ဘဝဆိုတာ စိတ်ညစ်စရာလား

in #myanmar6 years ago

image

ဘဝဆိုတာ စိတ်ညစ်စရာလား


'' လောက '' မှာ...
ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း
'' ကိုယ်ပါပဲ ''
ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း
'' ကိုယ်ပါပဲ ''

ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း
'' ကိုယ်ပါပဲ ''
ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း
'' ကိုယ်ပါပဲ ''

'' အဓိက '' က ကိုယ့်ရဲ့ '' စိတ် '' ပါပဲ
စိတ် ဆိုတာက ကြောက်ဖို့ကောင်းပါတယ်
'' စိတ် ''ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့
ဆေးတစ်ခွက် ဖြစ်နိုင်ပြီး မကောင်းတဲ့
'' စိတ် ''တွေ ထားမယ်ဆိုရင်တော့
ကြောက်စရာကောင်းတဲ့ ဘေးအန္တရာယ်
တစ်ခု ဖြစ်သွားနိုင်ပါတယ်
ကဲ အဲ့တော့ အရေးအကြီးဆုံးက မိမိကိုယ်
မိမိ စိတ်ချမ်းသာအောင်ထားဖို့ နဲ့ တန်ဖိုး
ရှိအောင်နေထိုင်ဖို့ ပဲ မဟုတ်လား

ဥပမာ - ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ
သင်ကိုင်ထားသရွေ့ ကတော့ အဲ့ဒီ '' အပူဒဏ် ''ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ သင် လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့
ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ်

ဒီလိုပဲ သင့်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သင်တွေးနေသရွေ့ စိတ်ညစ်စရာတွေ
ဟာ ပိုကြီးထွားလာပြီး သင်ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ

ဒါတွေကို မတွေးတော့ပဲ ဖြေရှင်းဖို့ နည်းလမ်းရှာမှသာ အဆင်ပြေမှာပါ
တစ်ချို့က အိမ်အတွက်စိတ်ညစ်ကြတယ် တစ်ချို့က ချစ်သူရည်းစားအတွက် တစ်ချို့က အလုပ်အတွက် ငွေကြေးပြဿနာအတွက်
အစရှိတဲ့ စိတ်ညစ်မှုမျိုးစုံပေါ့၊
ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ
ကိုယ့်ကိုယ်ကို '' ပြစ်ဒဏ် '' ပေး
အကျဉ်းချနေတာပါ
'' အဓိက '' ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာဖို့ ပါပဲ

တွေးတတ်တာ လူ့သဘာဝလို့ မပြောပါနဲ့
တွေးတတ်လေလေ ပူလေလေပါပဲ

'' အကျိုးရှိရင် အကြောင်းရှိသလို ''
အခက်အခဲ ရှိရင် ဖြေရှင်းလို့ ရမယ့်နည်းလမ်းဆိုတာရှိစမြဲပါ သင်ဟာ လွန်ခဲ့တဲ့ ၂ / ၃ နှစ်တုန်းကလည်း စိတ်ညစ်စရာ ပျော်ရွှင်ကြည်နူးစရာတွေ
ရှိဖူးမှာပါ ဒါတွေကခုချိန်မှာအတွေ့အကြုံ
နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ

အပျော်တွေနဲ့ပဲနေပါ အပျော်တွေကို ဖန်တီးပါ စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။
'' လောက '' ကြီးက '' စိန်ခေါ်မှု'' တွေ အရမ်းများတယ် ဆုံးရှုံးမှုဒဏ်တွေ ဝမ်းနည်းကြေကွဲမှု ဒဏ်တွေ ကို သင်မခံနိုင် ရင် '' စိန်ခေါ်မှု'' တွေ များတဲ့ လောကကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မလဲ စဉ်းစားစမ်းပါ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့နည်းနဲ့ဖြေရှင်းမှားလား
ဒါဆို သင်ဟာ '' လုံလောက်တဲ့ '' ရင့်ကျက်မှုမရှိသေးလို့ ဆိုတာ မမေ့ပါနဲ့
" လုံလောက်တဲ့ ရင့်ကျက်မှုရှိသူတိုင်းဟာ '' ကိစ္စတိုင်းကို ထည့်တွက်မနေကြပါဘူး
ကိစ္စတိုင်းကို ထည့်တွက်နေမယ်ဆိုရင်
လည်းအချိန်က လောက်မှ မလောက်တာ
ထည့်တွက်မိတော့ သူများအပူထုတ်ထဲ
ကိုယ်ပါသွားတော့တာပဲ

'' ပူလောင်မှု'' ကိုခံစားနေရတယ် ဆိုတာ ''မေတ္တာ'' စိတ်မရှိလို့ ပါ
ပြီးတော့ ''အတ္တ'' စိတ်ကြီးနေတာ မိမိ ကိုယ် မိမိ ချစ်တာ မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ မိမိ မာနကို ရှေ့ တန်း တင်ပေးနေတာ ဒီတော့ ဒါတွေ မဖြစ်
အောင် သင် စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင် သင့်ရဲ့" စိတ် " ကိုသတိမလွတ် စောင့်ကြည့်ကြည့်စမ်းပါ

အရင်ငြိမ်းချမ်းသွားမှာက သင်ပါ
လူတစ်ယောက်ရဲ့'' အမှား ''ကို မေ့ပစ်ခြင်း
ဟာလည်းအကောင်းဆုံး ''ကလဲ့စား'' ချေခြင်းတစ်မျိုးပါပဲ

'' ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ '' တဲ့
မိုးလည်း ( ၁၂ ) ရာသီ လုံးလိုက်မရွာ နိုင်ပါဘူး
( သူလည်းအားချင်မှအားမှာလေ )
smile emoticon

'' မုန်တိုင်း '' ပြီးရင်တော့ '' လေပြေ '' ရောက်လာစမြဲပါ
'' အကောင်းဆုံး ''တွေ လာဖို့  အဆိုးတွေ အရင် လာလည်တာပါ
'' နေရိပ် '' ကို လိုချင်လို့ နေပူထဲ ရပ်စောင့်နေရပါလားလို့ အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ
ငါ '' ပေ '' ဖြစ်နေလို့ ခံနေရတာ '' တူ ''ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ် မွေးကြည့်ပါ

လူ့ဘဝ ဆိုတာ တစ်ကယ်တော့ ခဏတာ လေးပါ အဲ့ထဲမှာ သင်က
ထမင်းစားဖို့ အသက်ရှင်နေတာလား
အသက်ရှင်ဖို့  ထမင်းစားနေတာလား
ဘယ်လိုလဲ အရင်တွေးပါ
''ကာဗွန် '' ခြင်း တူရင်တောင် မီးသွေး အဖြစ်မခံပါနဲ့ တန်ဖိုးရှိတဲ့ '' စိန် '' ပဲ ဖြစ်အောင်ပဲကြိုးစားပါ

သင်အလုပ်တွေ လုပ်နေရင်းနဲ့ ပညာတွေဆက်ရှာပါ အမြဲမပြတ် လေ့လာပါ သင်ယူပါ ပြီးတော့ လူသား
တွေကို အကျိုးပြု နိုင်တဲ့ '' ပရဟိတ '' တွေများများလုပ်ပါ များများလှူပါ
ကူညီပါ ဖေးမပါ စိတ်ကောင်းထားပါ
"ရိုးသားစွာ" ကြိုးစားပါ
ကဲ ဒါဆို သင် ဘဝတစ်ခုလုံးအတွက် "တန်ဖိုး" ရှိစွာနေထိုင်နိုင်တဲ့ '' လူ '' တစ်ယောက်ဖြစ်သွားနိုင်ပါပြီ
smile emoticon

စိတ်ရဲ့ငြိမ်းချမ်းမှုရအောင် အာရုံ
နောက်ကို စိတ်မလိုက်မိဘို့ လိုပါမယ်
အာရုံတွေနောက် စိတ်လိုက်မိနေသမျှ
စိတ်ညစ်စရာတွေ တွေ့နေရမှာပါပဲ
နောက်ပြီး အတွေးနယ်ချဲ့တာဟာလည်း မိမိကိုယ်ကိုမိမိ အနုနည်းနဲ့ စိတ်ညစ်စရာ
ရှာခြင်းပါပဲ တွေးတတ်တဲ့သူမှန်လေလေ
ပူပင်သောက ဖြစ်လေလေပါ

အသိတစ်ခု ရကြပါစေ။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60793.36
ETH 2909.65
USDT 1.00
SBD 3.64