airdrop hunter ဖြစ်လိုက်ချင်

in #myanmar6 years ago

treasure hunter ဇာတ်ကားများအား ကြည့်လိုက်လျှင် တစ်ချီထဲနှင့် အသဲယားဖွယ် ကောင်းလောက်သော ရတနာများကို တွေ့မြင်ကြမည် ထင်ပါသည် ။ ထိုသို့ များပြားလှသော ရတနာများသိုက်များအား အလွယ်တကူ တွေ့မြင်ပြီး မတော်တဆ ရရှိသူတို့မှာ အလွန်ရှားပါးလိမ့်မည် ထင်ပါသည် ။ ထိုသို့ ရတနာရှာဖွေသော ဇာတ်လမ်းများတွင် ကြိုးစားမှု အမျိုးမျိုးတို့ဖြင့် အပြိုင်အဆိုင် အားထုတ်ကြသည်ကို တွေ့မြင်နိုင်ပါသည် ။


treasure-hunter.jpg
Image source

ထို့အတူ ယနေ့ခေတ် အခါတွင် airdrop များအား လိုက်ရှာကြသူများ များစွာတွေ့ရှိနိုင်ပါသည် ။ ထိုသူများအား airdrop hunter ဟူ၍ ဆိုရမည်လား မသိပါ ။ airdrop hunter ဟုခေါ်ကောင်းသည်ကို ခေါ်လိုက်ပေမဲ့ airdrop တစ်ခု ထဲတော့မဟုတ် အခြား ရနိုင်သမျှသော အရာတို့ ပါဝင်လေသည် ။ အများစုမှာ cryptocurrency များဖြစ်နေသည့်အတွက် crypto hunter ခေါ်လျှင် ပိုအဆင်ပြေမည်လား မသိပါ ။ သို့သော် ထိုသူများသည်လည်း ရတနာ မုဆိုးများကဲ့သို့ပင် အားကြိုးမာန်တက် လိုက်ယူကြရပါသည် ။


download.jpeg
Image source

ကိုယ်တိုင် မလုပ်နိုင်သဖြင့် ဘာမှ သိပ်မရသော်လည်း airdrop hunter များကို အားကျမိပါသည် ။ အကောင့် တစ်ကောင့်နှစ်ကောင့်ပင် မနည်းဖွင့်ရသော ကျွှန်တော့်မှာ အကောင့်ပေါင်း ရာချီဖွင့်နိုင်သော ထိုသူတို့အား အလွန်မှ လေးစားမိလေသည် ။ အချို့သော အရာများမှာ မရသော်လည်း ရာထောင်ချီသော အကောင့်များပြုလုပ်ထားသော အရာ တစ်ခု ရရှိခဲ့ပါက ရတနာမုဆိုး များလိုပင် များစွာ ရရှိနိုင်ပါသတဲ့ ။

ကိုယ်တိုင်ထိုသို့မလုပ်နိုင်သေးသော်လည်း တစ်ချိန်ချိန်မှာဖြင့် ထိုသို့သော ဂိုဏ်းဝင် မဖြစ်နိုင်တောင် airdrop hunter သေးသေးလေး တစ်ယောက် ဖြစ်နိုင်အောင်တော့ ကြိုးစားရဦးမည် ။ ခုတော့ ဘာအကောင့်မှ မလုပ်သေးဘူး ။ နောက်များ ဖြစ်နိုင်အောင် ကြိုးစားဦးမည် ပြောတာပါ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

ဟာ ဆာဟန်တာ 😛

ဖုန်းတော့ ဟန်းနေတာဘဲ တားလို့ကိုးမရဘူး ။

airdrop hunter လေးဖြစ်ချင်တယ်ပေါ့။ Ro တယ်ကွယ် 😜

Posted using Partiko Android

ဟုစ်ဟုစ် ဟန်းတားမယ် ။

ဟာ..hunterဂျီး😁😁မမလဲ နဲနဲပေးဘာ😁

တူတူ ဟမ်းပြီး တားကြတာပေါ့ ။

No No
You should be a love hunter

very romantic .

အစ်ကို hunter လုပ်ရင် မုဆိုးလက်ထောက်လေးခေါ်ပါလားဗျာ။

ခုထိ မဟန်းတားနိုင်သေးပါဘူးဂျာ ။

ဟာ😲😲😲😲

မိမိမှာ ဘာမှနားမလည်သောအခါ 😁😁

ကျွှန်တော်လဲ လည်သေးဘု

ချ ချ... အားပေးတယ်😁

ဟုစ်ဟုစ်

နာတို့ကတော့ မဖြစ်ချင်တော့ဘူး

Posted using Partiko Android

ဘာဖိယို့ယဲငင်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63342.09
ETH 2658.68
USDT 1.00
SBD 2.81