စည်းကမ်းနှင့်အတူအောင်မြင်ကြပါစေ

in #myanmar7 years ago

  စိတ်ဓါတ် စည်းကမ်း ပညာ ဆိုပီး ကျွန်တော်တို့ငယ်စဉ်ကတည်းက ကျောင်းတော်ကြီးကသင်ပေးခဲ့ပါသည်။ စိတ်ဓါတ်များကောင်းဖို့ရန်နှင့် မြင့်မားဖို့ရန် သွန်သင်ခဲ့ပါသည်။ စည်းကမ်းရှိရန် နှင့် စနစ်ကျရန်လဲ သင်ယူခဲ့ပါသည်။ ပညာတတ်မြောက်ရန်နှင့် ထူးချွန်ထက်မြက်ရန်လဲသင်ယူခဲ့ပါသည်။ သည်လိုအခြေခံသဘောတရားများကို သင်ယူလေ့လာခဲ့ပါသော်လည်းပဲ ပတ်ဝန်းကျင်အခြေအနေ ကြုံတွေ့ရတဲ့ဘဝအခြေအနေများကြောင့် အနည်းနှင့် အများ ပြောင်းလဲသွားကြပါသည်။ မိတ်ဆွေအနေနှင့်လဲ မိမိကိုယ်ကို အနည်းငယ်ပြောင်းလဲမှုများကို သတိထားမိလိမ့်မည်ထင်ပါသည်။ စည်းကမ်းသည်လူ၏တန်ဖိုး ဟုဆိုရလောက်အောင်ပင် အထူးကောင်းမွန်သော ရလဒ်များကို ဆောင်ကြဉ်းပေးနိုင်ပါသည်။ 

စည်းကမ်းမရှိလျှင် လူသည်သာမက တိုင်းပြည်သည်လည်း တိုးတက်မည်မဟုတ်ပါ။ အလုပ်တစ်ခု၊ မည်သည့်အလုပ်မဆို စည်းကမ်းရှိရပါသည်။ အလုပ်တက်ရောက်ချိန် အတိအကျရှိပါသည်။ နေ့လည်စာစားချိန်အတိအကျရှိပါသည်။ အလုပ်ဆင်းချိန်အတိအကျရှိပါသည်။ ထိုသို့ အချိန်အတိအကျနှင့် အလုပ်လုပ်ခိုင်းမှသာလဲ လုပ်ငန်းတိုးတက်မှုရှိပါမည်။ အလုပ်လုပ်သူအနေနှင့်လဲ တိကျသေချာသောလုပ်ငန်းများကိုလုပ်ကိုင်နိုင်ပါမည်။ အလုပ်ချိန်နောက်ကျသောအခါမှာတော့ လုပ်ငန်းလုပ်ဆောင်ချိန် နောက်ကျပီး မအောင်မြင်သောရလဒ်ကိုဖြစ်ပေါ်စေနိုင်ပါသည်။ အချိန် နှင့်တစ်ပြေးညီ စည်းကမ်းရှိမှသာလျှင် လုပ်ငန်းရော ဝန်ထမ်းရောတိုးတက်ပြောင်းလဲလာပါမည်။ မနက်ခင်းပိုင်းတွင် အလုပ်ချိန် မှန်မှန်လာရောက်ခြင်းဖြင့် လုပ်ဆောင်စရာရှိသည်များကိုအချိန်မှန်ကန်စွာလုပ်ဆောင်နိုင်ပါမည်။ နေ့လည်ခင်း ထမင်းစားချိန် မှန်ကန်မှသာလျှင်လဲ ဝန်ထမ်းမှ လုပ်ငန်းဆောင်တာများကို စွမ်းဆောင်ရည်ပြည့် လုပ်ဆောင်နိုင်ပါမည်။ ညနေ အလုပ်ဆင်းချိန် မှန်ကန်မှသာလျှင်လဲ ဝန်ထမ်းမှ သူ၏မိသားစုဆီသို့ အချိန်မှီပြန်ရောက်နိုင်ပါမည်။ မိသားစုနှင့် အချိန်ပေးစရာများကို ကောင်းမွန်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

အဆောင်နေ ကျောင်းသား၊ အလုပ်သမားများအနေနှင့်လည်း အဆောင်သို့ ဝင်ချိန် ထွက်ချိန် မှန်မှန်ကန်ကန်နှင့် စည်းကမ်းရှိစွာ ဝင်ထွက်သွားလာမှသာ မိမိကိုယ်တိုင်စည်းကမ်းရှိလာပါမည်။ အဆောင်နေကျောင်းသား ဝန်ထမ်းများအနေဖြင့် မနက်ပိုင်းတွင် စောစီးစွာ အပြင်ထွက်ခြင်းမှာ သင့်လျှော်သော်လည်း ညပိုင်းတွင် အဆောင်ပိတ်ချိန် နောက်ကျမှ ပြန်လာကြသောသူများသည် အဝင်အထွက်ပြုလုပ်သည်နှင့်ပင် အခြားသူများကို စိတ်အနှောက်အယှက်ဖြစ်စေပါသည်။ ယောကျာ်းလေးများဆိုလျှင်တော့ သောစားထားသဖြင့် မူးယစ်နေပီး ပတ်ဝန်းကျင်အခန်းများကို အနှောက်အယှက်ဖြစ်စေပါသည်။ ထိုသို့ မူးယစ်နေသူအနေဖြင့်လဲ မနက်ခင်း ကျောင်းသွားစရာရှိသည်များ အလုပ်သွားစရာရှိသည်များ နောက်ကျမှုဖြစ်လာပီး လုပ်ငန်းအတွက် ထိခိုက်လာပါမည်။ ကျန်းမာရေးအတွက်လဲ ထိခိုက်လာပါမည်။

စည်းကမ်းမရှိစွာမောင်းနှင်သောယာဉ်များကြောင့် အသက်များ ဆုံးပါးကြပါသည်။ သဘာဝအန္တရာယ်ကြောင့်အသက်ဆုံးရသူများသည် စည်းကမ်းမဲ့စွာ ယာဉ်မောင်းနှင်သူများလောက် များမည်မထင်ပါ။ ကျွန်တော်တို့ မိတ်ဆွေတို့လဲ နေ့စဉ် သွားလာနေကြသူများဖြစ်ပါသည်။ သွားလာရင်းလဲ ယာဉ်မတော်တဆမှုများကိုအနည်းနှင့် အများမြင်တွေ့ကြဖူးပါမည်။ ထိုသို့ဖြစ်ရခြင်းမှာ စည်းကမ်းမရှိစွာမောင်းနှင်မှုများကြောင့်ဆိုတာကတော့ လူတိုင်းသိပီးသားဖြစ်ပါလိမ့်မည်။ ယခုကျွန်တော်မြင်တွေ့နေရသည်များကတော့ Traffic မီး မစိမ်းသေးပဲနှင့် အလျှင်လိုစွာ ဖြတ်မောင်းခြင်းများကြောင့် တစ်ဖက်မှ မီးစိမ်းတွင် မောင်သောယာဉ်နှင့် တိုက်မိခြင်းများဖြစ်ပါသည်။ Traffic ဆိုသည်မှာ မိမိတို့မောင်းနှင်သောယာဉ်များကို အန္တရာယ်မဖြစ်စေရန် ထားရှိပေးထားခြင်းဖြစ်ပါသည်။ ကျွန်တော်တို့မှလဲ Traffic မှညွှန်ကြားချက်များကို လိုက်နာပီးမောင်းနှင်ခြင်းအားဖြင့် အန္တရာယ်ကို လျှော့ချကြရပါသည်။ 

စည်းကမ်းရှိစေချင်သောTraffic အချက်ပြမှုကို မလိုက်နာသူများအတွက်တော့ ယာဉ်တိုက်မှုအန္တရာယ်မှာ ဖြစ်ပေါ်လာဖို့ ရာခိုင်နှုန်းများပါသည်။ ထို့အတူ မောင်းနှင်နေကြသော Motor Car များမှလဲ မိမိမောင်းနှင်သော ယာဉ်ကြော၊ မိမိသွားလိုသောယာဉ်ကြောကို သေချာတိကျစွာမောင်းနှင်ရန်လိုအပ်ပါသည်။ သည်ဘက်ယာဉ်ကြော လမ်းရှင်းလို့သည်ဘက်ကူးခြင်း။ ဟိုဘက်ယာဉ်ကြောကားနည်းလို့ ယာဉ်ကြောပြောင်းခြင်းများက ယာဉ်အန္တရာယ်ကိုဖြစ်ပေါ်စေနိုင်ပါသည်။ စည်းကမ်းရှိစွာနှင့် သတိရှိစွာမောင်းနှင်ရန်လိုအပ်ပါသည်။ 

စည်းကမ်းရှိဖို့ကို မိမိတို့ငယ်စဉ်ကတည်းမှ သွန်သင်လာကြသော်လည်း ဖြတ်သန်းလာသောဘဝမှထိုအသိစိတ်ကို ယိန်းယိုင်စေသော အတွေးအခေါ် အပြောအဆိုများကြောင့် ကျွန်တော်တို့ မိတ်ဆွေတို့စိတ်ထဲတွင် စည်းကမ်းကို သိသိလျှက်နှင့် ဖောက်ချင်စိတ်များ ရှိပါလိမ့်မည်။ ထိုသို့ဖြစ်ခြင်းမှာလဲ ကျွန်တော်တို့သည် မြန်မာလူမျိုးများဖြစ်သောကြောင့်ဖြစ်ပါသည်။ စည်းကမ်းရှိသူများရှိသလို စည်းကမ်းမရှိသူများလဲများပါသည်။ အလွယ်လိုက်ချင်သူများလဲများပါသည်။ ထို့ကြောင့် steemit platform ပေါ်တွင်လဲ steemit ၏ စည်းကမ်းများကို လိုက်နာပီး စည်းကမ်းရှိစွာတိုးတက်သော မြန်မာနိုင်ငံသားများဖြစ်ကြပါရန် နိုးဆော်လိုက်ပါသည်။ 

မြန်မာနိုင်ငံသားများ steemit နှင့် အတူ အောင်မြင်ကြပါစေ

written by caesarsupaimin

MSC-025

photo by google search

Sort:  

စည်းကမ်း စည်းကမ်း တကယ်တန်ဖိုးရှိတဲ့စကားပါပဲ
ငယ်ကတည်းကနေအခုချိန်ထိ
ဖြတ်သန်းလာတဲ့ဘဝတစ်လျှောက်လုံး
စည်းကမ်းရှိဖို့အမြဲသွန်သင်ဆုံးမခံနေရတုန်းပါပဲ
ဘာလို့ဆို မိမိပါးစပ်ကပြောထွက်မယ့်စကားလေးတစ်ခွန်းကအစ စည်းလွတ်ဘောင်လွတ်မဖြစ်စေဖို့အတွက်တဲ့
မိမိမှအစလူသားအာလုံးစည်းကမ်းရှိဖို့အရေး အလေးပေးနှိုးဆော်ပေးတဲ့အတွက်ကျေးဇူးပါဗျာ

ဟုတ်ကဲ့ကျေးဇူးပါဗျ တစ်ခုခုရသွားတဲ့အတွက် ဝမ်းသာပါတယ်

သိပ်​ဟုတ်​တာ​ပေါ့​နော့

ဟုတ်​ကဲ့ဗျ

စည်းကမ်းဟူသည် လူ၏တန်းဖိုးမဟုတ်ပါလား ဗျာ

ဟုတ်​ကဲ့ဗျ

မှန်ပါတယ် .. စည်းကမ်းသည် လူ၏တန်ဖိုး ပါ .. စည်းကမ်းရှိမှ လူမျိုးတင့် .. ပါမယ်

ဟုတ်​ကဲ့ပါအမ

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

စည်းကမ်းသည်​ အဖိုးတန်​ရတနာတစ်​ပါးလိုပါပဲအစ်​ကို​ရေ

ဟုတ်ကဲ့ဗျ ခုလို အားပေးတာကျေးဇူးတင်ပါတယ်ဗျ

စည်းကမ်းရှိမှ တန်ဖိုးမြင့်မှာပါ
အားပေးနေပါတယ်

ဟုတ်ကဲ့ကျေးဇူးပါဗျ

အကောင်းဆုံးထောက်ပြချက်တွေပါ လေးစားပါတယ်bro

ဟုတ်ကဲ့အကို အားပေးတာကျေးဇူးတင်ပါတယ်ဗျ။ အများကြီးလိုအပ်တာတွေရှိပါသေးတယ်ဗျ။

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.025
BTC 55326.60
ETH 2348.86
USDT 1.00
SBD 2.32