My Experience network marketing

in #myanmar7 years ago (edited)

Steemit မိသားစုများ အားလုံး မင်္ဂလာပါ ခင်ဗျာ

ပထမဦးစွာတောင်းပန်ချင်တာကတော့ လက်ရှိကွန်ယက်စီးပွားရေးလုပ်နေသူတွေ ကြိုးစားနေသူတွေကို မရည်ရွယ်ပါဘူး ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိပါဘူး ကျွန်တော့ အဖြစ်အပျက် ကိုယ်တွေ့လေးကို မျှဝေချင်ရုံပါ။

10-Tips-for-Successful-Business-Networking-768x398.jpg

မြန်မာနိုင်ငံရဲ့ ကွန်ယက်စီးပွားရေးသက်တမ်းဟာ အနောက်နိုင်ငံတွေလောက် သက်တမ်းမကြာသေးပေမယ့် လက်ရှိအိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံ တွေထက် ကွန်ယက်စီးပွားရေးလုပ်ဆောင်မှုဟာ မြန်ဆန်မယ်လိုကျွန်တော်ထင်ပါတယ်။ ကျွန်တော် ပထမဆုံးသိခဲ့ရတာဟာ လင်ဇီး ကုမ္မဏီ တစ်ခု ပါ အဲ့တုန်းကလဲ ငယ်ရွယ်သေးတဲ့ အချိန် အသိပညာမကြွယ်ဝသေးတော့ အလုပ်မလုပ်ချင်ပဲ အပျော်ဘက်ပဲ အားသန်ခဲ့တော့ မလုပ်ဖြစ်ခဲ့ပါဘူး နောက်ပီး ဈေးနှုန်းအနေနဲ့ က ကျွန်တော်တို့ လိုသာမန်လူတန်းစားတွေအတွက် လုပ်ကိုင်ဖို့ အရမ်းကိုအလှမ်းဝေးခဲ့တော့ မလုပ်ကိုင်ဖြစ်ခဲ့ပါဘူး ခေတ်တစ်ခေတ်ဆိုရမလားပဲ နောက်ထပ်ထပ်ရောက်လာခဲ့တဲ့ တစ်ခုကတော့ အလှကုန်တွေနဲ့ ပတ်သက်တာရယ် ငွေကြေးအနေနဲ့ သိပ်ပီး မရင်းနှီးရတာရယ် ကို ကြည့်ပီး လုပ်ဖြစ်ပါတယ်။

အဲ့အချိန်ကတော့ ကျွန်တော် ဟာ အတန်အသင့်ကိုယ်ပိုင်လုပ်ငန်းလေး တစ်ခု အခြေချလုပ်နေစဉ်မှာ ငယ်သူငယ်ချင်းဖြစ်တဲ့သူ (သူကတော့လုပ်ငန်းရှင်သူဌေးတယောက်သားပေါ့) က ကိုယ့်ကို ငွေရစေချင်တဲ့ စေတနာနဲ့ ပထမဦးဆုံး လှမ်းခေါ်တော့ သူဆီ့သွားပီးလေ့လာရင်း စလုပ်ဖြစ်တာကနေ ကွန်ယက်စနစ်က ဘာတွေကောင်းလဲ ဆိုးလဲ ဆိုတာကို တွေ့ကြုံလာခဲ့ရပါတယ်။ အမှန်တကယ် ရောင်းချသူအနေနဲ့သာ လုပ်ကိုင်မယ်ဆိုရင် ၀င်ငွေတကယ်ကောင်းကောင်းရခဲ့မှာပါ ဘာလို့လဲ ဆိုတော့ ပေးတဲ့ ကော်မရှင်က အပြင်မှာ ၀န်ထမ်းလုပ်သူတွေလုပ်တာထက်ကို ပိုများပီး ပိုလွတ်လပ် ပိုအချိန်ရနေလို့ပါ။ ပထမတော့ လုပ်ရတာ ပျော်ရွင်တက်ကြွစွာနဲ့ သင်ကြားပေးသလို ပြောခဲ့တာပါ အမှန်တကယ်လဲ ၀င်ငွေ ရခဲ့ပါတယ် ကိုယ့်ကို ယုံကြည်ကြတဲ့ အားပေးကြတဲ့ ပရိသတ်က လဲ ရှိပိးသားဆိုတော့ ပစ္စည်းက ဈေးနှုန်းမြင့်နေသော်လည်း အရောင်းပိုင်းမှာ အတွေ့အကြုံရှိပီးသား ကျွန်တော့အပြောမှာ မျောကြတာပေါ့ဗျာ ဒါပေမယ့် ကွန်ယက် တည်ဆောက်ခိုင်းတဲ့အခါမှာကျတော့ အခက်အခဲ ဖြစ်လာရတယ် ဘာလို့လဲဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားမှု ကျွမ်းကျင်မှု မတူညီတဲ့အခါမှာ ကိုယ်လိုပဲ သူတို့ လိုက်မလုပ်နိုင်ကြတာတွေ့ခဲ့ရပါတယ်။

နောက်ပီး ကိုယ့်ရှေ့က အရင် ကြိုးစားခဲ့ကြတဲ့ ၀င်ငွေရနေတဲ့ လူတွေ ရဲ့ အပြောအဆိုလေးတွေလိုက်ပြောဖို့ကျ မွေးကတည်းက တစ်ဇွတ်ထိုး နိုင်ပီးခေါင်းမာတဲ့ ကျွန်တော်ဟာ ကိုယ့်ခံယူချက်နဲ့ မကိုက်ညီပြန်တော့ ၃လ လောက်လုပ်အပြီးမှာ ကိုယ်ပိုင်လုပ်ငန်းလေးကိုပဲ ပြန်လည်လုပ်ကိုင်လိုက်တော့ ကိုယ်ရဲ့ မိတ်ဆွေတွေ ကလဲ စားသုံးသူ အဖြစ်ပဲ ရှိနေပီး ကွန်ယက်ကို မလုပ်တတ်ကြတဲ့သူတွေဖြစ်နေပြန်တော့ ၀င်ငွေက အဲ့မှာတင်ရပ်သွားခဲ့ပါတယ်။ အဲ့တာက ကျွန်တော့ ရဲ့ အဖြစ်မှန် လွန်ခဲ့တဲ့ ၅နှစ်ကျော်လောက်က အဖြစ်အပျက်တစ်ခုပါ အဲ့တုန်းကတော့ လူတွေ ဟာ ကြိတ်ကြိတ်တိုး အလုအယက်လုပ်နေတဲ့ အချိန်ဖြစ်သလို ဒီစီးပွားရေးမှ မလုပ်ရင် ခေတ်မမှီသလိုပြောနေကြတဲ့ အချိန်ပေါ့ဗျာ နောက်ပီး ကျွန်တော် ကတော့ ကိုယ့်အတွေနဲ့ ကိုယ် ရောင့်ရဲစွာ ကိုယ်ပိုင်စီးပွားရေးလုပ်နေရင်း ကျွန်တော်သူငယ်ချင်း ဖြစ်တဲ့သူက တော့ ၀င်ငွေတွေ ရာချီထောင်ချီ ရနေတာ ကို ကြားပီးဝမ်းသာနေရတဲ့အချိန်ပါပဲ ကိုယ်လျောက်တဲ့လမ်းကို ငွေမရတောင်အဲ့အချိန်က ပျော်ရွှင်နေခဲ့တယ် ဘာလို့လဲဆိုတော့ ကိုယ်ပိုင်ရွေးချယ်ခဲ့တဲ့လမ်းမို့လို့ပါ ကျွန်တော့ ဘ၀ရဲ့ ကွန်ယက် လုပ်ငန်းစတင်လုပ်ကိုင်ခဲ့တာကို အမှတ်တရ ပြန်လည်မျှဝေပေးတဲ့ ပထမအပိုင်းလေးပါ။ နောက်ထပ်လဲ အတွေ့အကြုံ ထပ်ရေးပါဦးမယ် အစဉ်လေးစားလျက်ပါ။

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 63001.43
ETH 3365.59
USDT 1.00
SBD 2.45