နိုင်​ဝင်း​ဆွေ

in #myanmar7 years ago

image

စာအုပ်​အမျိုးအစား-ဝတ္ထုတို​ပေါင်းချုပ်
စာ​ရေးသူ -နိုင်​ဝင်း​ဆွေ
ပုံနှိပ်​ခြင်း -၂၀၁၆၊စက်​တင်​ဘာ
( ပထမအကြိမ်​)
အုပ်​​ရေ -၈၀၀
စာအုပ်​တိုက်​ -ရာပြည့်
တန်​ဖိုး -၃၅၀၀
စာမျက်​နှာ -၃၃၈

ဒဂုန်​တာရာ က "နိုင်​ဝင်း​ဆွေမှာသရုပ်​​ဖော်​ဝါဒဘက်​ယိမ်း​သောဝတ္ထု​ရေးဆရာဖြစ်​သည်​။သူ၌လှပ​သောစိတ်​ကူးရှိသည်​ဆန်းသစ်​မှုရှိသည်​။သရုပ်​​ဖော်​အနုပညာလည်းရှိသည်​။" ဟုဆိုသည်​။
ဤစာအုပ်​တွင်​ စာ ၁၄ ပုဒ်​ပါသည်​။
ဝတ္ထုတစ်​ပုဒ်​ဆီတိုင်းသည်​စာဖတ်​သူရင်​ထဲအသာအယာစီးဝင်​သည်​။တစ်​ပုဒ်​ပြီးတိုင်း​တွေးစရာ အစီအရီကျန်​သည်​။ဇာတ်​သဘင်​​လောက အ​ကြောင်း၊​​အောက်​​ခြေလူတန်းစားများဖြစ်​​သောဆင်းရဲသားနင်းပြားတို့၏ဘဝ အ​ကြောင်းများ၊​ခေတ်​စနစ်​ဆိုး၏ သား​ကောင်​များအ​ကြောင်း ​စသည်​ဖြင့်​ ​တွေးစရာတပုံတပင်​ ပါသည်​။
ဆရာသည်​ နိုင်​ငံ၏စနစ်​ကို​ကောင်း​ကောင်း သ​ရော်​ထားသည်​။စနစ်​မ​ကောင်းပါဟုတိုက်​ရိုက်​မ​ရေးပဲ ဇာတ်​​ကောင်​တို့၏အပြုအမှုစရိုက်​များဖြင့်​ ထိထိမိမိ ​ရေးဖွဲ့သီကုံးထားသည်​။
ဤစာအုပ်​တွင်​ကျ​နော်​ရင်​ကိုအထိဆုံး
ဝတ္ထုတိုတစ်​ပုဒ်​မှာ "မသိန်းရှင်​ဆီသို့ပို့​ပေးပါ" ဖြစ်​သည်​။ စနစ်​ဆိုး၏သား​ကောင်​ဖြစ်​ရ​သော​မှောင်​ခိုထန်းလျက်​သည်​မ​လေးညိုညို၏ ရင်​နာစရာဇာတ်​လမ်းတို​လေးဖြစ်​သည်​။ ရထား​ပေါ်မှ ညိုညို ၏အဆုံးသတ်​သည်​ မလှပါ။သေအံ့ လုလုတွင်​ပင်
သူ၏ ထန်းလျက်​ဖာ ​လေးကို သူ၏အလုပ်​ရှင်​ဖြစ်​​သောမသိန်းရှင်​ထံသို့ ပို့​ပေးပါဟု က​ယောင်​ကတမ်း ​ရေရွတ်​ရင်း ဘဝအချိန်​ ကုန်​သွားရရှာ​သောအဖြစ်​သည်​ ရင်​နာစရာ​ကောင်းလှသည်​။
လူတန်းစားကွာဟမှုပြဿနာသည်​ယ​နေ့ထိ ကြီးမား​နေဆဲဖြစ်​သည်​။ချမ်းသာသူများသည်​ အဆအင်​မတန်​တိုး၍ချမ်းသာ​လာနေသည်​။ဆင်းရဲ​သောသူများသည်​ လည်းပို၍ပို၍ဆင်းရဲလာ​နေသည်​။ထမင်းနပ်​မှန်​​အောင်​ပင်​မနည်း ရှာ​ဖွေ​နေရ​သောအ​ခြေအ​နေသည်​ ယ​နေ့ထိတိုင်​ရှိ​နေ​သေးသည်​။
ဤအ​ခြေအ​နေသည်​တိုးတက်​လာခြင်း​ပေလား?ဆုတ်​ယုတ်​လာခြင်း​ပေလား?အ​ဖြေမှန်​​တော့ရှိ​ပေလိမ့်​မည်​။
ထိုအ​ခြေ အ​နေကို သိ​သော​ကြောင့်​ ကားလ်​မတ်​သည်​ ကွန်​မြူနစ်​ဝါဒကို တီထွင်​ခဲ့​လေသလားမ​ပြောတတ်​​ပေ။

Author:လက်​သစ်​ကြယ်

Sort:  

Congratulations @danieldmyo! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

Click here to view your Board

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @danieldmyo! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.20
TRX 0.16
JST 0.030
BTC 66028.29
ETH 2694.36
USDT 1.00
SBD 2.89