Myouk Oo ( Ancient City of Myanmar)

in #myanmar7 years ago

မြောက်ဦးမြို့ (ရခိုင်ပြည်နယ်)

image

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် က မြောက်ဦးမြို့ ရဲ့ ဓါတ်ပုံတွေပါ လမ်းပန်းဆက်သွယ်ရေး အနည်းငယ် ခက်ခဲ့နေသေးသလို အနည်းငယ်ဝေးလံပါတယ်. ပုဂံ ကဲ့ သို့ သွားရောက် လည်ပတ်သူ အများအပြားမရှိ လှသော်လည်း နိုင်ငံခြားသား အတော်များများ က တော့ မရောက်ရောက်အောင် သွားရောက် လည်ပတ်တယ်လို့ သိရှိရပါတယ် မြန်မာနိုင်ငံ ရဲ့ ရှေးဟောင်း စေတီပုထိုး အများအပြား တွေ့ ရှိနိုင်တဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်.ဟော်တယ် ဇုံ ရှိပေမယ့်လည်း အရမ်းကောင်းလွန်းတဲ့ အဆင့်မီ ဟော်တယ် ကြီးများတော့ မရှိသေးပါဘူး.မြောက်ဦးမြို့ ရဲ့ စေတီပုထိုးများမှာ အတော်ရှေးကျတဲ့ အနုပညာ လက်ရာ များကို တွေ့ရှိရမှာ ဖြစ်ပြီး ပုဂံရှိ ဘုရားများ နှင့် မတူကွဲပြားတဲ့ လက်ရာ များကို တွေ့ရှိရမှာပါ.

image
image

မြောက်ဦးမြို့ဟောင်း သောင်းပုထိုးနှစ်ဆူ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မောင်သာ(ရှေးဟောင်းသုတေသန)

ကွယ်လွန်သူ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းပြောကြားခဲ့သည့်”''သမိုင်းကို မအအောင်သင်ရတယ်'' ဟူသည့်စကားသည် မြန်မာနိုင်ငံသမိုင်းသုတေသီများနှင့် ဝါသနာရှင်များအကြား အလွန်ထင်ရှားသည့် စကားတစ်ခွန်းဖြစ်ခဲ့သည်။

မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုကိုတန်ဖိုးထား စိတ်ဝင်စားသူများ တက်ရောက် နိုင်ရန် ရန်ကုန်တက္ကသိုလ်သမိုင်းဌာနတွင် မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှု ဘွဲ့လွန် ဒီပလိုမာတစ်နှစ်သင်တန်းကို ၂ဝ၁၅ -၂ဝ၁၆ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ပို့ချ ခဲ့သည်။ သင်တန်းအပတ်စဉ် (၁) တွင် ဘွဲ့ရလူငယ်များနှင့်အတူ ပါမောက္ခ၊ ဆရာ ဝန်၊ အင်ဂျင်နီယာ၊ ရဲမှူး၊ စာရေးဆရာ၊ ဂျာနယ်သမား၊ ဧည့်လမ်းညွှန်၊ ရှေ့နေစသည် ဖြင့် နယ်ပယ်ပေါင်းစုံမှ စိတ်ဝင်စားသူများလာရောက် တက်ရောက်ခဲ့ကြရာ ကျွန်တော်လည်း တစ်ယောက် အပါအဝင်ဖြစ်ခဲ့ပါ၏။

သင်တန်းကာလ တစ်နှစ်အတွင်း သမိုင်းပညာရှင်များဖြစ်ကြသည့် ဒေါက်တာ ခင်မောင်ညွန့်၊ ဒေါက်တာကျော်ဝင်း၊ ဦးသန်းလွင်နှင့် ဒေါက်တာမာဂရက်ဝေါင်း တို့က သမိုင်းဖြစ်ရပ်များနှင့် သမိုင်းဘာသာရပ်၏ အနှစ်သာရများကို ခေတ်အတွေး အမြင်ဖြင့် ရှုမြင်သုံးသပ်ပြီး မြန်မာ့သမိုင်းနှင့်ယဉ်ကျေးမှု၏ ထူးခြားသည့်အသွင် လက္ခဏာများကို ပို့ချပေးခဲ့ကြသည်။သင်တန်းကာလအတွင်း သမိုင်းပညာ ရှင် ဒေါက်တာတိုးလှနှင့် ဒေါက်တာမြင့်သိန်းအပါအဝင် ပြည်တွင်းပြည်ပ ပညာရှင်များ၏ ဟောပြောပို့ချမှုများကို မှတ်သားခွင့်ရရှိခဲ့သည်။ လက်တွေ့ ကွင်းဆင်းခရီးစဉ်များ အဖြစ် မွန်ပြည်နယ် ဂဝံယဉ်ကျေးမှုဒေသများနှင့် ရခိုင်မြို့ဟောင်း မြောက်ဦးသို့ သွားရောက်လေ့လာခဲ့ကြပါသည်။

မြောက်ဦးသို့


မြောက်ဦးမြို့သည် ရခိုင်မြို့ပြယဉ်ကျေးမှု အနုလက်ရာများစုစည်းတည်ရှိနေပြီး ဘာသာရေးဆိုင်ရာ စေတီပုထိုးများ၊ နန်းတော်ကုန်း၊ ပိဋကတ်တိုက်၊ သိမ်၊ မြို့ရိုး၊ တံတိုင်း၊ ကျုံးများအား ယနေ့တိုင် မြင်တွေ့နိုင်သဖြင့် ပြည်တွင်းပြည်ပသုတေသီများ စိတ်ဝင်စားကြသည့် နေရာတစ်ခုဖြစ်လာခဲ့သည်။

စစ်တွေမြို့မှ အရှေ့မြောက်သို့ မိုင် ၅ဝ၊ ကုလားတန်မြစ်မှအရှေ့ဘက်သို့ ၆ ဒသမ ၈ မိုင်ကွာဝေးပြီး ကုလားတန်မြစ်နှင့် လေးမြို့မြစ်ဆုံအနီးတွင် တည်ရှိနေသည့် မြောက်ဦးသို့ စစ်တွေမြို့မှ ကုန်းလမ်းနှင့်ရေလမ်း နှစ်ခုလုံးဖြင့် သွား ရောက်နိုင် သည်။ မြောက်ဦးမြို့သည် မြစ်ချောင်းများရစ်ဝိုင်းနေကာ မြို့၏မြောက်ဘက်နှင့် တောင်ဘက်တွင် တောင်တန်းများဝိုင်းရံနေသည်။မြောက်ဦးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၆ဝဝ နီးပါးက ရှေးရခိုင်မင်းများနန်းစိုက်ရာ မြို့တော်ဖြစ်ခဲ့ပြီး မြောက်ဦးကို မြို့ဟောင်းဟုလည်း ခေါ်ကြသည်။

ပဲဖြူမင်းသည် မြောက်ဦးကို ရခိုင်မင်းနေပြည်တော်အဖြစ် ထူထောင်ခဲ့ ကာ မြန်မာသက္ကရာဇ် ၃၃၈ ခုနှစ်မှ ၃၅၆ ခုနှစ်အထိ ထီးနန်းစိုးစံခဲ့ပြီး မင်းစောမွန်က သက္ကရာဇ် ၇၆၆ ခုနှစ်တွင် ရခိုင်ထီးနန်းကိုစံမြန်းခဲ့သည်။

သက္ကရာဇ် ၇၆၈ ခုနှစ်တွင် မင်းစောမွန်သည် နန်းကိုစွန့်ကာ အနောက် ဘက်ဒေသသို့ တိမ်းရှောင်ခဲ့ရကာ သူရတန် မင်း၏အကူအညီဖြင့် ထီးနန်းကိုပြန်လည်ရရှိခဲ့ပြီးနောက် မြန်မာသက္ကရာဇ် ၇၉၂ ခုနှစ် နတ်တော်လဆန်းတစ်ရက်တွင် မြောက်ဦးမြို့သစ်ကို တည်ထောင်ခဲ့သည်။
မင်းစောမွန်ကိုဆက်ခံခဲ့သော ညီတော်နရနုမင်းနှင့်သားတော်ဘစောဖြူမင်း တို့က မြောက်ဦးကို ဆက်လက်တိုးချဲ့ တည်ထောင်ခဲ့ကြသည်။မင်းစောမွန် လက်ထက်တွင် အုတ်ဖြင့်တည်ဆောက်ခဲ့သည့်နန်းတော်ကို မင်းဗာကြီး လက်ထက် တွင် ကျောက်များဖြင့်ပြုပြင်ဆောက်လုပ်ခဲ့သဖြင့် ''စောမွန်ပြုပြင်၊ မင်းဗာတည်ကေ၊ ရွှေမြောက်ဦး''ဟု အဆိုရှိခဲ့သည်။ မင်းဗာကြီးနောက် တွင်စိုးစံခဲ့သည့် မင်းဖလောင်း၊ မင်းရာဇာကြီး၊ မင်းခမောင်၊ မင်းဟရီတို့က ဆက်လက်တည်ထောင်တိုးချဲ့ခဲ့ကြ သဖြင့် မြောက်ဦးသည် ကျယ်ပြန့်စည်ပင်လာခဲ့ပေသည်။

မြောက်ဦးကို ပဲဖြူမင်းက ကနဦးတည်ထောင်ခဲ့သော်လည်း မင်းစောမွန်ကို ပထမတည်ထောင်သူအဖြစ် မှတ်တမ်းပြုခဲ့ကြသည်။ မြောက်ဦးတွင် မင်းစောမွန် မှစ၍ မင်း ၁၂ ပါး စိုးစံခဲ့ကာ မင်းခေါင်ရာဇာလက်ထက်တွင် မြောက်ဦးသည် တိုးတက် စည်ပင်လာခဲ့သည်။မင်းခေါင်ရာဇာ၏ သားဖြစ်သူ မင်းဗာကြီးသည် သက္ကရာဇ် ၈၉၃ ခုနှစ် (ခရစ်နှစ် ၁၅၃၁ ခုနှစ်) တွင် နန်းတက်ခဲ့ပြီး မြောက်ဦးကို ခမ်းနားစွာ ထူ ထောင်ခဲ့ပြန်သည်။

ရခိုင်ဘုရင်အဆက်ဆက်တည်ထောင်ပြုပြင်ခဲ့သည့် မြောက်ဦး သည် ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးနေသည့် မြို့တော်တစ်ခုဖြစ်လာခဲ့ သည်။ မြောက်ဦးဒေသရှိ စေတီပုထိုးအရေအတွက်ကို”''သဇင်ပန်းခိုင်၊ တမြိုင်မြိုင်၊ ရခိုင် ဘုရားပေါင်း''ဟု စာချိုးဖြင့် မှတ်သားခဲ့ကြသည်။

ရှေးဟောင်း သုတေသနဦးစီးဌာန၏ ၂ဝဝ၄-၂ဝဝ၅ ဘဏ္ဍာရေးနှစ် စာရင်း များအရ မြောက်ဦးဒေသတွင် စေတီ၊ ပုထိုး၊ ဘုရား၊ ပိဋကတ်တိုက်၊ သိမ် အစရှိသည့် ရှေးဟောင်း အဆောက်အအုံ ၃၇၅ ခု ရှိသည်။ ယင်းတို့အနက် သျှစ်သောင်းပုထိုး တော်၊ ကိုးသောင်း ပုထိုးတော်၊ ထုက္ကံသိမ်ပုထိုးတော်၊ အံတော်သိမ်ပုထိုးတော်၊ မင်းရာဇာစေတီတို့သည် သာသနာရေးဆိုင်ရာ အလွန်ထင်ရှားသော အဆောက်အအုံ များဖြစ်ကြသည်။

ကိုးသောင်းပုထိုးတော်ကြီး


ကျောက်အုတ်များဖြင့် တည်ဆောက်ထားသည့် ကိုးသောင်းပုထိုးတော်ကြီး သည်မြောက်ဦးရှိစေတီပုထိုးများအနက်ထုထည် အကြီးမားဆုံး ဖြစ်ကာ ခရစ်နှစ် ၁၅၅၃ ခုနှစ်တွင် မင်းတိက္ခာက ခြောက်လအတွင်း တည်ဆောက်ခဲ့သည်ဟု အဆို ရှိသည်။ ဓာတ်တော်မွေတော်ပေါင်း ၉ဝဝဝဝ ဌာပနာပြုထားသဖြင့် ကိုးသောင်း ပုထိုးဟု ဘွဲ့မည်တွင်ခဲ့သည်။

မင်းတိက္ခသည် ခရစ်နှစ် ၁၅၅၃ ခုနှစ်တွင် ဘုရင်ဖြစ်လာခဲ့ပြီး နန်းတက်ချိန်တွင် ကျန်းမာရေးမကောင်းသဖြင့် ကိုးနဝင်းကျေပုထိုးတော်ကြီးကို တည်ဆောက် ခဲ့ သောကြောင့် ''သက်ရှည်ကျန်းမာ၊ ကိုးသောင်းပုထိုးတော်''ဟု ပြောစမှတ် ရှိခဲ့သည်။ ဖခင်ဖြစ်သူ မင်းဗာကြီးက သျှစ်သောင်းပုထိုးကို တည်ခဲ့ပြီး သားဖြစ်သူ မင်းတိက္ခာက ကိုးသောင်းပုထိုးကိုတည်ထားခဲ့ရာ နှစ်ဆူလုံးသည် အလွန်ထင်ရှားကြပေသည်။

ကိုးသောင်းပုထိုးတော်ကြီး၏ စတုရန်းပုံပန္နက်သည် အနားတစ်ဖက်လျှင် ၇၇ မီတာ (၂၅၂ ဒသမ ၅ပေ) ရှည်လျား၍ ပစ္စယာငါးဆင့်ခံထားသည့် လိုဏ်ပတ် လမ်း နှစ်ထပ်ရှိသည်။ ဘုရားရင်ပြင်ပေါ်သို့ အရှေ့ဘက်ကျောက်လှေကားမှ သာ တက်ရောက်နိုင်ပြီး အထစ်ကိုးထစ်၊ အကျယ် ၁၅ ပေရှိသည်။

ကျန်သုံးဘက်တွင် လှေကားမရှိဘဲ ကျောက်တုံးများဆင့်၍ ပိတ်ထားသည်။ ပုထိုးတော်ကြီး၏ အောက်ခံ ခုံလုံးသည် အနားတစ်ဖက်လျှင် ပေ ၂၅ဝ ရှည်လျားကာ ရင်ပြင်အလယ်တွင် စေတီ တော်ကြီးတစ်ဆူရှိပြီး ပစ္စယာ ငါးဆင့်ပေါ်တွင် စေတီငယ်များကို တည်ထားသည်။

အရံစေတီငယ်များ သည် အရှေ့မျက်နှာစာတွင် ၂ဝ၆ ဆူ၊ အနောက် ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်မျက်နှာစာတွင် ၃၄၅ ဆူ စီရှိကာ စုစုပေါင်း ၁၂၄၁ ဆူဖြစ်သည်။

ရှေးဟောင်းသုတေသန ဦးစီးဌာနက စေတီတော်ကြီးတွင် အမိုးရှိခဲ့ဟန် တူ ကြောင်း သုံးသပ်ခဲ့သည်။ တူးဖော်ရေးလုပ်ငန်းများဆောင်ရွက် ခဲ့စဉ်က စေတီတော် ကြီး၏ အောက်ခြေရင်ပြင်မှ ထီးတော်ဘုံဆင့် အကျိုးအပဲ့များကို တွေ့ရှိခဲ့ပြီး ရင်ပြင် တော်လိုဏ်အနီးမှ တိုင်လုံးအပိုင်းအဆက် များ၊ တိုင်ထွင်းရာများ၊ အုတ်ကြွပ်ပြား များကို ရရှိခဲ့သည်။

အပေါ်ရင်ပြင်သို့တက်သည့် လှေကားထိပ်တွင် ဒွါရပါလ(တံခါးစောင့်)နှင့် ဘီလူးကျောက်ဆစ်ရုပ်ကြွများကို တွေ့ရှိရသည်။ အောက်လိုဏ်ပတ်လမ်းတွင် ဘုရားဆင်းတုတော်ရုပ်ကြွများ၊ ကျောက်ဆစ်ပလ္လင်များပေါ်တွင် သီတင်း သုံးနေသော ဆင်းတုတော်ကြီးများကို ဖူးတွေ့ကြရသည်။ နံရံပေါ်တွင် ထုလုပ်ထားသည့် ဗုဒ္ဓရုပ် ပွားတော်များသည် ယာခြေကို ဘယ်ခြေအပေါ် တင်လျက် တင်ပလ္လင် ခွေထိုင်နေ တော်မူကာ ယာလက်ကို မြေသို့ထိ ထားကြသည့် ဘူမိဖဿ
မုဒြာ ဟန်များဖြစ်ကြသည်။ဝင်ပေါက်နှင့် ပြူတင်းပေါင် များ ပေါ်တွင် ပုဂံစေတီများတွင်မြင်တွေ့ရ သည့် မီးလျှံဖြာဒီဇိုင်း ကို မြင်တွေ့နိုင်သည်။

ကိုးသောင်းပုထိုးတော်ကြီးတွင် ဖူးတွေ့ရသည့် ဗုဒ္ဓဆင်းတုတော်များသည် မြောက်ဦးအလယ်ခေတ်လက်ရာများဖြစ်ကြောင်း ဆရာကြီးဒေါက်တာကျော်ဝင်း က ရှင်းပြခဲ့သည်။ ရုပ်ပွားတော်များသည် ပခုံးကျယ်၍ ရင်အုံဖြိုးမောက်ကာ မျက်ခုံး တော်များဆက်နေကြသည်။ မျက်ခွံများလေးလံကာ မျက်လုံးတော်များသည် တစ်ဝက်သာပွင့်နေပြီး နှုတ်ခမ်းသားများသည် ပြည့်ဖြိုးနေသည်။ ရှည်လျားသော နားတော်နှစ်ဖက်သည် ပခုံးသို့ထိလုနီးပါးဖြစ်နေပြီး သင်္ကန်းကို ယာဘက်ပခုံးပေါ် တွင်တင်၍ ဝဲဘက်ပခုံးတော်က လွတ်နေသည်။ ဦးခေါင်းတော်ထိပ်ဆံထုံးကို အဝိုင်း သို့မဟုတ် လေးထောင့်ပုံများ ပြုလုပ်ထားသည်။

သျှစ်သောင်းပုထိုး


သျှစ်သောင်းပုထိုးသည် မြောက်ဦးမြို့၏မြောက်ဘက် တစ်မိုင်အကွာ၊ ရခိုင်ရိုးမ တောင်တန်း၏ အနောက်တောင်ဘက်ဘိုးခေါင်တောင်ခြေတွင် တည်ရှိပြီး ဘုရင်မင်း ဗာကြီး ပထမဆုံးတည်ဆောက်ခဲ့သည့် ဘာသာရေး အဆောက်အအုံဖြစ်သည်။

သျှစ်သောင်းပုထိုးတော် ကြီးခေါ် ရန်အောင်ဇေယျ ပုထိုးတော်ကြီးသည် မုခ် သုံးဘက်ပိတ်ဖြစ်ပြီး တောင်ခြေဘက်တွင် အရှေ့ မုခ်တစ်ခုသာရှိသည်။ ပုထိုးကြီး အား ဝင်္ကပါတစ်ခုသဖွယ်တည်ဆောက်ထားသဖြင့် ခံတပ်အဖြစ် အသုံးပြုခဲ့ဖွယ် ရှိကြောင်း ယူဆမှုများရှိခဲ့သည်။ သျှစ်သောင်းပုထိုးတော်ကြီးတွင် ဟိန္ဒူဘာသာဆိုင်ရာ ဗိသုကာအနုပညာလက်ရာများကို တွေ့ရှိရပေသည်။

သျှစ်သောင်းပုထိုးတော်ကြီးကို မြောက်ဦးခေတ်ဘုရင် မင်းဗာကြီး နန်းသက် (ခရစ်နှစ် ၁၅၃၁-၁၅၅၃)က ခရစ်နှစ် ၁၅၃၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ မင်းဗာကြီးသည် ပုထိုးတော်ကြီးတည်မည့် ဘိုးခေါင်တောင်အနီးရှိနေ ရာကို မြေညှိ၍ ရှစ်သောင်း သောဓာတ်တော်မွေတော်များနှင့် ဉာဏ်တော်နှစ်တောင် တစ်မိုက်စီရှိသည့် ရွှေ ဆင်းတု၊ ငွေဆင်းတု၊ ရတနာကိုးပါးဆင်းတု ၁ဝ၈ ဆူစီကို ဌာပနာထည့် သွင်းခဲ့သည်။ မင်းဗာကြီးအပါအဝင် မြောက်ဦးကို စိုးစံခဲ့သည့် ဘုရင် ၁၂ ပါးတို့၏ ရုပ်တုများကို ကျောက်ပြားများဖြင့်ပိတ်ထားသော ဌာပနာခန်းအပြင်၌ ထားရှိပြီး အပြင်ဌာပနာတစ်ထပ်ကို မြေဖို့ခဲ့သည်။

ပုထိုးတော်ကြီးတွင် ဘုရားရှင်၏ဓာတ်တော် ၈၄ဝဝဝ နှင့် နောင်ပွင့်တော်မူ မည့် ဘုရား ၈၄ဝဝဝ ရုပ်တုများ ဌာပနာထားသဖြင့် သျှစ်သောင်းပုထိုးတော်ကြီး ဟု အမည်တွင်သည်။ ပေါ်တူဂီ ရေတပ်ကိုအောင်မြင်တော်မူခြင်း အထိမ်းအမှတ် အဖြစ် သျှင်ငယ်ဆရာဦးမြဝါကဦးစီးကာ တည်ထောင်တော်မူသောကြောင့် သျှစ်သောင်းပုထိုးတော်ကြီးကို ရန်အောင်ဇေယျပုထိုးတော်ကြီးဟု လည်း ခေါ်တွင် ကြောင်း မြောက်ဦးဒေသရှိ ရှေးဟောင်းအဆောက်အအုံများမှတ်တမ်းစာအုပ် တွင် ဖော်ပြထားသည်။

သျှစ်သောင်းပုထိုးတော်ကြီး၏ အောက်ခံလိုဏ်များပေါ်တွင် ပင်မစေတီကြီး တစ်ဆူနှင့်အတူ အရံစေတီ၂၆ ဆူကို ဖူးတွေ့ကြရသည်။ပင်မစေတီကြီးသည် ကြီးမားသော ခေါင်းလောင်းပုံဖြစ်ပြီး စေတီများအားလုံးကို ဝေသာလီခေတ်စေတီ လုံးများဟန်၊ ဓာတ်လုံးစေတီများအဖြစ် တည်ဆောက်ထားသည်။ ဓာတ်တော်တိုက် ကို ကုဗပုံသ္ဌာန်ပြုလုပ်ထားပြီး ပုထိုးတော်ကြီးကို ကြီးမားသော သဲကျောက် တုံးများဖြင့် သပ်စီပေါင်းမိုးများပြုလုပ်လျက် ဝင်္ကပါလိုဏ် ငါးထပ် ဆောက်လုပ် ထားသည်။

ပုထိုးတော်ကြီး၏အပြင်နံရံအတွင်း၌ သက်တော်ထင်ရှားအရွယ် ထိုင် တော်မူ ဗုဒ္ဓရုပ်ပွားတော် ၂၈ ဆူကို မုခ်ကပ် ၂၈ ခုတွင် ကျောချင်းကပ်လျက်ပူဇော် ထားသည်။ ရုပ်တုများအကြားမှ အလင်းရောင်ကို အတွင်းနံရံပေါ်သို့ ကျရောက်စေရန် စီစဉ်ထားသည်။

လိုဏ်ဂူနံရံ၊ မဏ္ဍိုင်ငါးရပ်တွင်ဘုရားရှင်၏ ဖြစ်တော်စဉ်များ၊ ဇာတ်နိပါတ်များနှင့် ရခိုင်ရာဇဝင်များမှ ဇာတ်ရုပ်များကို ရုပ်လုံးရုပ်ကြွများ ထုလုပ်ထားပြီး လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်း၊ ကျေးငှက်၊ တိရ စ္ဆန်ရုပ်များ ပါဝင်သည်။ တီးမှုတ်ကခုန်နေသည့် လူများ၊ ဆင်ဖမ်းနေပုံများ၊ စစ်ရေးစစ်ရာများ၊ ရခိုင်ရိုးရာကျင်ကစားနေပုံ ရုပ်လုံး ရုပ်ကြွများအပြင် ဆံပင်ကို ရေညှစ်နေသည့် မြေစောင့်နတ်သမီး ဝသုနြေ္ဒကျောက်ဆစ် ရုပ်များကို တွေ့ရှိကြရပေသည်။

သျှစ်သောင်းပုထိုးတော်ကြီးအနောက်ဘက်တွင် ဘုရင်ဘိသိက်ဆောင်နှင့် ဥပုသ်တော်ဆောင်များကို အခန်းများဖွဲ့၍ တည်ဆောက်ထားသည်။ အနောက်ဘက်၊ တောင်ဘက်နှင့် မြောက်ဘက်မျက်နှာများတွင် အရံစေတီများရှိကာ ယင်းအရံစေတီ များအကြားကို ရုပ်ကြွကျောက်ချပ်ကြီးများဖြင့် တန်ဆာဆင်ထားသည်။ပုထိုးတော် ကြီး၏ အပေါ်ဆုံးတွင် ဗြဟ္မာနတ်ရုပ်များကို စိုက်ထူထားသည်။

image

သျှစ်သောင်းပုထိုးတော်ကြီး၏ အရပ်မျက်နှာထောင့်များတွင်ရှိသည့် ရုပ်တုများ အားလုံးသည် သရဖူများဆောင်းထားပြီး ရခိုင်တော်ဝင်မိသားစုများ ဝတ်ဆင်လေ့ ရှိသည့် ဝတ်ရုံတိုများကို ဝတ်ဆင်ထားကြကာ အဆင်တန်ဆာများဆင်ယင်ထား သည်။ အရှေ့ တောင်ထောင့်တွင်ရှိသည့် ဟိန္ဒူနတ်ရုပ် ဂနေးရှားပေါ်တွင် မတ်တတ်ရပ် နေသည့်ရုပ်တုအား မင်းဗာကြီးဟုယူဆကြသည်။ ပုထိုးတော်ကြီး၏ ထောင့်လေးခု တွင် စိုက်ထူထားသော သက်ရှိအရွယ်ရုပ်တုများကိုလည်း မင်းဗာကြီးရုပ်တုများဟု ယူဆကြသည်။

image

မင်းဗာကြီးရုပ်တုများသည် မိမိကိုယ်မိမိ စကြာဝတေးမင်းဟု ယူဆချက်အား ဖော်ညွှန်းထားသည်။ မင်းဗာကြီးသည် လက်ခြောက်ဖက်တွင် ဝရဇိန်အပါအဝင် လက်နက်များကို ကိုင်ဆောင်ထားပြီး တစ်ဖက်တစ်ချက်စီတွင် ကြာခံခွက်များတွင် မင်းဗာကြီး၏ မိဖုရားများဖြစ်ဖွယ်ရှိသည့် အမျိုးသမီးနှစ်ဦးစီ ရပ်နေကြ သည်။ နှစ်ဦး က အိန္ဒိယအမျိုးသမီးဝတ်ရုံ ဆာရီများဝတ်ထားပြီး ကျန်နှစ်ဦးက ရခိုင်ဝတ်စုံများ ဝတ်ဆင်ထားသည်။

image

မင်းဗာကြီး၏ မောင်းမမိဿ
များသည် ရိုကျိုးသောအသွင်များ ဖြင့် အောက်တွင် ထိုင်နေကြသည်။ ပုထိုးတော်ကြီး၏ တောင်ဘက်စောင်း တန်းလှေကား လက်ဝဲဘက်တွင် အာနန္ဒစန္ဒြကျောက်စာတိုင်ရှိသည်။ ယင်းကျောက်စာ သည် အေဒီလေး ရာစုမှ ၁ဝ ရာစုအတွင်း နန်းတက်ခဲ့သည့် ဘိုးဘေးစဉ် ဆက်မင်းများ နန်းတက်ပုံ၊ အုပ်ချုပ်ပုံ၊ အလှူဒါနပြုပုံများကို သက္ကတ ဘာသာဖြင့် ရေးထိုးထားသည်။ ကျောက်စာတိုင်၏ မြောက်ဘက်တွင်ခရုသင်းပုံနှင့် ဓမ္မစကြာအဝိုင်းပုံပါရှိသော ကျောက်စာတစ်ချပ် ရှိသည်။မင်းဗာကြီးသည် အာနန္ဒစန္ဒြကျောက်စာတိုင်နှင့်ယင်းကျောက်စာချပ်ကို ခရစ်နှစ် ၁၅၃၅ ခုနှစ်တွင် ဝေသာလီမြို့ဟောင်းမှ မြောက်ဦးသို့ ယူဆောင်လာပြီး စိုက်ထူခဲ့သည်။ ကျောက်စာတိုင်၏ တောင်ဘက်တွင် ဓညဝတီမြို့ဟောင်း မှ ပြောင်း ရွှေ့ထားသည့် ရှစ်မျက်နှာပါကျောက်တိုင်တစ်ခုရှိသည်။ သျှစ်သောင်းပုထိုးတော် ကြီးနှင့် တောင်ဘက်စောင်းတန်းအကြား ရင်ပြင်တွင် နေထွက်ဘုရား၊ နေဝင်ဘုရား နှင့် စေတီငယ်လေးများ ကို တွေ့မြင်နိုင်ကြပေသည်။

သျှစ်သောင်းပုထိုးတော်ကြီးတွင် အနောက်ဘက်၊ တောင်ဘက်နှင့် မြောက် ဘက်မျက်နှာများတွင် မဟာရံတံတိုင်းဖြင့်ပိတ်ထားပြီး အရှေ့ဘက်တောင်ခြေ၌ ဘုရားသို့ဝင်ရန် မုခ်ပေါက်ရှိသည်။ ထိုအရှေ့ဘက်ဝင်ပေါက်သို့ ဘုရားတောင် ဘက် ပေ ၂ဝဝဝ အကွာရှိ တောင်ခြေရင်းမုခ်ဦးမှ စောင်းတန်း အတိုင်း လျှောက် သွားကြရ သည်။

သောင်းပုထိုးနှစ်ဆူဟု ရည်ညွှန်းသည့် ကိုးသောင်းနှင့် သျှစ်သောင်းတို့သည် ရခိုင်ဘုရင်သားအဖနှစ်ဦး တည်ဆောက်ခဲ့သည့် ပုထိုးတော်ဖြစ်ကြပြီး ရခိုင်မြို့ ဟောင်းဖြစ်သည့် မြောက်ဦးတွင် တည်ရှိနေသည့် ရခိုင်သမိုင်း ကို ဖော်ညွှန်းနေသော သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံများ ဖြစ်ကြပေသည်။

==========================

image
image
image

Photo Credit: Google
Credit:ေမြောက်ဦး သတင်းများ (Facebook)

Sort:  

@echowhale team swimming by with your upvote

Thank For Your Vote
😊😊😊

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawko1987 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကောင်းတယ်​အကို

Thank Bro: )

This post has received a 15.38 % upvote from @sleeplesswhale thanks to: @deeplove.

@deeplove
Your publication has been successfully shared, with more than 2420 Steemit users thank you for participating in the last edition of free reestem.
If you find my project useful, donate a vote to my comment

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 65955.30
ETH 3276.19
USDT 1.00
SBD 2.70