####​ကျောင်းပုံပြင်​ ##
in #myanmar7 years ago
image
####​ကျောင်းပုံပြင်​ ##
!!!!ဒီမှာ ရှင်​ မမြင်​ဘူးလား?
!!!!ဘာကိုတုန်း?
!!သူများဖိနပ်​ကိုလဲ နင်း​သေးတယ်
အူ​ကြောင်​​ကြောင်​ အကွက်​ကိုလဲထပ်​နင်းတယ်​​ပေါ့!!!!
"ဟိုက်​! ​စောထီး !!အဲ​လေ ​စောရီး !!
အလျင်​လိုသွားလို့ပါ
တောင်းပန်​တယ်​"
"ဒါမျိုးနဲ့ရရိုးလား
ဖိနပ်​ပြတ်​သွားပီ"
ဒုက္ခဆိုတာ
ဒိုင်​​အောဂျီးနီးစ်​ လိုအမှန်​တရားကို မီးခွက်​ထွန်းရှာစရာ
မလိုမှန်းကျွန်​​တော်​လက်​ခံသွားသည်​........
"ဟားဟားဟား....
ဖြစ်​ရမယ်​  မင်းလုပ်​လိုက်​ရင်​ဖြင့်
အ​ကြောင်း​ကြောင့်​ချည်းပဲ...ဒါနဲ့မင်းဘယ်​လို​ဖြေရှင်းခဲ့လဲ?...
"လခွမ်း..ဖိနပ်​ကပြတ်​သွားတယ်​​လေ..
ပြန်​ဝယ်​​ပေးရ​အောင်​ကလဲ
အဲဒီနားမှာဖိနပ်​ဆိုင်​ကမရှိ...မထူးဇာတ်​ခင်းပြီး
ထွက်​​ပြေးရ​အောင်​ကလဲ
ငါ့ ကလဲသတ္တိကအပြည့်​ဆို​တော့....
ငါ့​ဖိနပ်​ချွတ်​​ပေးပြီး..
ခြေဗလာနဲ့ ငါ ..ပြန်​ဒိုးခဲ့ရတယ်​ဆိုပါ​တော့...."
အဲဒီလို ​ဒုက္ခများနှင့်​ ဖက်​ကင်းတလဲ ရှိသူကျွန်​​တော့်
အတွက်​ ..ဤပတ်​ဝန်းကျင်​နှင့်​​နေသားသိပ်​မကျ​သေးတာအမှန်​....
တေးရိုင်း​တွေ​ခေတ်​မှာ​မြူး​နေချိန်​....
ကျွန်​​တော်​က​တော့ ကိုငှက်​ကြီးသ​ဘောကျ ​နေတတ်​​သေးသည်​...
     **************************
"အတန်းသွားတက်​စို့ ​နောက်​ကျ​နေပြီ"
"​​အေးပါ ခဏ​စောင့်​"
နည်းပညာ​ကျောင်းတက်​ရတာဘာဂုဏ်​ရှိလဲ​တော့ကျွန်​​တော်​မသိ..
စာ​တော့ မဟားတရားကျက်​ရသည်​...
~~~၂~~~
ကျွန်​​တော့်​ကိုမြင်​​တော့သူ မျက်​နှာလွဲသွားသည်​..
အမြန်​ ဟိုဘက်​လှည့်​လိုက်​သည်​...
ကျွန်​​တော်​ တက်​နင်းမိ​သောဖိနပ်​ပိုင်​ရှင်​သည်
ကျွန်​​တော်​နှင့်​​မေဂျာတူဖြစ်​​နေခြင်းပင်​...
        *********************
"ဒီမှာ  ဒီမှာ !!!
အ​နောက်​က​ခေါ်သံ​ကြောင့်​ကျွန်​​တော်​လှည့်​ကြည့်​လိုက်​သည်​..
"ကျွန်​​တော်​တို့ကို​ခေါ်တာလား?"
"ဒီနားမှာ ဘယ်​သူရှိ​သေးလို့လဲ? ရှင်​တို့ အ​တော်​အကျင့်​​ကောင်း
တာပဲ..မိန်းက​လေးတစ်​​ယောက်​ ဒုက္ခ​ရောက်​​နေတာကို
ဒီအတိုင်း​ကျော်​သွားတယ်​​ပေါ့"
"အမ်​!! မင်းဒုက္ခ​ရောက်​​နေတာလဲ ငါတို့မမြင်​ပါလား?"
"ဆိုင်​ကယ်​ပျက်​​နေ မှ​တော့ ဒုက္ခ​ရောက်​​နေတာ 
မဟုတ်​လို့ ဘာကြီးတုန်း!!!"
"​သြော်​ မင်း က တစ်​​ယောက်​ ​ယောက်​ကို ​စောင့်​​နေသလားလို့ပါ"
"ကျွန်​မ က လမ်း​ဘေးမှာ​စောင့်​​နေစရာလား
ဆိုင်​ကယ်​ ပျက်​လို့ ရပ်​​နေတာ!!!"
နည်းနည်းပါးကလိကြည့်​​တော့ ပလတ်​ ​​ချောင်​ ​နေခြင်းပင်​...
"ရပြီ က​လေးမ "
ပလတ်​​ချောင်​​နေတာ ကြပ်​​ပေးလိုက်​ပြီ..."
"​ကျေးဇူးတင်​​ပါတယ်​ ..."
"ရပါတယ်​ တစ်​ခန်းတည်းသား​တွေပဲ 
ကူညီရမှာ ​ပေါ့.."
"ဒါ ဆို ကျွန်​မသွားပြီ 
နောက်​​နေ့မှ Canteen မှာမုန့်​လိုက်​​ကျွေး​တော့မယ်​"
ကျေးဇူးတင်​သည့်​ အကြည့်​ဖြင့်​ ပြုံးပြ ရင်း သူ (မ)
ထွက်​သွားသည်​..
"ဒီလို ကျ​တော့ လဲ မဆိုးပါဘူး
ခင်​ဖို့ ​ကောင်းမဲ့ပုံပါ"
" မင်း က သူ့ကို သိလို့ လား လဒရ "
ကျော်​မျိုးက​မေးသည်​...
"သိဆို !! ငါ ဖိနပ်​တက်​နင်းမိတာ သူ ပဲ"
" ​ဟေ !!!!!
~~~~~၃~~~
" ​ဟ ​ရောင့်​ သုမျိုး ထထ  မီး ​လောင်​ ​နေပီ "
" မ​အေ​ဘေး  မနက်​ခင်း မီး ​လောင်​ စရာလား!!
ညက တစ်​ချက်​တီးမှအိပ်​တာ အိပ်​​ရေးမဝ​သေးဘူး
မ​နှောက်​ယှက်​ နဲ့ !!"
ကျမှာစိုးလို့ ​ပြော ​နေတာ"
" ဟိုက်​!!
ထပြီ ထပြီ"
အ​ဆောင်​ နှင့်​ ​ကျောင်း က သိပ်​မ​ဝေး ..
ခဏလမ်း​လျောက်​လျင်​ ​ရောက်​သည်​...
              *************
"​သုမျိုး Canteen ဒိုးအုံးစို့
ဗိုက်​ထဲက စစ်​ပွဲငြိမ်းရအုံးမယ်​"
"​အေး သွား​လေ 
တစ်​ခုခု စားပြီးမှ အတန်းတက်​တာ​ပေါ့"
" ဟ​ရောင့်​ ဟို မှာ ​ကျေးဇူးရှင်​ မ​လေး 
Canteen မှာ သူတို့ အုပ်​ စု ပွဲ ​ကျနေပုံရ တယ်​"
ကျွန်​​တော်​ တို့   Canteen မှာ ဝင်​ထိုင်​​တော့
သူတို့မြင်​သွား ပုံရသည်​...
"ဒီမှာ ဒီမှာ!!"
"ဟ ​ရောင်​ မင့်​ ​ရွှေ ဖိနပ်​​လေး ​ခေါ် ​နေပြီ"
ကျော်​ မျိုး က တီးတိုး ​ပြောသည်​..
"ဗျာ!
ကျွန်​​တော်​တို့ နှစ်​​ယောက်​ ကို ​ခေါ် တာလား"
"လုပ်​ပြန်​ ပြီ 
မ​နေ့ ကတည်း က  ဗျာ​နေတာ 
အခု ထိ ဗျာ လို့ မပြီး​သေးဘူးလား..
ကျွန်​မရှင်​တို့ ​ကို မုန့်​ ​ကျွေးမယ်​ ဆို တာ ​လေ"
"ဘာလဲ အခု မ​ကျွေး​တော့ဘူး လို့ ​ပြောချင်​တာလား"
ကျော်​မျိုးကလှမ်း​နောက်​သည်
"​စေတနာ ပျက်​​အောင်​​ပြော​နေတာလား
ရှင်​တို့ ကြိုက်​သ​လောက်​စား
ကျွန်​မ​ရှင်းမယ်​လို့​ပြောတာ "
" ဟိုက် ရှဘား ဘုရားမတာပဲ
ကျော်​မျိုး က ​စေတနာ ကို လက်​ခံ​ကြောင်း
အချက်​ပြသည်​..."
ထို​နေ့ က ရင်းနှီးမှု​တွေနှင့်​ ခင်​မင်​သွားသည်
သူ(မ) ၏ နာမည်​သည်​  လွန်းနွယ်​ ဖြစ်​​ကြောင်း
ကျွန်​​တော့်​ တို့ ကို မိတ်​ဆက်​သည်​...
ခပ်​စွာစွာ  ချာတိတ်​​လေး သူ(မ) ကို ကျွန်​​တော်​ ရင်​ခုန်​မိသွားခြင်း
သည်​ ထိုမှာ စတင်​ခဲ့သည်​.....
              ************
~~~~~~~၄~~~~~~
>>>အလွမ်း ​တွေ ​ဝေးပါရ​စေ​တော့
      အိပ်​မက်​ ​တွေကို  မျှားတဲ့ သူရယ်​.....
>>>ချစ်​ခြင်းဆိုတာ ကိုနားလည်​ ခဲ့ပြီး​နောက်
      ငါ့ အဘိဓာန်​ မှာ နင်​က
      ဗျည်း ထွင်းခတ်​သူပါ....
"တယ်​ဆိုတဲ့ စာပါလား သုမျိုး ​ခေါ် လဒရဲ့...."
ကျော်​မျိုး က ကဗျာကိုကြည့်​ရင်း ထိုကဲ့သို့ဆိုသည်​...
" ဘာလဲ လွန်းနွယ်​ ကို ​ပေးမလို့ လား"
" မလုပ်​ပါနဲ့  ခင်​မင်​ခွင့်​ ​လေးပါ ဆုံး သွားမှ
ငါ့ ရင်​​တွေ ငရဲမီးလို ပူ ​နေရပါအုံးမယ်​"
"​အေးပါ မင်းလို ဒူ ​နေပုံ နဲ့ ​တော့
သူ့ အချစ်​ရ ဖို့ 
ဘုရားမှာ အခါ တစ်​ရာ ဆု​တောင်းရင်​​တောင်​ ​လောက်​မှာ
မဟုတ်​ဘူး"
" မ​အေ​ဘေး ​လေး ​စော​စော စီး ကျက်​သ​ရေတုံးတယ်
ငါမင်းကို ဒကာခံ  ကိစ္စဖို့ ပါမစ်​ ပိတ်​ပြီ!"
စမိတာ ဘာ !!" ဟီး!!"
          ******************
သို့
    လွန်းနွယ်
IT ​ခေတ်​မှာ ရည်းစားစာ ​ပေးတယ်​ ဆို တာ
အ​တော်​ ​ကြောင်​တယ်​လို့ နင်​ထင်​ချင်​ထင်​မယ်
နင်​နဲ့ ငါ ခင်​မင်​မှု ကို အလွဲ သုံးစား လုပ်​တယ်​ လို့
နင်​မထင်​ပါနဲ့ ​နော်​....
ည ည အိပ်​​ရေးပျက်​ ​နေမိတဲ့ ငါ့ အဖြစ်​ က
ခြင်​ ကိုက်​ လို့ မဟုတ်​ ရပါဘူး
နတ်​သမီး ကိုက်​လို့ပါ...
နတ်​ သမီး နာမည်​ က လွန်းနွယ်​ တဲ့
သူကိုက်​တဲ့ ဒဏ်​ရာ က အသားကို မထိ
နှလုံးသားကို လာငြိ ​နေ​တော့
အိပ်​​ရေးပျက်​တာမဆန်းပါဘူး
ငါ ရိုးရိုးသားသား ​ပြော ပါ ရ​စေ​တော့
နင့်​ ကို ငါ  ချစ်​တယ်​ ဆိုတာ ထက်​ ပို​နေမိ ပြီ
                                      သုမျိုး
              ******************
ခင်​မင်​မှု ရက်​သတ္တပတ်​ ၁၀ခု ​မြောက်​ ​မှာ ထိုစာ
ကို သဝဏ်​လွှာပါးလိုက်​သည်​..ကံဆိုးသလား ကံ​ကောင်း
သလား ကျွန်​​တော်​ မသိ...
လူ ချင်း​တွေ့ ​တော့ ထို လမ်း​ကြောင်း ကို
အ​ရောက်​မခံ  
စာ​မေးပွဲပြီးမှအ​ဖြေ ​ပေးမည်​ဆိုသည်​...
             ********************
" ဟ​ရောင့်​ သားရီး ​ဖြေနိုင်​လား"
"​အေးကွာ ​အောင်​မှတ်​​တော့ရပါတယ်​ "
"စာ​မေးပွဲ ​တော့ပြီး ပြီ
လူ လဲ ​ဂေါက်​​တောက်​ ​တောက်​ ဖြစ်​​နေပြီ....
နှစ်​ပတ်​ထဲမို့ ​တော်​​တော့ တယ်
ရူးရင်​ ရူး မရူးရင်​ ​ရေ​ဝေး​ရောက်​ မှာ ​သေချာတယ်​"
ကျော်​မျိုး က  ညည်းချင်းဖွင့်​ ​နေသည်​....
~~~~~~~၅~~~~~~
"ဟ​ရောင့်​ သုမျိုး ​စော​စောစီးစီး
ဘာငိုင်​ ​နေတာလဲ "
"​ရော့ ဖတ်​ကြည့်​ "
လွန်းနွယ်​ပါးလိုက်​​သောစာအုပ်​​လေးကို
ပြလိုက်​သည်​.....
သို့
   သုမျိုး
ငါ့ နင့်​ကို ခင်​ပါတယ်
သူငယ်​ ချင်းလိုပါပဲ
ငါ့ အ​ပေါ် နင်​​ကောင်း​ခဲ့ တာ​တွေ ကို ​ကျေးဇူး
တင်​ပါတယ်​...
ငါ မနက်​ ဖြန်​မနက်​ ကသာ ကို သ​ဘောင်္နဲ့ပြန်​​တော့မယ်
နောက်​နှစ်​မှ​တွေ့ ကြတာ​ပေါ့ 
နင်​အဆင်​​ပြေပါ​စေဟာ....
                            နင့်​ရဲ့ သူငယ်​ချင်း 
                                                    လွန်းနွယ်
"​အေးကွာ စိတ်​မ​ကောင်းစရာပဲ 
မင်း​တော့ သွားပြီ"
ကျော်​မျိုးက သြဘာ​ပေး​နေပြန်​သည်​...
"စိတ်​ညစ်​မ​နေနဲ့  
ရူးသွားမယ်​"
"ငါညစ်​​နေတာ​နော်​ မင်းစကားကို ကြည့်​​ပြော လဒ​လေး"
ဒီ​ကောင့်​ကို ပြန်​​ကောရသည်​..
"ဟ ​ရောင့်​ ​နေအုံး..
ဒီ အ​နောက်​စာမျက်​နှာ နား​လေးမှာ  စာနှစ်​​ကြောင်း.."
" ဟုတ်​လို့လား ပြစမ်း ... မြန်​မြန်​"
"အာ့​ကြောင့်​​ မင်းကို ငဒူ​လေးလို့​ပြောတာ"
ကျော်​မျိုးက ​လေပွ​နေပြန်​သည်​....
"သုမျိုး
       ဘယ်​လို လဲ အရမ်း ကြီး ဝမ်းသာသွားတယ်​​ပေါ့😜
ငါ နင့်​ ကို ​ပျော်​ရ​အောင်​စလိုက်​တာပါ 
နင့်​ကို ချစ်​ပါ တယ်​...
                       နင့်​ကိုချစ်​တဲ့ 
                                      လွန်းနွယ်
PS..ဘာကြည့်​​နေတာလဲ
သ​ဘောင်္ ဆိပ်​ မှာ ငါ့ ကို အမြန်​ လာနှုတ်​ဆက်​​လေ..
မမီရင်​ ​တော့ငါစိတ်​ဆိုးပြီပဲ
ကောင်​မ​လေး​ရေ    
ငါ့ ချစ်​ခြင်း​တွေကို    ခမ်းနား ​စေခဲ့သူ
ငါ့ ​နေ့ရက်​ တိုင်းကို အဓိပ္ပာယ်​ ပို ရှိ​စေခဲ့ သူ မင်း ကို
ပို မြတ်​နိုး ​နေခဲ့မိပါသည်​​လေ....
ပြီးပါပြီ
        အာဖျံကွီး        
          လက်​သစ်​ကြယ်
Sort:  
ဖတ်လို့ကောင်းတယ်
Coin Marketplace
STEEM 0.19
TRX 0.16
JST 0.030
BTC 68773.73
ETH 2716.62
USDT 1.00
SBD 2.72