Welcome to Visa Travel Fair

in #myanmar6 years ago

image
အ​အေးပတ်​ပီး နှာ​စေး​နေသည်​မှာ ၄ရက်​​ကျော်​ ၅ရက်​ခန့်​ရှိ​နေပါပီ။ ​သောက်​​ဆေးများ​သောက်​ထား​သော​ကြောင့်​ ခံစား​နေရ​သောထုံကျဉ်​ ​လေးလံထိုင်းမိုင်း ​ဝေတနာများ​ပျောက်​ကင်​သွားပါပြီ။ သို့​သော်​လည်း နှာ​စေးခြင်း ချွဲသလိပ်​ကပ်​​နေခြင်းများက​တော့ ကျန်​ရှိ​နေပါ​သေးသည်​။ ​ဝေတနာအရှင်းမ​ပျောက်​​သေး​သော်​လည်းပဲ မိမိအလုပ်​ဝင်​​ရောက်​လုပ်​ကိုင်​​နေ​သော ရုံးဋ္ဌာနက မိမိနှင့်​အတူ အခြားရုံးဝန်​ထမ်းများအတွက်​ အချိန်​ပို OT အလုပ်​ဆင်းရန်​အတွက်​ တာဝန်​​ပေးလာ​သော​ကြောင့်​ တာဝန်​များကို ​ကျေပွန်​​အောင်​ထမ်း​ဆောင်​​နေပါသည်​။

နေ့လည်​ ၁ နာရီမှ စတင်​ကာ ည ၉ နာရီထိ မင်္ဂလာ မန္တ​လေး ​ဈေးဝယ်​စင်​တာသို့ လာ​ရောက်​လည်​ပတ်​ကြ​သော မိဘပြည်​သူများ လုပ်​ငန်းရှင်​များ အလွယ်​တကူ​ငွေ​ပေး​ခြေခြင်းကို ပြုလုပ်​နိုင်​ရန်​အတွက်​ တစ်​ကမ္ဘာလုံးတွင်​ အသုံးပြုနိုင်​​သော Electronic Payment System တစ်​ခုဖြစ်​တဲ့ Visa card ပွဲကို ပြုလုပ်​​ပေး​နေတာဖြစ်​ပါတယ်​။ ပွဲရဲ့​ခေါင်းစဉ်​က​တော့ "Visa Travel Fair" ဖြစ်​ပါတယ်​။

Visa နှင့်​ ချိတ်​ဆက်​ထား​သော ဘဏ်​ကြီး ၅ ဘဏ်​ဖြစ်​​သော CB bank, AYA bank, KBZ bank,MAB bank နှင့်​ UAB bank များမှာ Visa card များကို အလွယ်​တကူပြုလုပ်​နိုင်​ပါတယ်​။ထို့​နောက်​မှာ​တော့ အသင်​ရှိ​နေ​သော Visa acceptance merchant များဖြစ်​​သော Travel Agent များ Air Ticket အ​ရောင်းစင်​တာများ နိုင်​ငံခြားတွင်​ ကျန်းမာ​ရေး​ဆေးစစ်​ချက်​များရယူနိုင်​​သော ထိုင်းနိုင်​ငံမှ ​ဆေးရုံများ စသည့်​ customer ကို အလွယ်​တကူ Visa card အသုံးပြုနိုင်​ရန်​အတွက်​ Merchants များ အဆင်​သင့်​ရှိ​နေမှာဖြစ်​ပါတယ်​။

နောက်​ပီး သက်​ဆိုင်​ရာဘဏ်​များမှ Visa card ပြုလုပ်​​သော customer များအတွက်​ လက်​​ဆောင်​ပစ္စည်းများကို သူ့ထက်​ငါအပြိုင်​ ​ပေး​နေကြပါတယ်​။ Visa company မှလည်း Visa card ဖြင့်​ မည်​သည့်​ merchant တွင်​မဆို ကျပ်​ ၇ သိန်းဖိုး အသုံးပြုလိုက်​မယ်​ဆိုရင်​ ခရီးသွား လက်​ဆွဲအိတ်​ တစ်​လုံး လက်​​ဆောင်​​ပေး​နေပါတယ်​။ တစ်​ရက်​ကို ၃၇လုံးပဲ အကန့်​ကသတ်​နဲ့​ပေး​နေတာဖြစ်​ပါတယ်​။ ပွဲချိန်​စပီဆိုတာနဲ့ Visa က​နေလက်​​ဆောင်​ထတြ်​ဖို့တန်းစီ​နေကြပါပီ၊ အဲ့ဒီလိုကို စည်​ကားလှတဲ့ Visa Travel Fair ပွဲပဲဖြစ်​ပါတယ်​။

ပွဲ​နေ့ရက်​များက​တော့ ၈ရက်​​နေ့က​နေ ၁၁ရက်​​နေ့ ထိဖြစ်​တာ​ကြောင့်​ စိတ်​ပါဝင်​စားသူများလာ​ရောက်​နိုင်​ပါတယ်​။ ​နောက်​ပီး ဒီပွဲမှာ ရှရှားနိုင်​ငံမှာ ကျင်းပပြုလုပ်​မဲ့ ၂၀၁၈ ကမ္ဘာဖလားပွဲကို သွား​ရောက်​နိုင်​တဲ့အခွင့်​အ​ရေး​တွေပါဝင်​ပါတယ်​။ ကမ္ဘာဖလား ပုံ​လေးပါဝင်​တဲ့ CB bank Visa card ​လေးကို ၁ ​သောင်းဖိုး transaction ရှိတိုင်း ၁ ကြိမ်​ record မှတ်​ပီး ကံစမ်း​ပေးမှာဖြစ်​ပါတယ်​၊ အဲ့ဒီ​နောက်​မှာ​တော့ ကံထူးရှင်​ကို​ရွေးချယ်​ပီး ကမ္ဘာဖလားပွဲသို့ အခမဲ့ပို့​ဆောင်​​ပေးမှာဖြစ်​ပါတယ်​။

အထက်​မှာ​ဖော်​ပြထားတာက​တော့ ပွဲစဉ်​ ရဲ့ သ​ဘောတရား​တွေ၊ လုပ်​​ဆောင်​နိုင်​တာ​တွေဖြစ်​ပါတယ်​။အထက်​​ဖော်​ပြပါ လုပ်​ငန်း​တွေကို အဆင်​​ပြေ​ချော​မွေ့စွာလုပ်​​ဆောင်​နိုင်​ဖို့အတွက်​ ဝန်​ထမ်း​တွေက အစအဆုံး customer ​တွေကို ဝန်​​ဆောင်​မှု​ပေးရပါတယ်​။ သူတို့သိချင်​တာ​တွေ​ပြောပြရတယ်​။ သူတို့အဆင်​မ​ပြေတာ​တွေကို အဆင်​​ပြေ​အောင်​လုပ်​​ပေးရပါတယ်​။ ​ငွေသွင်းခြင်းများ ​ငွေသွင်းတဲ့အချိန်​ ချက်​ချင်းအသုံးပြုမရခြင်းများ POS တွင်​အသုံးပြုရတာ အဆင်​မ​ပြေမှုများ စသည့်​ အဆင်​မ​ပြေမှုများကို အဆင်​​ပြေသည်​အထိ customer နားလည်​​အောင်​ အ​ရောင်းအဝယ်​အဆင်​​ပြေ​အောင်​ ဝန်​​ဆောင်​မှု​ပေးရပါတယ်​။

တစ်​ချို့ဝန်​ထမ်း​တွေဆို အ​ပေါ့အပါးမသွားရတာ​တွေ၊ ထမင်း​နောက်​ကျမှစားရတာ​တွေ၊ ​ရေကိုဝ​အောင်​မ​သောက်​ရတာ​တွေ၊ စတဲ့ အဆင်​မ​ပြေမှုများနဲ့ အားလုံး ကိုယ်​စီကိုယ်​စီ ဝန်​​ဆောင်​မှု​ပေး​နေကြတာဖြစ်​ပါတယ်​။ ရသီဥတုအ​နေနဲ့​တော့ ​နေပူတဲ့အချိန်​ရှိသလို ​နေရိပ်​တဲ့အချိန်​လည်းရှိပါတယ်​။ပွဲကိုလည်း လူကြီးလူငယ်​ လုပ်​ငန်းရှင်​ အဖွဲအစည်း ဝန်​ထမ်း စသည့်​ အမျိုးမျိုး​သော Visa card ပြုလုပ်​ချင်​သူများ လာ​ရောက်​ကြပါတယ်​။ ကိုယ်​စီကိုယ်​စီ Visa card ​တွေပြုလုပ်​ပီး ​ပျော်​ရွှင်​​ကျေနပ်​​နေကြကြပါတယ်​ဗျ။ လက်​​ဆောင်​ပစ္စည်းများလည်း တစ်​​ပွေ့တစ်​ပိုက်​ကြီးဖြင့်​ ပြန်​လည်​ ထွက်​ခွာသွားကြသည်​ကို ကြည့်​ရင်း အားကျ​နေကြသူများမှာ ဝန်​ထမ်းများသာဖြစ်​ပါ​တော့သည်​။

ရုံးပိတ်​ရက်​များတွင်​ရုံးဋ္ဌာနမှ​ပေးအပ်​​သောတာဝန်​များကို ​ကျေပွန်​စွာထမ်း​ဆောင်​​နေကြပါသည်​။ မိတ်​​ဆွေများ သူငယ်​ချင်းများရှိလျင်​လည်း visa Travel Fair သို့ လာ​ရောက်​ကြဖို့ ဖိတ်​​ခေါ်ကြပါသည်​။ တစ်​ဘဏ်​နှင့်​တစ်​ဘဏ်​ အပြိုင်​အဆိုင်​ လက်​​ဆောင်​ပစ္စည်းများကို​ပေးအပ်​ကြပါသည်​။ မိတ်​​ဆွေသစ်​များလည်းများစွာတိုးခဲ့ပါသည်​။

ကျွန်​​တော်​က​တော့ CB bank Visa card ရယ်​ AYA Visa card ရယ်​ပြုလုပ်​ခဲ့ပါတယ်​။ CB bank Visa card ကို balance zero ကဒ်​လုပ်​ခ ၄၀၀၀ ကျပ်​နဲ့ပြုလုပ်​လို့ရပါတယ်​။ AYA visa card ကို​တော့ ကဒ်​လုပ်​ခ ၁ ​သောင်းကျပ်​ balance zero နဲ့စတင်​ပြုလုပ်​လို့ရပါတယ်​။ မိတ်​​ဆွေများ တစ်​​နေရာထဲမှာ ဘဏ်​ကြီး ၅ ဘဏ်​ရဲ့ ဝန်​​ဆောင်​မှုကို အလွယ်​တကူအဆင်​​ပြေစွာ ရယူနိုင်​ပါတယ်​။ ခရီးသွားဖို့အစီအစဉ်​​တွေရှိတယ်​ဆိုရင်​လည်း Travel agent များ Air ticket များကို အလွယ်​တကူ Promotion package များဖြင့်​ ရယူနိုင်​ပါတယ်​ဗျ။ အားလုံးကို​ကျေးဇူးတင်​ပါတယ်​ဗျ။

Writer caesarsupaimin
MSC-025

Sort:  

CB မှာ Visa card ထပ်လုပ်ဦးမှပဲ။ အရင်ရက်တွေက လုပ်ပေးနေမှန်း မသိလို့၊ သိရင် မင်္ဂလာမန္တလေးကို ဝင်ခဲ့ပါတယ်။ ဒါနဲ့ စကားမစပ်
ဝေတနာကို ဝေဒနာလို့ ပြင်ပေးစေချင်ပါတယ်။😁

ဟုဟု လာခဲ့၊ စာလည်းပြင်​လိုက်​ပါ့မာ်​ဗျ

ဘဏ်ဝန်ထမ်းဘ၀ကို ကိုယ်တိုင်ကြုံတွေ့ဖူးလို့ ကိုယ်ချင်းစာပါတယ် လူအားနဲ့ဝန်အား မမျှတဘူးဆိုရင် အတော်လေးပင်ပန်းရပါတယ် ထမင်းစားချိန်တန်လည်း မစားရနဲ့ အလှည့်ကျ လူနိုင်အောင် စီစဉ်ရတာပါ

That's right bro

visa အ​ကြောင်းသိခွင့်​ရလို့​ကျေးဇူး​ဗျ

ဟုတ်​ကဲ့ဗျ ရပါတယ်​ဗျ

Visa ကဒ်တစ်ခုလောက်တော့ ဘဏ်မှာ လုပ်ထားအုန်းမှ။ နောက်ဆို ဒေါ်လာတွေအများကြီးကိုင်ရတော့မှာလေ ဟုတ်ဘူးလား။

ဟုပဟုပ

အခုကော သက်သာပြီလား အယ်ဒို

သက်​သာပါပီအမ ပထမစာပဲဖတ်​တာလားဟင်​ 😁

သွားလုပ်အုံးမှဘဲ bro မသိတာလေးတွေသိရှိခွင့်ရခဲ့ပါတယ်

ဟုတ်​ကဲ့ မန်​​လေးကဆို ​နေ​နောက်​ဆုံးမို့  လာလုပ်​​စေချင်​ပါတယ်​ဗျ

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အော် ဒီလိုပွဲတွေတောင် ဝေးခဲ့တာကြာပြီပဲ

ဟုပ ဟုပ လာခဲ့

visa card မသုံးတတ်တာနဲ့အတော်ပဲ
အားကိုးတော့ရပြီ
ညေးကိုပြောပြပါဦးဗျာ့ 😁😁

ဟုတ်​ကဲ့ အဓီက က ပိုက်​ဆံရှိဖို့ပဲလိုတာ

ဗဟုသုတရပါတယ

ဟုတ်​ကဲ့ပါ ဝမ်းသာပါတယ်​ဗျာ တစ်​ခုခုရသွား လို့ 

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58522.85
ETH 2614.85
USDT 1.00
SBD 2.43