အတွေးနွမ်းခြောက်

in #myanmar7 years ago (edited)

ရေးစရာရယ် တွေးရှာမရလေတော့ အတွေးကမ္ဘာထဲမယ် ဝေ့ကာလည် ဝေ့လည်ဝေ့လည်နဲ့ steemit ကလေးဖွင့်လို့ ယောင်လည်လည် ။ ယောင်လည်လည် နဲ့ဆက်ကာဖြင့် facebook ထဲ ရှောက်လို့လည် ဘာမှ မထူးပါဘူးကွယ် ယောင်လည်လည် ။ vote ပေးမလို့ တွေးဆပြန်တော့ power ကကျ အော် ဘဝရယ် sp နည်းသူမို့ ဂွကျပါတယ်လေ ။ ညကျမှ vote ပါတော့မယ်ဆိုကာတဖန် page ရယ်ပိတ် တစ်ရေးရယ်ပြန်အိပ်ဖို့ network တွေပိတ် မျက်စိမှိတ် ။ အိပ်လို့မပျော်နိုင်ပြန်တော့ စိတ်ထဲ အတွေးတစ်ချို့ရယ်နဲ့ online ထဲပြန်ရောက်ပြန်တယ် steemit ရယ် ဘယ်လိုရှိပါစ ။ စာမရေးတတ်တဲ့ကျွှန်တော် စာတွေရေးလာမိတာ အတော်တောင်များနေပြီဘဲ အစတုန်းက တစ်ကြောင်းမတတ် အကြောင်းမစပ်ရာက ခုကခါ တွေးမိတွေးရာ ရေးလာတတ်ပြီလေ နောက်ထပ် အတွေးလေးဘဲလိုနေတာပါ ။ steemit ဆိုတဲ့ ကမ္ဘာကြီးထဲမှာ Myanmar ဆိုသူတွေစုထားတဲ့ ရွှာကလေးမှာတော့ ဖေးမရှာပါတယ်လေ ။ ကိုယ်ဟာ ဘာမှမစွမ်းပေမဲ့ steemit ရွှေရောင်လမ်းကို အတူတူ ရောက်နိုင်ဖို့ ထမ်းပေးကြရှာတယ် ။

image

အို စာပေချစ်သူ ပညာရှင်အပေါင်းတို့ရယ် steemit အကြောင်းကို သိကြပါရဲ့လား ။ တစ်ချို့ကလည်း အရမများလေတော့ ဝင်လာဖို့နေနေသာသာ ရေးထားတဲ့စာတွေနဲ့ ငွေရှာရာ အရနည်းတယ်လို့ ထင်ကြလို့နေမှာပါရဲ့ ။ ငွေကြေးရှင် ဓနကြီးသူတို့ ဘဝင်မှာအထင်ရောက်စေတာကတော့ steem ဟာနည်းပါတယ်ပေါ့ ။ ဈေးကျတာနဲ့ post တွေ မမြင်ရတာလဲ ကြာပြီလေ ။ ကိုယ့်လို မျက်နှာငယ် ငွေရယ်မကြွှယ်ဝ အလုပ်ရယ် မယ်မယ်ရရမရှိသူအဖို့တော့ အလုပ်ကြမ်းကူလီ တစ်ခါထမ်းလိုက်ရင်ဖြင့် ချွှေးတိတ်ဖို့ အမောပြေအောင် တစ်ခါတစ်လေ ထောင်တန်လေးနဲ့တောင် ယက်မခတ်နိုင်ပါဘူး ။ ဒီအတွက် steemit ကတော့ အတွေးကလေးနဲ့ စိတ်ကူးလျံရင် vote တွေပြန်ရသေးတယ်လေ ။ steem တွေကလည်း ရေတွက်လို့ ငွေထွက်လာရင် နေထွက်ချိန်ကစ လုပ်ရတာထက် သာနေပြန်ရော ။

image

ပထမဆုံးထိုးဖောက်ဖို့ရာဆိုတာ အရာရာ ခက်ခဲပါတယ်ဆိုတာ အားလုံးလဲသိကြမှာပါ ။သိကြတာပေမဲ့ အဖော်မပါတစ်ကိုယ်တည်းရယ်နဲ့ ကိုယ်ဟင်ဆိုတာတောင် တစ်ယောက်ထဲ ဖောက်သွားခဲ့ပြီလေ ။ သူရောက်နေတဲ့လမ်းဖြစ်တာကြောင့် ကျွှန်တော်တို့ လျှောက်ဖို့အနည်းငယ်လွယ်ပါပြီ ။ နောင်ခါလူအများ ပိုမိုကာ အခက်မပွားရအောင်သာ ကြံဆောင်ကာ ဆက်သွားကြရင်း နောင်းလူတို့ အဆင်ပြေဖို့ လမ်းပြင်ရင်း ကျွှန်တော်တို့ ရှေ့ဆက်နေပါတယ် ။ ကူညီ လမ်းရှင်းလိုတယ်ဆိုပါက steemit.com မှာ account လေးလုပ်လို့ လှမ်းခဲ့ပါတော့လေ ။ MSC ဆိုတဲ့ အဖွဲ့ကြီးကလည်း လက်ကမ်းလို့ ကြိုနေပါတယ် ။ စာပေလမ်းကလေးမှာလျှောက်ရင်း steem ပန်းလေးတွေ အတူတူကောက်ကြရအောင်ဗျာ ။

MSC . 9

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

ဖတ်​လို့​ကောင်းပါ၏။

ကျေးဇူးပါဗျာ

အို... ဘာတဲ့ ငါ့တို့ရဲ့ကိုချစ်​​လေး ကြိုးစား
လိုက်​စမ်းပါအုံးလို့...။

ကြိုးတော့ စားနေပါတစ် အသစ် ဘာရေးရမလဲ စဉ်းစားမရတာလေးပါဘဲဗျာ

မင်းတို့ကြိုးစားကြတာကိစ္စမရှိ င့ါအုန်းဆံကြိုးတော့ပြောင်ပါပြီ။

တားက သားရေကြိုးဘဲစားမာ

ရေးစရာက မရှိသလောက်ဖြစ်နေတယ်ဗျာ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63294.77
ETH 2638.69
USDT 1.00
SBD 2.70