နောင်သံသရာထိမပါရင် ကျေနပ်ပါပြီ

in #myanmar6 years ago

image

နောင်သံသရာထိမပါရင် ကျေနပ်ပါပြီ


ကိုယ့်အပေါ် မလိုစိတ်
ရှိနေသူတွေကို သိပ်သိတာပေါ့။
ကိုယ်က မလိုစိတ်မှ မထားတတ်တာ
အလိုက်အထိုက်ပဲ ဆက်ဆံလိုက်ပါတယ် ။

ရှေ့ တင်တစ်မျိုး နောက်ကွယ်ကျ တစ်မျိုး
ပြောတတ်တဲ့ လူတွေရှိနေတာလည်း သိတယ်။
ဘာလုပ်မှာလည်း သူတို့ ပြောသမျှ
လိုက်ခံစားနေရင် ကိုယ်ဘဲစိတ်ညစ်ရမှာ
မကြားချင်ယောင်ဆောင်နေလိုက်တာ
နားအေးတယ် ။

လိုသုံးတစ်ယောက်လို
ဆက်ဆံတတ်သူတွေလည်း ရှိတယ်လေ
လူလူချင်း ညံ့ဖျင်းတဲ့စိတ်နဲ့ 
ဆက်ဆံတာကိုပြန်ချေပဖို့  စိတ်မဝင်စားဘူး။
တတ်နိုင်သလောက် ကူညီပေးလိုက်တာပဲ။
ကြာလာရင် သူတို့ လုပ်ရပ်နဲ့ သူတို့ 
ရှက်သွားလိမ့်မယ် ။

ကိုယ့်ရဲ့အားနည်းချက်ကို ထိုးနှက်ဖို့ 
ချောင်းမြောင်းနေပြီး အခွင့်သာရင်သာသလို
ဆွဲချနေတဲ့သူတွေလည်း ရှိနေတာ သိတာပေါ့
ပြန်တုန့် ပြန်ဖို့  စိတ်မဝင်စားဘူး
အရေးမပါတာတွေအတွက် အချိန်မပေးနိုင်လို့ 
ကိုယ့်အလုပ် ကိုယ်လုပ်နေလိုက်တယ်
အချိန်တန်ရင် မောလာပြီး
ရပ်တန့် သွားကြပါလိမ့်မယ် ။

ကိုယ်ကလည်း အရာရာပြည့်ဝ
နေသူတော့ မဟုတ်ဘူး။ ဒါပေမယ့်
ပိုင်ဆိုင်ထားတဲ့
လူ့ ဘဝသက်တမ်းတိုတိုလေးကို

အကျိုးမရှိ အချိန်ဖြုန်းပစ်တာမျိုး
မလုပ်ချင်ဘူး
အရေးမပါတာတွေအတွက်
စိတ်တွေမွန်းကြပ်သွားတာမျိုး လက်မခံဘူး။
တစ်ပါးသူတွေရဲ့ လောင်းရိပ်မိပြီး
ထွက်ပေါက်ပိတ်နေတာမျိုးလည်း မလိုလားဘူး
ကဲ့ရဲ့ဝေဖန်သံတွေကြောင့်
ကိုယ့်ကိုကိုယ်သိမ်ငယ်စိတ်တွေ
ဝင်လာတာမျိုးကို လုံးဝလက်မခံနိုင်တာ
ကိုယ့်ကြောင့်လည် တပါးသူတွေ
ထိခိုက်စေမဲ့အရာ အကုန်ရှောင်ကျဉ်တယ် ။

ဘာလုပ်မှာလည်း
မကောင်းတဲ့စိတ်မွေးမြူ နေလို့ 
နက်ဖြန်တောင် မသေချာတဲ့
လူ့ ဘဝကြီးကို လူအချင်းချင်း လှည့်ပတ်နေလို့ 
ရိုးရှင်းစွာပဲ ရှင်သန်ချင်တယ် ။

ကံ ' ဆိုတာအလုပ်
ကံ ' ကံ၏အကျိုးကိုလည်းသိတယ်
ကိုယ်စိုက်သမျှ ကိုယ်ပြန်ရိတ်သိမ်းရမှာလည်း
သိနေတယ်
ဒါကြောင့် ဘယ်သူဘာပြောပြော '
ဘယ်သူဘယ်လို တိုက်ခိုက်နေပါစေ
ကိုယ်လုပ်တာ ကိုယ်သာ အသိဆုံးမို့ 
လိုက်မခံစားတတ်သလို
မလိုစိတ်လည်းမထားတတ်လို့ 
ပူလောင်စိတ်ကင်းပြီး
ကိုယ့်ဘဝနဲ့ ကိုယ် သာယာပါတယ် ။

" တချို့ အရာတွေက ပေးဆပ်မှုနဲ့  မတန်အောင်
နစ်နာသွားလည်း ဝမ်းမနည်းဘူး
နောင်သံသရာထိ ပါမလာရင် ကျေနပ်တယ် "

#Crd မူရင်းရေးသားသူအားcredit ပေးပါသည်
မျှဝေသူ😃😃😃😃အဖြူ ရောင်

Sort:  

Reply to my last blog post everytime you make a blog post and I will upvote and resteem it for free to my 36,000+ followers. @a-0-0

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 60728.87
ETH 2661.87
USDT 1.00
SBD 2.50