ခြ​င်္သေ့

in #myanmar6 years ago

image

မင်္ဂလာပါ။ ကျွန်​​တော်​တို့​တွေ ငယ်​ငယ်​တုန်းက တိရိစ္ဆာန်​ရုံမှာ သွားသွားကြည့်​ခဲ့ရတဲ့ တိရိစ္ဆာန်​​တွေအများကြီးရှိခဲ့ပါတယ်​။ ယခုဆိုရင်​​တော့ ပိုပိုပီး​တော့​တောင်​ တိရိစ္ဆာန်​မျိုးစိတ်​​တွေများလာပါပီဗျ။ အဲ့ဒီထဲကမှ ခြ​င်္သေ့ အ​ကြောင်းကို တတ်​သ​လောက်​ မှတ်​သ​လောက်​​လေး ​ရေးချင်​မိပါတယ်​။

ခြ​င်္သေ့ဆိုရင်​ အားလုံးရဲ့အမြင်​မှာ လည်​ဆံ​မွှေး​တွေနဲ့ ကိုယ်​ထည်​​တောင့်​​တောင့်​ အ​ကောင်​ကြီးတစ်​​ကောင်​ကို ​ပြေးမြင်​မိပါလိမ့်​မယ်​။ သူ့ကိုကြည့်​ရင်​ အကြမ်းအားဖြင့်​ အိမ်​​မွေးတိရိစ္ဆာန်​ ​ကြောင်​​လေး​တွေနဲ့ ဆင်​တူပါတယ်​ဗျ။ ကျားဆိုတဲ့ သတ္တဝါကိုလည်း ​ကြောင်​ကြီးမျိုးလို့ ​ခေါ်ကြတဲ့သူ​တွေရှိကြပါတယ်​။ ခြ​င်္သေ့​တွေလည်း ​ကြောင်​ပုံစံပါပဲ။ ဒါ​ပေမဲ့ ကိုယ်​ထည်​ပိုကြီးပါတယ်​။ ပုံစံက​တော့ မူပိုင်​ပုံစံရှိပါတယ်​။ ခြ​င်္သေ့ကို ​တောဘုရင်​လို့​တောင်​ ​ခေါ်​ဝေါ်ကြပါတယ်​။ ခြ​င်္သေ့​တွေက ဂူထဲမှာ ​နေကြတာများပါတယ်​။ သူတို့ညဘက်​အချိန်​ အိပ်​စက်​အနားယူဖို့နဲ့ သား​ကောင်​​တွေကို စား​သောက်​ဖို့အတွက်​ သူတို့ရဲ့ ကိုယ်​ပိုင်​ သဘာဝဂူ​တွေရှိကြပါတယ်​။ အဲ့ဒါ​ကြောင့်​ အမှတ်​မထင်​ ခြ​င်္သေ့ဂူထဲ​ရောက်​သွားမယ်​ဆိုရင်​​တော့ တိရိစ္ဆာန်​​တွေရဲ့ အရိုးစု​တွေကို မြင်​​တွေ့ရနိုင်​ပါတယ်​။

ခြ​င်္သေ့ဟိန်းတဲ့အခါ တစ်​​တောလုံးနှံ့​အောင်​ ကြားရတယ်​လို့ဆိုကြပါတယ်​။ ဒါ​ပေမဲ့ အဲ့ဒီ ဟိန်းတဲ့အသံကို ​လေ့လာကြည့်​တဲ့အခါမှာ​တော့ သူ့ရဲ့ ဟိန်း လိုက်​တဲ့အသံကို ၅ မိုင်​ပတ်​လည်​ထိကြားနိုင်​တာဖြစ်​ပါတယ်​။ ​နောက်​ပီး​တော့ ခြ​င်္သေ့အထီးသာမကပဲ ခြ​င်္သေ့အမများလည်း ဟိန်းကြပါတယ်​။ ကြားရတဲ့အကွာအ​ဝေးကလည်း အတူတူပါပဲ။ ခြ​င်္သေ့ဟိန်းသံက ရည်​ရွယ်​ချက်​အမျိုးမျိုးရှိပါတယ်​။ ကျွန်​​တော်​သိသ​လောက်​​တော့ ခြ​င်္သေ့တစ်​​ကောင်​ရဲ့ အရွယ်​အစားကိုသိရှိ​စေဖို့ ဟိန်းတာရယ်​၊ ကိုယ်​ပိုင်​ အုပ်​စုရှိမယ်​ဆိုရင်​​တော့ သူ့ရဲ့အုပ်​စုကို အချက်​ပြ သတိ​ပေးတဲ့အ​နေနဲ့ ဟိန်းတဲ့အသံရယ်​ဆိုပီး ၂မျိုးရှိပါတယ်​။ခြ​င်္သေ့​တွေက ​မွေးပီးရင်​ အသက်​ ၁၀ နှစ်​က​နေ ၁၄ နှစ်​ထိ ရှည်​ကြတယ်​လို့ ​လေ့လာ​တွေ့ရှိချက်​အရ သိရပါတယ်​ဗျ။ သူတို့ရဲ့အ​ရောင်​က​တော့ အဝါ​ရောင်​ ဒါမှမဟုတ်​ အညို​ရောင်​ ဒါမှမဟုတ်​ အညိုမဲ​ရောင်​ ရှိကြပါတယ်​။ ခြ​င်္သေ့အထီးက​တော့ ခြ​င်္သေ့အမထက်​ ကိုယ်​ထည်​ပိုကြီးပါတယ်​။ လည်​ဆံ​မွှေး​တွေပါရှိပီး​တော့ အမြှီးအဆုံးမှာလည်း အ​မွှေး​လေး​တွေပါရှိပါတယ်​။ ခြ​င်္သေ့အမများက​တော့ ခြ​င်္သေ့အထီးထက်​ ကိုယ်​ထည်​ငယ်​ပါတယ်​။ လည်​ဆံ​မွှေးမပါရှိပါဘူး။ အမြှီးအဆုံးမှာလည်း အ​မွှေးမပါဝင်​ပါဘူး။

ခြ​င်္သေ့​တွေက နို့တိုက်​သတ္တဝါအမျိုးအစား​တွေဖြစ်​ကြပါတယ်​။ ခြ​င်္သေ့​တွေကို ဂူတစ်​ဂူထဲမှာ တစ်​​ကောင်​တည်း​နေထိုင်​ကြတယ်​လို့ သိရှိကြ​ပေမဲ့ အာဖရိကတိုက်​မှရှိတဲ့ ခြ​င်္သေ့​တွေက​တော့ အပ်​စုလိုက်​​နေထိုင်​ပါတယ်​။ အုပ်​စုတစ်​စုမှာ ခြ​င်္သေ့၁၅ ​ကောင်​ခန့်​ရှိတတ်​ကြပါတယ်​။ အဲ့ဒီလိုအုပ်​စုထဲမှာဆိုရင်​ ခြ​င်္သေ့အထီးတစ်​​ကောင်​က​နေ ၃ ​ကောင်​ထိရှိတတ်​ပါတယ်​။ တစ်​​နေ့စာတစ်​​နေ့စာ အမဲလိုက်​ခြင်းကို​တော့အထူးသဖြင့်​ ခြ​င်္သေ့အမ​တွေက တာဝန်​ယူကြရပါတယ်​။ ​နောက်​ပီး ခြ​င်္သေ့​ခေါင်း​ဆောင်​က အရင်​စားပီးမှ ကျန်​တဲ့ ခြ​င်္သေ့​တွေကစားရပါတယ်​။ ဒါကသူတို့စည်းကမ်းပါ။ တစ်​ချို့ ခြ​င်္သေ့အုပ်​စု​တွေဆို အ​ကောင်​​ရေ၃၀ခန့်​​လော့ထိရှိတတ်​ကြပါတယ်​။ အ​ရေအတွက်​များခြင်း နည်းခြင်းက​တော့ ​ရေနဲ့ စားကြက်​ ကျယ်​ပြန့်​မှုအ​ပေါ် မူတည်​ပါတယ်​။ ခြ​င်္သေ့​တွေက အိပ်​ချိန်​နည်းကြပါတယ်​။ အမဲလိုက်​စား​သောက်​တဲ့အချိန်​ကသာ များပါတယ်​။ တကယ်​လို့ အိပ်​မယ်​ဆိုရင်​လည်း ၁၄ နာရီက​နေ ၂၄ နာရီထိ ကြာတတ်​ပါတယ်​။

ခြ​င်္သေ့​တွေက အ​ကြောက်​အလန့်​နည်းကြပါတယ်​။ အမဲလိုက်​တဲ့​နေရာမှာလည်း အလွန်​ပါးနပ်​လျှင်​မြန်​ကြပါတယ်​။ အ​ပြေးလည်းမြန်​ကြပါတယ်​။ သူတို့ရဲ့ ​ပြေးနှုန်းက တစ်​နာရီကို ၃၀မိုင်​က​နေ ၃၆ မိုင်​နှုန်း​ပြေးနိုင်​ကြပါတယ်​။ ယခုအခါဆိုရင်​ ခြ​င်္သေ့အ​ကောင်​​ရေ​ပေါင်း ၂​သောင်းခန့်​​လောက်​ပဲ ကျန်​ပါ​တော့တယ်​။ လွန်​ခဲ့တဲ့ဆယ်​စုနှစ်​​လောက်​က​တော့ အ​ကောင်​​ရေ ၂သိန်းခန့်​ထိရှိခဲ့ပါတယ်​။ အသက်​အရွယ်​ကြီးတဲ့ခြ​င်္သေ့​တွေနဲ့ ငယ်​​သေးတဲ့ ခြ​င်္သေ့​တွေကဆိုရင်​ ​ခွေးအ ​တွေရဲ့ တိုက်​ခိုက်​စား​သောက်​ခြင်းကိုခံကြရပါတယ်​။ သာမာန်​ ကျန်းမာသန်​စွမ်း​နေတဲ့ခြ​င်္သေ့ဆိုရင်​​တောင်​ တစ်​​ကောင်​တည်းရှိတဲ့အခါမှာ ​ခွေးအ ​တွေရဲ့ တိုက်​ခိုက်​မှုကို ခံရတတ်​ပါတယ်​။ အဲ့ဒါ​ကြောင့်​ ခြ​င်္သေ့​တွေက​တော့ အ​ကြောက်​အလန့်​ကင်း​ပေမဲ့ အတိုက်​ခိုက်​ခံရတဲ့အခါ​တွေလည်းရှိကြပါတယ်​။

ဒါက​တော့ ကျွန်​​တော်​​လေ့လာသိရသ​လောက်​ပါ။ video ​တွေကလည်းပါသလို ကာတွန်းကား​တွေထဲကလည်းပါပါတယ်​။ ​နောက်​ထပ်​လည်း တိရိစ္ဆာန်​​တွေအ​ကြောင်း ​ရေးသွားပါအုံးမယ်​ဗျ။ကျေးဇူးတင်​ပါတယ်​။

image
Writer caesarsupaimin
MSC-025

Sort:  

တောဘုရင် ခြင်္သေ့ဋီကာလေးပေါ့

အဲ့ဒီ လကြီး ဘယ်နားက ရှာတာတုန်းဗျ

ခြင်င်္သေ့ဘုရင်

တောဘုရင်ခြင်္သေ့

ကဏ္ဍတစ်မျိုးကနေ တင်ပြချက် အသစ်လေးပေါ့ ဆီဇာရေ

ဟုတ်​ တယ်​ အမ​ရေ

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

ခြ​င်္သေ့အ​ကြောင်း​ပြော​ပ​ပေးလို.ဗဟုသုတရပါတယ်​.....

ဟုတ်ကဲ့ ဖတ်ပေးတာကျေးဇူးတင်ပါတယ်ဗျ။

ဗဟုသုတ မျှ‌ဝေ‌ပေးလို့ ‌ကျေးဇူးပါ bro.

ဟုတ်ကဲ့ပါဗျ

မသိ​သေးတာ​တွေအများကြီးသိရပါတယ်​ရှင်​။

ဟုတ်ကဲ့ ကျွန်တော်လည်း သိသလောက်လေးပါ တစ်ခြားအချက်တွေလည်း ကျွန်တော်လေ့လာဆဲပါဗျ

ရေမြေတောတောင်ပိုင်စိုးတဲ့ ခြင်္သေ့တွေ ဒါပေမယ့် ဒီကောင်တွေက သားငယ်တွေကို အရွယ်ရောက်တဲ့အထိ မစောင့်ကြဘူးတဲ့ အမဲလိုက်ရင်သာအတူတူလိုက်တတ်ကြတာ အစာရရင် မတည့်တတ်ကြဘူးဆိုပဲ

ဟုတ်ကဲ့အကို၊ အကို့ရဲ့ဗဟုသုတလေးလည်းမှတ်ထားပါမယ်ဗျ။

ဗဟုသုတ အသစ်​​လေး​တွေ သိရပါတယ်​ဗျာ

ဟုတ်ကဲ့ပါဗျကျေးဇူးပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63396.80
ETH 2615.51
USDT 1.00
SBD 2.86