သတိရတယ်

in #myanmar6 years ago (edited)

IMG_20180301_193707.jpg
သတိရတယ်​အမရယ်​။ကိုယ်​​နေထိုင်​တဲ့​နေရာက အလုပ်​အကိုင်​​တွေက ကိုယ့်​မိသားစုအတွက်​ လုံ​လောက်​တဲ့ဝင်​​ငွေမရနိုင်​တဲ့အခါမှာ​တော့ မိမိ​နေထိုင်​ရာနိုင်​ငံထဲကထွက်​ပီး တစ်​ခြား​သောတိုင်းတစ်​ပါးနိုင်​ငံရဲ့မြို့ မှာ အလုပ်​လုပ်​ရင်း ပိုက်​ဆံရှာပီး မိမိတို့ရဲ့​နေအိမ်​ကိုပြန်​ပို့ကြတဲ့အချိန်​ကာလမှာ​ပေါ့။...

"သမီး..သမီးကအခုဆိုရင်​ ​ကျောင်းလည်းပီးသွားလို့ ဘွဲ့လည်းရပီ...အင်္ဂလိပ်​စာသင်​တန်းလည်းတက်​ထားလို့ အင်္ဂလိပ်​လိုနားလည်​တယ်​​ပြောတတ်​တယ်​ အဲ့ဒီ​တော့သမီးဘာလုပ်​မယ်​စိတ်​ကူးထားလည်း"လို့ အ​မေဖြစ်​သူက​မေးတယ်​။ သမီးကြီးကို အားကိုးတစ်​ကြီးနဲ့ ​ရှေ့ဆက်​မဲ့လမ်း​ကြောင်း​တွေကို ​မေးမြန်းပါတယ်​။ပညာလည်း အ​တော်​အသင့်​စုံ​နေပီဆို​တော့ ဝမ်းစာအတွက်​ အလုပ်​လုပ်​ရ​တော့မှာ​ပေါ့ဗျာ။

"အ​မေ..သမီးသူနာပြုလုပ်​ချင်​တယ်​..သူနာပြုလိုင်​စင်​ရပီဆိုရင်​ ​ဆေးရုံ​တွေ ​ဆေးခန်း​တွေမှာ ​နေ့ဂျူတီ ညဂျူတီဆင်းရင်​ ​နေ့တွက်​နဲ့ တစ်​ရက်​ ၃၀၀၀ ရတယ်​" အဲ့တုန်းကလည်း ၃၀၀၀ ဆိုတာ အ​တော်​အသင့်​များတဲ့​ငွေပမာဏတစ်​ခု​ပေါ့။ သားသမီးက အဲ့လိုဆန္ဒ​လေးကလည်းရှိ မိဘကလည်း ​ထောက်​ပံ့​ပေးနိုင်​​သေး​တော့ သူ့သမီးကို သူနာပြုတက္ကသိုလ်​ကို ဆက်​တက်​​စေခဲ့တာ​ပေါ့။

တက္ကသိုလ်​တက်​ရင်းနဲ့ပဲ က​လေး​ဆေးရုံကြီးမှာ တာဝန်​ထမ်း​ဆောင်​ခဲ့ပါ​သေးတယ်​။ မနက်​ဂျူတီဆို ကျွန်​​တော်​ကသူ့ကို လိုက်​ပို့ရတယ်​။ည​နေဆို သွားကြိုရတယ်​။တကယ်​လို့ ညဂျူတီကျရင်​​တော့ ည​နေလိုက်​ပို့ပီး မနက်​ဖက်​ သွားကြိုရတာ​ပေါ့။အချိန်​​တွေ​တော့ အတိအကျမမှတ်​မိ​တော့ပါဘူး​လေ။ဒီလိုနဲ့ အလုပ်​လုပ်​ရင်း ​ကျောင်းတက်​ရင်း သူ့စီမှာ သူနာပြုလုပ်​ငန်းနဲ့ပတ်​သက်​ပီး အသိမိတ်​​ဆွေ​တွေ​ပေါလာခဲ့တာ​ပေါ့။

ကျောင်းပီးလို့ သူနာပြုဘွဲ့ယူပီးတဲ့အချိန်​မှာ​တော့ သူ့ရဲ့အခြားသူငယ်​ချင်း​တွေက နိုင်​ငံခြားထွက်​ပီးအလုပ်​လုပ်​မယ်​ ဒီမှာထက်​ ဝင်​​ငွေပို​ကောင်းတယ်​ဆိုလို့ သူလည်း သူ့သူငယ်​ချင်း​တွေနဲ့လိုက်​ပီး နိုင်​ငံခြားအင်​တာဗျူး​တွေဝင်​​ဖြေတယ်​။ ​နောက်​ကျ​တော့ အင်​တာဗျူး​အောင်​သွားတယ်​။ အင်​တာဗျူးဆိုတာ နိုင်​ငံခြားက​နေမှ လူ​တွေ့လာစစ်​တဲ့ အင်​တာဗျူးမဟုတ်​​သေးဘူး။ မိမိပြည်​တွင်းအဆင့်​ပဲ​အောင်​​သေးတယ်​။

နောက်​ထပ်​၃ရက်​​ခေါက်​ကြာတဲ့အခါမှာ​တော့ နိုင်​ငံခြားက​နေမှ လာ​ရောက်​ပီးစစ်​​ဆေးဖို့အတွက်​ အင်​တာဗျူးထပ်​​ခေါ်ပါတယ်​။ အဲ့ဒီအင်​တာဗျူးကိုလည်း ထပ်​မံ​အောင်​မြင်​သွားခဲ့ပါတယ်​။အဲ့ဒါဆိုပြည့်​စုံပီလို့မထင်​လိုက်​ပါနဲ့ ​နောက်​ထပ်​ ​ဆေးစစ်​မှု​တွေပြုလုပ်​ရပါတယ်​။ ကျန်းမာ​ရေး​ကောင်းမွန်​ရဲ့လား ကူးစက်​​ရောဂါ​တွေကင်းရဲ့လား စသဖြင့်​ စစ်​​ဆေးရပါတယ်​။ စစ်​​ဆေးလို့​အောင်​မြင်​မှသာလျှင်​ နိုင်​ငံခြားကိုထွက်​ပီးအလုပ်​လုပ်​ခွင့်​ရမှာဖြစ်​ပါတယ်​။

အကုန်​လုံးကို​အောင်​သွားခဲ့ပါတယ်​။အဲ့ဒီ​တော့ သူ​ပျော်​​နေတာ​ပေါ့။မ​ပျော်​ပဲ​နေမလား နိုင်​ငံခြား​လေ ဒီနိုင်​ငံနဲ့မတူတဲ့အလုပ်​အကိုင်​ အခွင့်​အလမ်း​တွေရ​တော့မှာမို့ ​ပျော်​​နေတာ​ပေါ့။မိသားစုအ​နေနဲ့က​တော့ ဝမ်းနည်း ဝမ်းသာ​ပေါ့ဗျာ။ခွဲရမှာဖြစ်​လို့ ဝမ်းနည်း​ပေမဲ့ ​ရှေ့​ရေး​ကောင်းစားဖို့အတွက်​ဝမ်းသာတာ​ပေါ့။ကျွန်​​တော်​က​တော့ငယ်​​သေး​တော့ ဘာမှမသိ​သေးပါဘူး။

အမလည်း သူ့သူငယ်​ချင်း​တွေနဲ့ အတူတူသွားရမှာဖြစ်​လို့်​ ​ပျော်​​နေတာ​ပေါ့ဗျာ။ ခုဆိုရင်​ ၈ နှစ်​ရှိ​နေပီ​ပေါ့။ကိုယ့်​အမကို အပြင်​မှာထပ်​မမြင်​ရတာ​တွေ။ သူအလုပ်​နားချိန်​မှသာ video call နဲ့ အလွမ်း​ဖြေရတာ​ပေါ့။သူလည်းပင်​ပန်းရှာပါတယ်​။သူများနိုင်​ငံမှာက တကယ်​​ပေးသလို တကယ်​လည်းလုပ်​ရပါတယ်​။စိတ်​ပန်းလူပန်း​ပေမဲ့လည်း သူ့မိသားစုကိုပြန်​​ထောက်​ပံ့​ပေးနိုင်​လို့ အ​မော​ပြေအပြုံး​တွေကို​တွေ့​နေရပါတယ်​။

သို့​ပေမဲ့လည်း မ​တွေ့ရသည်​မှာကြာ​နေပီမို့ အရမ်း​တွေ့ချင်​လှပါပီမမရယ်​။ပြန်​လာခဲ့မယ်​ဆိုရင်​​တော့ ငယ်​ငယ်​တုန်းကလို ရန်​မဖြစ်​ကြ​တော့ပဲ တစ်​​ယောက်​ကိုတစ်​​ယောက်​ နားလည်​မှု​တွေရှိတာကိုပို​တွေ့ရမှာပါ။ ကိုယ်​စီကိုယ်​စီ အသက်​​တွေရလာကြပီမဟုတ်​ပါလားဗျာ။ မသိတတ်​တဲ့အရွယ်​မဟုတ်​​တော့ဘူး​လေ။ငယ်​ငယ်​တုန်းကလို မုန့်​​တွေလုမစား​တော့ပါဘူး ကိုယ်​စားစရာရှိတာစားမယ်​ ထပ်​စားဖို့လိုအပ်​တယ်​ဆို ထပ်​ပီးချက်​ပြုတ်​စား​သောက်​ကြတာ​ပေါ့။

ငယ်​ငယ်​တုန်းက​တော့ တစ်​​ယောက်​ကိုတစ်​​ယောက်​အ​လျော့မ​ပေးပဲ အမြဲရန်​ဖြစ်​မတည့်​ကြ​ပေမဲ့ ခုလိုခွဲခွာပြီး​နေရ​တော့လည်း အရမ်းလွမ်း​နေမိတယ်​။ မတည့်​အတူ​နေလို့ဆိုရ​လောက်​​အောင်​လည်း ​နေ့နံ​မွေး​နေ့အရလည်း ကျွန်​​တော်​က အင်္ဂါ အမက တနင်္လာဖြစ်​တာ​ကြောင့်​ စိတ်​ကြီးသူ ​ဒေါသကြီးသူ ​ခေါင်းမာသူများဖြစ်​ကြပါတယ်​။ခုလိုအသက်​ရလာတဲ့အချိန်​မှာ​တော့ နားလည်​မှုတိုးပီး ပိုလွမ်း​နေမိတာ​တော့ အမှန်​ပါပဲဗျာ...

Writer caesarsupaimin
MSC-025

Sort:  

နီးတကျက်ကျက် ဝေးတသက်သက် ဆိုတာမျိုးပေါ့။

ဟုတ်​တယ်​အကို လွမ်း ​နေတာ

လွမ်းစရာလေး ..

ဟုတ်ကဲ့အမ

သတိရတယ် အမရယ် တဲ့
ကိုယ်ကတော့ လွမ်းမိတယ် လာမယ်

ဘယ်​သူ့ ကိုလွမ်းတာပါလည်း ဗျို့ 

အမတစ်ယောက်ကြားနိုင်ပြီးမြန်မြန်ပြန်လည်ဆုံဆည်းနိုင်ပါစေဗျာ

ကျေးဇူးတင်​ပါတယ်​ဗျာ

ပြန်လာရင်ညီရဲ့ အမနဲ့ msc ညီကိုတွေနဲ့
မိတ်ဆက်ပေးနော် ညီ ဟီးးး
အကိုလည်း ဆုတောင်းပေးလိုက်ပါတယ်
အမြန်ဆုံး ညီရဲ့အမ နဲ့
ပြန်လည် ဆုံဆည်းနိုင်ပါစေလို့ 

အွန်​ အွန်​​ပြောလိုက်​ချင်​ဘူ​နော်

မောင်နှမတွေက မတည်တူ
တုနေတွေပါ Bro
ရေ

မှန်​တ​ပေါ့ဗျာ မတည့်​အ​တူ​နေ

အမြန်ဆုံးပြန်တွေ့ပြီး Gp 1 လူတွေနဲ့မိတ်ဆက်ပေးနိုင်ပါစေ 😁

ဟွန်း​ပြောလိုက်​ချင်​ဘူး

အစ်မရှိတာချင်းအတူတူဘဲဆိုတော့ ကိုယ်ချင်းစာပါတယ်ဗျာ ဖြစ်ချင်တာတွေဖြစ်ပါစေဗျာ

ဟုတ်​အကို​ကျေးဇူးပါဗျ

You got a 100.00% upvote from @boostbot courtesy of @caesarsupaimin!

Do you know, you can also earn daily passive income simply by delegating your Steem Power to @boostbot by clicking following links: 10SP, 100SP, 500SP, 1000SP

You got a 45.45% upvote from @bluebot courtesy of @caesarsupaimin!

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64092.96
ETH 3145.83
USDT 1.00
SBD 3.88