ပုဂံဘုရားဖူးsteemCreated with Sketch.

in #myanmar7 years ago (edited)

IMG_20160807_095346.jpgမဂ်လာပါ ပုဂံကိုပထမဆုံးဘုရားဖူးရောက်တုန်းကပေါ့
မနက်၆နာရီလောက်မှာညောင်ဦးမြို့ကိုစပြီးရောက်တယ် ရောက်ရောက်ချင်းရွှေစည်းခုံဘုရားကိုဖူးကြတယ် အဲနောက်မှာတော့ အလိုတော်ပြည့်ဘုရားကိုဆက်ဖူးမိတယ် ရွှေရောင်တွေတလက်လက် နေအလာမှာရွှေခြည်ဖြာတဲ့အတိုင်းပါပဲ အတွင်းလှိုင်ခေါင်း ထဲကရုပ်ပွားတော်လေးဆူဖူးမျော်ကြည်ညိုရင်းဘုရားစောင်းတန်းထဲက အုန်းသီးမုန့်လေးစားရတာ ဟာနေတဲ့ဗိုက် ပိုဆာသွားတယ် ဒါကအမှတ်တရပေါ့
ဒါနဲဖိုးသူတော်ရုပ်ထုကြီးမှာလည်းပုံတွေရိုက်တာ မင်းသားမင်းသမီးကိုရူံးရော ဒါနဲ့စူဌာမဏိကိုဆက်ဖူးကြတယ် ကျိန်စာတွေထဲမှာစူဌာမဏိဘုရားကျိန်စာကကြောက်စရာအကောင်းဆုံးပဲလို့ ကြားဖူးတယ် ဘုရားထဲမှာလည်းရေးခြစ်ထားတဲ့အင်းတွေ မန္တန်တွေလည်းတွေ့ခဲ့ရတယ် စူဌာမဏိမုဒ်ဦးကနေပြန်အထွက် မြင်လိုက်ရတာက ပုဂံမှာ ထုထည်အကြီးဆုံးဓမ္မရံကြီးဘုရားကိုလှမ်းပြီးတွေ့ရတယ် ကြားခဲ့ဖူးတယ်စာအုပ်တွေထဲမှာ နရပသေ့စည်သူမင်းရဲ့စိတ်နေသဘောထားကိုသိချင်ရင်ဓမ္မရံကြီးဘုရားကိုကြည့်ရင်သိနိုင်တယ်တဲ့ တကယ်လည်းဟုတ်တယ် ညို့မိုင်းပြီးစိတ်ကိုရူပ်ထွေးစေတယ်နေပူထဲမှာတောင်ုမြူတွေအုပ်ဆိုင်းနေသလိုပါပဲ နရပသေ့မင်းဟာအဖေနဲ့ညီကိုတွေကိုသတ်ပြီးထီးနန်းရတဲ့အတွက် သူ့စိတ်ဟာဘယ်တော့မှစိတ်မချမ်းသာရဘူးအမြဲပဲရူပ်ထွေးလေးလံနေရတယ် ဒါကြောင့်သူကိုးကွယ်တဲ့ဆရာတော်က သူ့စိတ်တွေကြည်လင်အောင် ဓမ္မရံကြီးဘုရားတည်ထားခဲ့တယ်လို့ရာဇဝင်တွေမှာဖတ်ခဲ့ဖူးပါတယ် ရှေးစကားပုံတခုမှာ အနုမှာအန္ဒနာ ထုမှာဓမ္မရံ အမြင့်မှာသဗ္ဗုညု လို့ဆိုထားတယ် ဆက်ပြီးသွားရာကနေ ဓမ္မရံဘုရား ကိုဖူး....ပြီးတော့သဗ္ဗုညု ကိုဝင်ဖူးကြတယ်သဗ္ဗုညုဘုရား ညဏ်တော်ဟာပုဂံမှာအမြင့်ဆုံးပဲ မြတ်စွာဘုရားရဲ့သဗ္ဗုညုတညဏ်တော်ကိုရည်စူးပြီးတည်ထားတယ်လို့ဆိုရိုးရှိပါတယ် စာဖတ်ပရိတ်သတ်များခင်ဗျာ ဒီနေမှာတင်ကျွန်တော့် ရဲ့ပုဂံဘုရားဖူးခရီးစဉ်လေးကိုခေတ္တရပ်နားခွင့်ပြုပါ ဆက်လက်၍ သူငယ်ချင်းများအတွက် ကြိုးစားပေးအုံးမှာပါ...လေးစားစွာဖြင့်
....................chitminthu.....

Sort:  

စာကိုနည်းနည်းရှည်ရှည်ဆွဲဆန့်ပြီးရေးပါ တိုလွန်းပါတယ် စိတ်ကူးထဲပေါ်လာတာ အကုန်ချရေးပါ နောက်ဆုံးမှ ခေါင်းစဉ်တပ်လိုက်ရင် အားလုံး အဆင်ပြေပါတယ်ညီရေ ဆက်လက်ကြိုးစားနိုင်ပါစေဗျာ အောင်မြင်ပါစေ

ဟုတ်ကဲ့ပါဗျ အလုပ်တဖက်နဲ့မို့ပါ ဒီ့ထက်ကောင်းအောင်ထပ်ရေးပေးပါအူးမယ်ဗျ အဆက်ကိုရှည်အောင်ရေးပေးပါ့မယ်

ncient ပါ tags မှာ မှား​နေတယ်

စာတွေ များများ ရေးနိုင်ပြီး coin တွေ စုနိုင်ပါစေဗျာ

ကျေးဇူးပါဗျ

ဒီထက်ပိုပြီးရေးနိုင်တွေးနိုင်ပါစေဗျာ
ကိုယ့်ဦးနှောက်ကလာတဲ့ အတွေးစာတွေက
ရေးဖွဲ့မကုန်နိုင်ပါဘူး
good postလေးပါဗျာ

စာရှည်ရှည်ရေးဖို့
tag linkမှန်ဖို့သတိပေးတဲ့ ညီကိုတွေရဲ့ အားဖြည့်မှုစကားလေးတွေကိုလည်းနားထောင်ပေးအုံးနော်

copyဆိုတာရှက်စရာမို့
steemitက တားမြစ်တာပါ..
copyမဟုတ်ရင် အကြိုက်သာရေးပစ်လိုက်
ရှည်ချင်သလောက်ရှည်ပစေ.. ဟီး😁

ဟုတ်ကဲ့ပါအကို နားထောင်ပါ့မယ်ဗျ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57495.98
ETH 2320.95
USDT 1.00
SBD 2.35