သူငယ်​ချင်းများနှင့်​အားလပ်​ရက်

in #myanmar8 years ago (edited)

image
ရုံးပိတ်​ရက်​ကလည်းမြန်​မြန်​ဆန်​ဆန်​ကုန်​ဆုံးခဲ့ပါပီ။ စ​နေ နှင့်​တနင်္ဂ​နွေ နှစ်​ရက်​ပါ။ အဲ့ဒီနှစ်​ရက်​ မှာဘာ​တွေလုပ်​ဖြစ်​လည်းဆိုရင်​​တော့ ​တော်​​တော်​များများလုပ်​ဖြစ်​ပါတယ်​။ မလုပ်​တာကြာတဲ့ကိစ္စ​တွေလည်းလုပ်​ဖြစ်​ပါတယ်​။ ​သောကြာ​နေ့ည​နေအချိန်​တုန်းက လက်​ဖက်​ရည်​ဆိုင်​မှာသူငယ်​ချင်း၂​ယောက်​နဲ့​တွေ့ဖို့ချိန်းဆိုခဲ့ပီး အလုပ်​အကိုင်​အ​ကြောင်း​တွေမျှ​ဝေကြပါတယ်​။

သူတို့ထဲက တစ်​​ယောက်​က tour ကား​မောင်းပါတယ်​။ တစ်​ရက်​တစ်​ရက်​ ဧည့်​သည်​​တွေအမျိုးမျိုးနဲ့ထိ​တွေ့​ပြောဆို​နေရတဲ့အတွက်​အ​တွေ့အကြုံများစွာရပါတယ်​။ နိုင်​ငံခြားသား​တွေဖြစ်​​တော့ အင်္ဂလိပ်​လို ​ပြောတာ​တွေ နား​ထောင်​တာ​တွေတိုးတက်​လာပါတယ်​။ တစ်​ချို့စကားပုံ​တွေ​တောင်​အင်္ဂလိပ်​လို​ပြောပြပါ​သေးတယ်​။ အရင်​တုန်းကဆို သူကအဖွဲ့ထဲမှာအညံ့ဆုံးပါ။ စကား​ပြောတာ​တွေ ဂိမ်း​ဆော့တာ​တွေ ကျွန်​​တော်​တို့ရဲ့​နောက်​မှာပါ။

ခု​တော့လည်း ​တော်​​တော်​​ပြောင်းလည်းလာခဲ့ပါပီ၊မ​ပြောင်းလည်းလို့လည်း မရ​တော့ဘူး​လေ၊ ရုန်းကန်​ရတဲ့အ​ခြေအ​နေဆို​တော့ဖြစ်​​အောင်​လုပ်​ရတာ​ပေါ့။ အဲ့လို tour ကား​မောင်း​နေရင်းနဲ့ ကျန်​တဲ့ သူငယ်​ချင်းနဲ့အလုပ်​တွဲလုပ်​ကြပါ​သေးတယ်​။ ​နောက်​တစ်​​ယောက်​ကဘာလုပ်​လည်းဆို​တော့ အလုပ်​အကိုင်​ရှာ​ဖွေ​ရေး agency မှာ အလုပ်​လုပ်​ပါတယ်​။ သူကိုယ်​တိုင်​လည်း ခုနကသူငယ်​ချင်းနဲ့​ပေါက်းပီး agency ပြန်​လုပ်​ပါတယ်​။ နှစ်​​ယောက်​တည်းနဲ့လုပ်​တာ​ပေါ့။

သူတို့ကို အလုပ်​အပ်​ထားတဲ့အ​ကြောင်း​တွေ၊ ဝန်​ထမ်းအ​ယောက်​၂၀ ရှာရမှာ​တွေ၊ဘယ်​လိုရှာမယ်​ဆိုတာ​တွေ​ပြောကြပါတယ်​။အဲ့အပိုင်း​တော့ကျွန်​​တော်​ကမကျွမ်းကျင်​​တော့ နား​ထောင်​တဲ့ပရိတ်​သတ်​ပဲလုပ်​ပါတယ်​။ ​နောက်​​တော့ ကျွန်​​တော်​နဲ့​ပြောဖို့ဖြစ်​လာတာက​တော့ သူတို့ကိုယ်​ပိုင်​ website ပြုလုပ်​ဖို့အတွက်​ domain name ကိုဝယ်​ယူတဲ့​နေရာမှာအသုံးပြုဖို့ master card visa card ​တွေနဲ့​ပေး​ချေလို့ရလားဆိုပီး​ပြောလာတဲ့အချိန်​မှာ စ​ပြောဖြစ်​ပါတယ်​။

website domain name အတွက်​​ပေး​ချေရာမှာတင်​မဟုတ်​ပဲ facebook မှာ မိမိရဲ့ page ကို boost လုပ်​တဲ့​နေရာမှာလည်းအသုံးပြုလို့ရတယ်​ဆိုတာကိုပါ အကြံ​ပေးလိုက်​ပါ​သေးတယ်​။ အဲ့ဒီလိုနဲ့ သုံး​ယောက်​​ပေါင်း ပီးအလုပ်​အကိုင်​အ​ကြောင်း​တွေ​ပြောဖြစ်​ကြပါတယ်​။အဲ့ဒီလိုနဲ့ ​သောကြာ​နေညချမ်း​လေးက ကုန်​ဆုံးသွားခဲ့ပါတယ်​။ စ​နေ​နေ့ကျ​တော့ အားလုံးကိုယ်​ပိုင်​အနားယူချိန်​​တွေကို အပြည့်​အဝအသုံးချကြပါတယ်​။

မနက်​ကို ၁၀နာရီ​လောက်​ထိအိပ်​ပီးမှ အိပ်​ယာထ မျက်​နှာသစ်​သွားတိုက်​ပီး မနက်​စာထစားပါတယ်​။ ပီး​တော့ အင်​တာနက်​​လေး ဟိုကြည့်​ဒီကြည့်​နဲ့ မနက်​ပိုင်းမှာမချိန်​ကုန်​သွားပါတယ်​။ ​နေ့လည်​စာကို အမဝမ်းကွဲအိမ်​မှာသွားစားအုံးမယ်​ဆိုပီး အမဝမ်းကွဲရှိရာ ​နေအိမ်​ ​အောင်​ပင်​လယ်​ ရပ်​ကွက်​ကို ထွက်​လာခဲ့ပါတယ်​။ ကျွန်​​တော်​ထွက်​လာတဲ့အချိန်​က ၁၂နာရီ ၃၀မိနစ်​အချိန်​ဖြစ်​​နေတာ​ကြောင့်​ ​နေအရမ်းပူပါတယ်​။ဒါ​ပေမဲ့​နွေရာသီ​လောက်​​တော့မပူ​သေးပါဘူး။

လမ်းမှာလည်း ဖုန်​​တွေနဲ့ မို့လို့ အမြန်​​ရောက်​​အောင်​ ဆိုင်​ကယ်​​မောင်းသွားခဲ့ရပါတယ်​။ ​တော်​ကြာဖုန်​မှုန့်​​တွေရှူမိပီး ဗိုက်​ထဲ သံ​ကောင်​​လေး​တွေရွစိရွစိ​ပေါက်​ကုန်​မှာ​ကြောက်​လို့ပါ။
ဒီလိုနဲ့ အမဝမ်းကွဲအိမ်​ကို​ရောက်​​တော့ သူမရှိပဲ သူ့​မောင်​ပဲရှိ​နေပါတယ်​။ ကျွန်​​တော်​လည်း ​ရောက်​​ရောက်​ချင်းဗိုက်​ဆာတာနဲ့ မီးဖို​ချောင်​ထဲဝင်​ပီး ရှိတဲ့ ထမင်းရယ်​ ဟင်းရယ်​နဲ့ စားပလိုက်​ပါ​တော့တယ်​။

ဟင်းက​တော့ ကြက်​ဥ​ကြော်​ထားတာရယ်​၊ကင်​ပွန်းချဉ်​ဟင်းရည်​ရယ်​၊ ငါး​ကြော်​ရယ်​နဲ့ စားလိုက်​တာ ဆာဆာနဲ့မို့ စားလို့​တော်​​တော်​​ကောင်းပါတယ်​ဗျာ။ ထမင်းလည်းစားပီး​ရော ​ကော်​ဖီ​လေးတစ်​ခွက်​​ဖျော်​ပီး TV​ရှေ့ထိုင်​ပီး TVကလာတဲ့ ကိုရီးယားဇာတ်​လမ်း​လေးကြည့်​ပီး ထမင်းလုံးစီ​နေတာ​ပေါ့ဗျာ ​ကော်​ဖီ​သောက်​ရင်း TVကြည့်​ပီး ခန​နေ​တော့ အိပ်​​ပျော်​သွားပါ​လေ​ရော။ သူများ​တွေက​ကော်​ဖီ​သောက်​ရင်​ ရင်​တုန်​တယ်​ မျက်​စိ​ကြောင်​တယ်​ဖြစ်​တာ ကျွန်​​တေယ်​က​တော့ ဘာမှကိုမဖြစ်​ပဲ အိပ်​​ပျော်​သွားတာပါပဲဗျာ။

အိပ်​​ရေးနိုးလာ​တော့ ည​နေ ၆ နာရီ​လောက်​ရှိ​နေပီ အမလည်းပြန်​​ရောက်​​နေပီ​လေ။ အဲ့ဒါနဲ့အမနဲ့စကားနည်းနည်းပါးပါး​ပြောပီး ည​နေစာပါစားလိုက်​ပါတယ်​။ ပီး​တော့မှ ကျွန်​​တော်​မြို့ထဲ ပြန်​လာခဲ့ပါတယ်​။ မြို့ထဲ​ရောက်​​တော့ မ​နေ့က​တွေ့တဲ့သူငယ်​ချင်း၂​ယောက်​နဲ့ထပ်​​တွေ့ပီး စကား​တွေထပ်​​ပြောဖြစ်​ပါတယ်​။

သူတို့ကိုအလုပ်​အပ်​ထားတဲ့ project လည်း ပီးကာနီးပီဖြစ်​လို့ ​ပျော်​​နေကြပါတယ်​။ ပီးရင်​သူတို့ကပိုက်​ဆံရကြမှာဆို​တော့​လေ။ အဲ့ဒါနဲ့ ​ပြောရင်း​ပြောရင်း ကျွန်​​တော်​ဂိမ်း​ဆော့ချင်​စိတ်​​တွေ​ပေါက်​လာတယ်​။ အဲ့ဒါနဲ့ သူတို့နှစ်​​ယောက်​ကို​ပြောလိုက်​တယ်​ ဂိမ်းသွား​ဆော့ရ​အောင်​လို့ မ​ဆော့တာလည်းကြာပီမို့လို့ သွား​ဆော့ရ​အောင်​ဆိုပီး​ပြောလိုက်​တာ ဆရာသမား​တွေက နှစ်​ခါမညှိရပါဘူးဗျာ။ချက်​ချင်း​ဆော့မယ်​ဖြစ်​သွား​ရော။ အဲ့ဒါနဲ့ ည၉ နာရီ​လောက်​ကျ​တော့ ကျွန်​​တော်​တို့​တွေဂိမ်းဆိုင်​​ရောက်​ပါ​လေ​ရော။ ဂိမ်းဆိုင်​ကြီးက​တော့ speed ဆိုတဲ့ ဂိမ်းဆိုင်​ကြီးပါ။

အဲ့ဒီဆိုင်​မှာ ကျွန်​​တော်​တို့​တွေဂိမ်း​ဆော့ကြပါ​လေ​ရော။ တစ်​ပွဲပီးတစ်​ပွဲ ​ဆော့ကြတာ ​နောက်​ဆုံး night ​ဆော့မယ်​ဆိုတာပါဖြစ်​သွားပါ​လေ​ရော။ night ဆိုတာ တစ်​ညလုံး​ဆော့တာကို​ပြောတာပါ။ ပုံမှန်​ ၁နာရီကျသင့်​နှုန်းထက်​သက်​သာပါတယ်​ night ​ဆော့လို့ရှိရင်​။ ဒီလိုနဲ့​ဆော့​နေရင်း မနက်​လင်းကာနီး ၅ နာရီ​လောက်​မှအိပ်​ဖြစ်​ပါတယ်​။ အိပ်​ပီး မနက်​၈ နာရီ​လောက်​ကျ​တော့ ဆိုင်​က​ကောင်​​လေးလာနှိုးလို့ ထပီး အ​ဆောင်​ကိုပြန်​ရင်း သူတို့နဲ့လမ်းခွဲခဲ့ပါတယ်​။

အ​ဆောင်​​ရောက်​​တော့ ထပ်​အိပ်​တာ ​နေ့လည်​ထိ​ရောက်​သွားပါ​ရော။အဲ့ဒါနဲ့​နေ့လည်​စာနဲ့ မနက်​စာ brench (breakfast +lunch) ကို​ပေါင်းစားလိုက်​ရပါတယ်​။ အဲ့လိုစားပီးချိန်​မှာ ​တော့ အဲ့ဒီသူငယ်​ချင်း ၂​ယောက်​နဲ့ ထပ်​​တွေ့ပီး mining အ​ကြောင်းထပ်​​ပြောဖြစ်​ခဲ့ပါတယ်​.....

Written by caesarsupaimin
MSC-025

Sort:  

ဇာတ်ရေလည်တယ်ဆိုတာ ဒါမျိုး😂😂
သူငယ်ချင်းနှစ်ယောက်နဲ့ ခဏခဏတေ့နေတယ်ပေါ့
Miningအကြောင်းကြတော့ ဆက်ရေးဘူး
ရေးအုံးနော်

အမြင်ကပ်တာ ဒီ ကွန်မန်းကြီး ဘုတ်တွေနဲ့ ဟွန်း။ မိုင်းနင်းကျ လာမန့်ခဲ့အုံး။ ဆက်ရေးမယ် ဖတ်ချင်တဲ့သူရှိရဲ့လားလို့။

Miningအကြောင်း စိတ်ဝင်စားတယ်
လုပ်တော့လုပ်နိုင်သေးဘူး😁😁

ဘောစိကလည်း သူမို့လို့ညီးနေတာ

စာအရေးအသားလေးအရမ်းကောင်းတယ်အကို

ဟုတ်​​ကျေးဇူးပါ

Miningတင်ရင်ခေါ်ပါအုံး

Hote kae bro call mal

သူငယ်ချင်းတွေ တွေ့ကြတာဆိုတော့ ပျော်စရာကောင်းမှာပါ ဗျာ ကျွန်တော်လည်း သူငယ်ချင်းတွေကိုတွေ့ချင်လာတယ်ဗျာ လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့အရသာက ဘာနဲ့မှမတူဘူးဗျ

Hote tal bro. Feel ta myo pop 😁

ကိုယ်လည်း mail ကို ကိုယ်ပိုင် domain နဲ့ သုံးချင်တယ်
ပိုက်ဆံကုန်မှာလည်း စိုးတယ် 😁😁😁ဘယ်လောက်ကျနိုင်လဲ

A myo myo shi tal bro usd 50 ka nay 99 a myo myo pal bya

တစ်ညလုံးဆော့တာ မအိပ်ပဲနေနိုင်ရိုးလာကွယ် 😁miningကိုတော့ ကျနော်လည်း စိတ်ဝင်စားတယ်bro

Morning kya tot pyan sleep tal bro 😁

တစ်ညလုံး ဂိမ်းဆော့တာဆိုတော့ ဘာဂိမ်းလဲဗျ

သူငယ်ချင်းတွေနဲ့ တွေ့ဆုံရတာ ပျော်စရာကောင်းပါတယ်ဗျား
ကျနော်လဲမဆုံဖြစ်တာကြာပါပီဗျား

Hote kae bya 😁

စာအရေးအသားနည်းလေးတွေလဲ သင်ပေးပါဦးရှင့်

Coffee​သောက်​ 😁 coffee​သောက်​ပီးစ​ရေးပါ့

အရေးသားပြေပြစ်တယ်broရေ

ဟုတ်ကဲ့ ကြိုးစားဆဲပါ

Coin Marketplace

STEEM 0.09
TRX 0.32
JST 0.030
BTC 112165.16
ETH 3781.12
USDT 1.00
SBD 0.68