ညီမလေး ဖတ်ဖို့
ညီမလေး ဖတ်ဖို့
မိန်းမတို့အိနြေ္ဒ ရွှေပေးလို့မရ
ငွေပေးလို့ရသည်လို့ မပြောင်းချင်ဘူး။
မိန်းမတို့ဘုန်း ဆံထုံးဆိုတာ ဘယ်မှာလဲ!
နီကြောင်ကြောင် ကေတို့နဲ့ ရှေ့ခွဲနောက်ပြဲတွေ မလိုပါဘူး။
ကာလာစုံမျက်နှာက ပင်ကိုယ်အလှမှ မဟုတ်တာ…ညီမလေး။
အနောက်တိုင်းကို အထင်ကြီးလို့ ကူးစက်လာတာလား မသိ၊ မြင်ရတာ ရင်တမမနဲ့။
အရင်က ယဉ်ခဲ့တဲ့မြန်မာ စကားပုံထဲ မချန်ခဲ့ပါနဲ့ သူများတွေမြင်လို့ဆင်တယ် မပြောပါနဲ့ လူမလှပေမယ့် စိတ်လှဖို့ပဲလိုတယ်… ညီမလေး။
ခေတ်မှီအောင်တဲ့လား!!
အရှက်ကို အသက်နဲ့လဲတဲ့စကား အခုတော့ ပြောင်းရမလားပဲ ခြေမျက်စိဖုံးတဲ့ခေတ် အခုတော့ ပေါင်ပေါ်နေပြီ…
အဲ့ဒါခေတ်တဲ့လား!!
ဘာပဲဖြစ်ဖြစ် ခေတ်ကြီးကိုဆွဲထည့် ခေတ်ဆိုတာ အခုဆင်ခြေတွေ ဖြစ်နေပါလား!
အလှတွေပြစရာမလိုဘူး… အလှကိုမြင်လို့ ကြင်ချင်ရင် အဲ့ကောင်ကို ယောင်လို့တောင် မကပ်မိစေနဲ့ သူ့အချစ်က အချစ်မှ မဟုတ်တာ…ညီမလေး။
'ဘူးကောင်းတော့ စင်ခံ၊ လင်ကောင်းတော့ စံ'
အကြောင်းကန်မှန်မှ အကျိုးမှန်ရ အမျိုးမှန် အဖိုးတန်းလှတဲ့ ဘဝကို မဆိုးမခံလိုက်ပါနဲ့ အတွင်းအလှကို အဆင်းပြစရာမလိုဘူး… ယဉ်နေရင် ဆင်သေတောင် ထကြည့်ပါတယ်… ညီမလေး… ရယ်။