလဲမကြားတော့သလို မည်သည့်အရာမှလဲ မတွေ့ကြရပေ ။

ထိုသို့ဖြင့် နေ့ခင်း ချက်ကြီးတို့ အဖွဲ့ တစ်ဖွဲ့လုံး အလုပ်လုပ်ကြသည်ထက်ပင် နံနက်ခင်းအချိန်တွင် မယုံနိုင်လောက်အောင် များစွာ ပြီးစီးနေလေသည် ။ ထိုသို့ဖြင့် ခြောက်ရက်မြောက်နေ့တွင် နှစ်ထပ်အိမ်တစ်လုံးမှာ ပြီးစီးသွားခဲ့ပြီ ဖြစ်လေသည် ။ ခွန်နှစ်ရက်မြောက်မှာတော့ ချက်ကြီးတို့အဖွဲ့မှ ထိုသားအဖအတွက် ရက်လည်ဆွမ်း ပြုလုပ်ပေးကြလေသည် ။ ထို့နောက်တွင်တော့ ထိုအိမ်ထဲတွင်ရော သူတို့ပန်းရန် လုပ်ရာ နေရာများတွင်ပါ နောက်ပိုင်း မည်သည့်အရာမှ မကြားရဘဲ ယခုထက်တိုင် အားလုံးပုံမှန် အတိုင်းသာ ဖြစ်လေသည် ။ ထို အချိန်ခဏနှင့်ပြီးစီးခဲ့သော အိမ်ကြီးမှာတော့ အားလုံးအတွက် အမှတ်တရသဖွယ် ကျန်ရစ်နေလေသည် ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

အံ့သြစရာ

ဟီးဟီး

ထူးဆန်းထွေပြား ဂွေးမြင်ကုန်းရွာသားများ ပေတကား

ဂွေးမြင်ကုန်းသားများ အဲ့ဒီလိုပါဆို

တဂယ်​လား အဟုတ်​လား ဘာလား 😁😁

ထင်ချင်သလိုသာ ထင်ပါတော့ကွယ် ။

ငမ်း 😟အာ့ တကယ်ကြီးလား

အဲ့ဒီလိုပါဘဲလေ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63878.47
ETH 2625.83
USDT 1.00
SBD 2.79