အစ်​ကိုကြီးသို့​ပေးစာ

in #myanmar7 years ago

image

Credit to Google image

အစ်​ကိုကြီးသို့​ပေးစာ


                        လက်​သစ်​ကြယ်

အမြဲကြည်​လင်​​တောက်​ပ​နေတဲ့
ကောင်းကင်​တစ်​ခုရှိတယ်​...
ရှင့်​ရဲ့ကမ္ဘာမှာမဲ​မှောင်​ခြင်းအတိလွှမ်း​နေ
ပေမဲ့
ဒီမှာ​ကြည်​ရွှန်း​ဖြာလဲ့​နေတဲ့​နေ​ရောင်​​တွေရှိတယ်​...
အော်​စတင်​​ရေ...
စိမ်းလန်းခြင်းကင်း​နေတဲ့
တော​အုပ်​တွေ​ကြောင့်​စိတ်​မညိုးပါနဲ့...
တိတ်​ဆိတ်​​ခြောက်​ကပ်​​နေတဲ့
ကွင်း​ပြင်​​တွေ​ကြောင့်​စိတ်​မသာမယာ
မဖြစ်​ပါနဲ့...
ဒီမှာ​တောအုပ်​က​လေးတစ်​ခုရှိတယ်​...
သူ့ရဲ့သစ်​ရွက်​​တွေဟာ
အမြဲစိမ်းလန်း​နေတယ်​...
ဆီးနှင်းခဲ​တွေလုံးဝကင်းတဲ့
အေးချမ်းသာယာတဲ့
ပျော်​ဖွယ်​ဥယျာဉ်​​လေးတစ်​ခု
ဒီမှာရှိတယ်​....
ဖူးပွင့်​​ဝေဆာ​နေတဲ့
ပန်း​ရောင်​စုံ​တွေကြားမှာ
ပျားပိတုန်း​တွေ
တဝီဝီနဲ့​ပျော်​​မြူး​နေကြသံကို
ကျွန်​မအတိုင်းသား
ခံစားကြား​နေရတယ်​...
အဲဒီ​​တော့....
အစ်​ကို​ရေ..
ကျေးဇူးပြုပြီး
ကျွန်​မရဲ့ ဥယျာဉ်​ကို
လှမ်းလာလှည့်​ပါ။...။

There is another sky
by Emily Dickinson

There is another sky,
Ever serene and fair,
And there is another sunshine,
Though it be darkness there;
Never mind faded forests, Austin,
Never mind silent fields -
Here is a little forest,
Whose leaf is ever green;
Here is a brighter garden,
Where not a frost has been;
In its unfading flowers
I hear the bright bee hum:
Prithee, my brother,
Into my garden come!

အစ်​ကိုဖြစ်​သူAustin သည်
မိသားစုနှင့်​အ​ဝေးတွင်​ဒုက္ခ​ရောက်​ဝမ်း​နည်း​နေသည်​ကို ကြားရ​သောအခါEmilyသည်​ Austinအားစိတ်​ဓာတ်​မကျပါနှင့်​၊မိသားစုကမ္ဘာ​လေးတွင်​ပြန်​လာပါဟု အား​ပေး​ရေးဖွဲ့​ခဲ့​သောကဗျာဖြစ်​သည်​....

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 69253.24
ETH 2750.52
USDT 1.00
SBD 2.74