Friends(အထက်အညာ . .လှမ်းလို့လာခဲ့ပါ)

in #myanmar7 years ago

image
ညတစ်ည မယ် မိုးလေးက တဖွဲဖွဲ ရေဒီယိုလေး သတင်းနားထောင် ချင်းတွင်းမြစ်ရေတွေ စိုးရိမ်ရေအမှတ် ကျော်နေပြီတဲ့ အော် ကောင်းလိုက်တဲ့ မိုး မြစ်ဖျားဆီမယ် ထင်ပါရဲ့လေ လို့ တွေးနေအခိုက် မနက်ဖြန် ယာခင်းလေး ထည်ထိုးဖို့ ရှိနေပြီ
အိမ်နီးနားချင်း ကိုညိုနဲ့ ကိုသာအေးကို ထွန် လက်စားလိုက်ဖို့ သွားပြောဖို့ မေ့နေလိုက်တာ လေ ရေနွေးချမ်းလေး ခါးခါးတခွက်သောက်ပြီး မနက်ဖြန်အတွက် အလုပ်စီစဉ်ဖို့ စရပြီလေ
ဗျို့ ကိုသာအေး ခေါ်လိုက်ချိန်မယ် ကိုသာအေးအိမ်ပေါ်မယ် ကိုညိုပါ ရှိနေတော့ အလုပ်အတွက် အဆင်ပြေသွားရောနောက်တစ်အိမ်ထပ်မသွားရတော့ဘူး
မနက်ဖန် ကျနော့အကွက်လေး ထည်ပါးပါးလေး ထိုးပြီး ရေမြောင်းဖောက်ထားချင်လို့ဗျာ ကိုသာအေးနွားတစ်ချဉ်းနဲ့ ကိုညိုပါ လက်စားကူပါဦးလို့ လာပြောတာပါလို့ စကားခံရင်း ရေနွေဝိုင်းထိုင်ပြီး တိုင်ပင်ညှိနေခိုက် မိုးလေးက တော့ မရွာတော့ ဖဖွဲဖွဲလေးဆို မနက်ဖြန် ထွန်ဆင်းလို့ကွက်တိပေါ့လေ ဆိုပြီး အလုပ်စဉ်ခဲ့ရတယ်လေ image
မနက်မိုးလင်းတော့ ယာခင်းထဲသို့ အိမ်ကနွားတစ်ချဉ်းနဲ့ နွား၃ချဉ်းချီတက်ရနေသည် အညာဒေသ ဆိုတော့ မနက်ခင်း အစောလာ မနက်စာထမင်းချမ်း ကတော့ ထန်းတပြားပေါ့ ၉နာရီ၁၀နာရီလောက်မှ လယ်ကွက်တည်းမယ်ဘဲ နားရင်း စားလိုက်ကြတယ်လေ image
ဘာဟင်းလည်း မမေးနိုင် ဆာဆာနဲ့ နွားလေးတွေလည်းနား ကိုယ်လည်းစားပေါ့လေ ခရမ်းချဉ်သီးထောင်း စပ်စပ်နဲ့ ပဲနီပြုတ် တကယ်ဟုတ်တယ်ဗျာ ရေနွေးလေးသောက်လိုက်နဲ့ မိုးမရွာခင် ရေမြောင်းဖောက် ထည်ပါးပါးပေးရင်း အလုပ်ကို ကြိုတင်လုပ်ရတာကလည်း တောဓလေ့တစ်ခုပေါ့လေ မွန်းတည့်တော့ ထွန်သိမ်း နေမိရင် နွား ဆီးဖမ်းမယ် စိုးလို့ စာကျက်ဆီသို့ လွှတ်ရပါတော့တယ် image
ညနေရောက်တော့ နွားလေးကျောင်း ယာခင်မယ် အခြားနွားဝင်မစားအောင် စိုက်ပျိုးထားတာ ထိမ်းသိမ်းရနဲ့ အိမ်ကိုတောင်မေ့နေလျက်နေရဲ့ image
ကောင်းကင်ကြီးက ပြာနေသော်လည်း တိမ်သားတွေက ဝေနေတယ် အနောက်တောင် မုတ်သုန်လာရင် တော့ ရွာချလိုက်မည့် မိုးရေပေါ့လေ နွားတွေကတော့ စားကျက်မယ် တွန်လို့ မြူးလို့ စားလို့ပေါ့လေ အထက်အညာဒေသကို ကြုံကြိုက်ရင် အလည်လာခဲ့ပါ နွေရာသီဆို ထန်းရည် မိုးရာသီဆိုရင်တော့ ရေနွေးပေါ့ ဆောင်းရာသီဆို ကောက်ညှင်းပေါင်း အဝကျွေးပါ့မယ်လို့ steemit friendsများကို ဖိတ်ခေါ်လျက်ပါ တကယ်လာလည်စေချင်ပါဘိ
@chitnaingoo
photo- ရွှေညာသား

Sort:  

မိုးရာသီ ဆိုတော့ မြွပေါမှာပေါ့

ကြောက်ပါနဲ့အေ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64078.16
ETH 3471.05
USDT 1.00
SBD 2.52