အလောင်းတော်ကသပ ခရီးစဉ် {1}

in #myanmar6 years ago

အလောင်းတော်ကသပ ခရီးစဉ် {1}
16.3.2018 သောကြာနေ့ ည 8နာရီ မှာ ရွှေဆံပင် ပရဟိတ အဖွဲ့မှ ဦးဆောင်သော အလောင်းတော်ကသပ ခရီးစဉ်အား တစ်ဦး 65000ခွဲကျပ်ဖြင့် 4ညအိပ် 5ရက်ခရီး သွားခဲ့တယ်
ဘုရားဖူးဆိုပေမယ့် ဘုရားလည်းဖူးခဲ့ရသလို ရွှေဆံပင် ဆရာတော် ဘုရားကြီးကြောင့် ကုသိုလ်တွေလည်း အများကြီးရခဲ့တယ်
သောကြာနေ့ ညနေ 5နာရီလောက် ကျမတို့ အိမ်က ထွက်ခဲ့ကြတယ် 6နာရီမှာ အမှတ် 3 လမ်းဆုံ zero mile မှာ ဘုရားဖူးကားကို တူကြီးတွေ စကားလေးပြောရင်း ထိုင်စောင့်နေလိုက်ကြတယ်
ဒီတစ်ခါ ဘုရားဖူးကတော့ ကျမ ကုသိုလ်လုပ်ပြီး လိုက်ပို့ ပေးရတဲ့ အတွက် အတိုင်းမသိအောင် ပီတိဖြစ်မိတယ် ကျမတို့ ငယ်စဉ်ကလေးဘဝ ထဲ က ထိန်းကျောင်းပေးခဲ့ တဲ့ အဒေါ်တွေ ကို ကိုယ်ရှာတဲ့ ပိုက်ဆံလေးနဲ့ ဘုရားဖူးကုသိုလ် ယူပြီးလိုက်ပို့ ရတာလောက် ပီတိဖြစ်ဖို့ကောင်းတာ မရှိပါဘူး
ဒီခရီးမှာ ကျမ မိဘတွေ ကျမ ညီမလေးတွေ မပါလာတော့ နည်းနည်းတော့ ဟာတာတာ ဖြစ်မိတယ်
သူတို့ကလည်း စာမေးပွဲရှိတော့ မလိုက်နိုင်ကြဘူးလေ အဲ့ဒါနဲ့ပဲ အဒေါ် 4ယောက် မောင်လေး တစ်ယောက် ကျမနဲ့ဆို အားလုံးပေါင်း ခြောက်ရောက် သွားဖြစ်ခဲ့ တယ် မောင်လေး သေးသေးလေး တစ်ယောက်လည်းပါသေးတယ် တစ်အားဆော့ တစ်အား စကားတက် image
ည8နာရီလောက် မှာတော့ ကျမတို့ စီးရမယ့် ကားကြီး ဆိုက်လာပါတယ် ကြည့်လိုက်တော့ နည်းနည်းတောင် ကြောင်သွားတယ် စိတ်ထဲကနေပြီးပြောလိုက်တယ် ဟယ် ငါတို့ဆီက ထုတ်တဲ့ ကားကြီးပါလားပေါ့ ဟိုတလော က လေးတင် ကိုယ့်ဆီက ထုတ်တဲ့ ကားနဲ့ ဘုရားဖူး ထွက်ချင်တယ်လို့ ပြောလိုက်တာလေ အခုထွက်ရတော့ အံ့သြမိတယ်
အဲ့ဒါနဲ့ အိတ်တွေ ကို ကားအောက်ထဲ ထည့် ကားပေါ်တက် စီးလိုက်ကြတယ် ကားပေါ်တက်ပြီးမကြာပါဘူး ကားစထွက်တယ်
ကားထွက်ပြီး 10မိနစ်လောက်နေတော့ ဘုရားဆင်းဖူးဖို့ပြောတယ် နေပြည်တော် အမြန်လမ်းမှာ တည်ထားကိုးကွယ်တဲ့ သမ္ဗုဒ္ဓေ ဘုရားကို ဆင်းဖူးဖို့ ဆော်သြ သံ ကြားလိုက်တယ် မဆင်းဖူးခင် ရွှေဆံပင် ဆရာတော် ဘုရားကြီးမှ ပေးတဲ့ ရွှေဆံ ပင်တံဆိပ်ပါ အကျီင်္နဲ့ ယောဂီသပတ် တစ်ထည် ရင်ထိုး တစ်ခု ဝတ်ဆင် ပေးဖို့ ပြောတယ် တချို့ကြတော့ ဝတ်ကြတယ် တချို့က မဝတ်ကြဘူး ရင်ထိုးပဲ ထိုးကြတယ်
ကျမလည်း မဝတ်ဖူး ရင်ထိုးပဲထိုးလိုက်တယ် အလှပျက်မှာ စိုးလို့ 😂😂😂 အဲ့ဒါနဲ့ ဘုရား ရှိခိုးကြ ဓာတ်ပုံရိုက်ကြပေါ့ ဘုရားတစ်ဆူ ကို နာရီဝက်ပဲ အချိန်ပေးတဲ့ အတွက် အသဲအသန်ပေါ့ အပေါ့အပါး သွားလိုက်ရင် ဓာတ်ပုံ ရိုက်ချိန်မရတော့ဘူး အိမ်သာမှာ တန်းဆီနေရလို့ 😂😂😂 နာရီ ဝက်ပြည့်တော့ ကားပေါ်ကို လူစုံ တက်စုံရောက်ရှိနေပါပြီ image

ကျမတို့ ဘုရားဖူး အဖွဲ့ ကားကြီး ခရီးဆက်ခဲ့ ပါတယ် တစ်ညလုံးလည်း ကားပေါ်မှာ ဆိုတော့ လုံးဝ အိပ်မရပါဘူး ဒီလိုနဲ့ ဘောနက်ကြီးရောက်တော့ ညစာ စားလို့ရအောင် ကားရပ်ပေးပါတယ် အဲ့ဒီမှာ စားကြသောက်ကြနဲ့ 45မိနစ် လောက်ကြာတော့ ကားစထွက်ပါတယ် ဘောနက်ကြီးကနေ မန္တလေး ရောက်တဲ့ အထိ အစက်မှ မနားပဲ ကျမတို့ကားလေး ခရီး နှင်ခဲ့ကြတယ်
ဒုတိယပိုင်း ကို နောက် pro ကြမှ ဆက်လက် ရှုစားပါရှင် ခရီးသွားပြီး ကုန်ကြမ်း ရှာလာတာလေး ပါ 😂😂😂
အားလုံး ကျန်းမာပါစေ
MSC 231
@coralbright
image by thandar

Sort:  

အတွေ့အကြုံကောင်းလေးတွေပါရှင်

ခရီးသွားချင်​လာပြီ​နော်​။

Yes ချစ်မ

မရောက်ဖူးသေးဘူး သွားလည်ချင်မိ...

ရောက်အောင် သွားပါ ဖူးသင့်တယ်

မရောက်ဖူးသေးဘူး၊သွားချင်တာ

သွားသင့်တဲ့နေရာလေးပါ

ခရီးသွားနေတာ အားကျတယ်။ခရီး သိပ်မသွားဖြစ်လို့။

မရောက်ဘူးသေးဘူးသွားချင်တယ်😊

အရမ်ကြည်ု့ကောင်းတယ် အကို သွားဖြစ်အောင် သွားပါ

ဘုရားသွားဖူးတာလား ကုန်ကြမ်းသွားရှာတာလား မသဲကွဲဘူး :-)

ကိုယ်​တိုင်​သွား​နေရသလိုပဲ

ကျေးဇူးပါ

ပျော်ခဲ့တယ်ပေါ့

ပျော်တာပေါ့

မ​ရောက်​ဖူး​ဘေူး သွားချင်​တယ်

သွားသင့်တဲ့နေရာလေးပါ

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.028
BTC 65342.69
ETH 3543.20
USDT 1.00
SBD 2.39