မန်ယူအသင်းဗိုလ်စွဲသွားနိုင်သည်ဟု ကစားသမားများကို ဂွာဒီယိုလာသတိပေး
မိမိတို့အားကျော်ဖြတ်ပြီး မန်ယူအသင်းဗိုလ်စွဲသွားနိုင်သည်ဟု ကစားသမားများကို ဂွာဒီယိုလာသတိပေး
မန်စီးတီးနည်းပြဂွာဒီယိုလာက မန်ယူအသင်းမှာ ရာသီကုန်လက်ကျန်ပွဲစဉ်အားလုံးကိုအနိုင်ကစားပြီး မိမိတို့အားကျော်ဖြတ်ကာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သွားနိုင်ကြောင်း အသင်းသားများအားသတိပေးသွားခဲ့သည်။ မန်စီးတီးအသင်းမှာ ပြီးခဲ့သည့်မန်ချက်စတာဒါဘီပွဲစဉ်တွင် မန်ယူအသင်းကိုအနိုင်ရလိုက်မည်ဆိုပါက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည်ဖြစ်သော်လည်း ၂-၀ နှင့်အနိုင်ရခဲ့ပြီးမှာ ဒုတိယပိုင်းတွင် သုံးဂိုးပြန်ပေးလိုက်ရပြီး ၂-၃ ဖြင့်ရှုံးနိမ့်သွားခဲ့မှုကြောင့် ချန်ပီယံဆုကိုသေချာစေရန် နောက်ထပ်နိုင်ပွဲနှစ်ပွဲစောင့်ဆိုင်းရဦးမည်ဖြစ်သည်။ ဂွာဒီယိုလာမှာ ဘာစီလိုနာအသင်းကိုကိုင်တွယ်စဉ် ၂၀၀၃-၀၄ ရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းကို ၈မှတ်အသာဖြင့်ဦးဆောင်ခဲ့ပြီးမှာ နောက်ဆုံးလက်ကျန် ၁၂ပွဲတွင် ရမှတ်များဆုံးရှုံးခဲ့ပြီး ချန်ပီယံဘွဲ့ကိုဆုံးရှုံးသွားခဲ့မှုကြောင့် ဘာအရာမှအာမခံနိုင်ကြောင်းသတိပေးစကားဆိုလိုက်သည်။ မန်ယူအသင်းမှာလည်း ကစားသမားကောင်းများနှင့်ဖွဲ့စည်းထားသည့်အသင်းဖြစ်ပြီး ပုံစံကောင်းကိုရရှိနေသလိုလက်ကျန် ၆ပွဲလုံးကိုအနိုင်ကစားနိုင်စွမ်းရှိနေခြင်းကြောင့် မိမိတို့ကိုကျော်ဖြတ်ပြီးချန်ပီယံဖြစ်သွားလိမ့်မည်ဟုခံစားနေရကြောင်းပြောသွားခဲ့သည်။ မန်စီးတီးအသင်းမှာ ချန်ပီယံလိဂ်နှင့်ပရီးမီးယားလိဂ်နောက်ဆုံး သုံးပွဲဆက်ရှုံးနိမ့်ထား ချန်ပီယံလိဂ်မှနုတ်ထွက်ခဲ့ရသည်။ ယခုတစ်ပတ်တွင်လည်း စပါးအသင်း၏အိမ်ကွင်းတွင်သွားရောက်ရင်ဆိုင်ရမည်ဖြစ်ရာ ရလဒ်မကောင်းခဲ့ပါက ပရီးမီးယားလိဂ်ချန်ပီယံဆုမှာ တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်မလားဆိုသည်က စိတ်ဝင်စားစရာကောင်းနေခဲ့သည်။ စပါးနှင့်ပွဲစဉ်တွင် တိုက်စစ်မှူးအဂူရို၊ နောက်ခံလူဂျွန်စတုံးတို့ဒဏ်ရာကြောင့်ပါဝင်နိုင်မည်မဟုတ်သလို ကွင်းလယ်လူ ဖာနန်ဒင်ညိုမှာလည်းပွဲပယ်ခံထားရသည်။
https://www.youtube.com/paulbegley34