ဆီးသီး (ဇီးသီး)
ယခုလိုမိုးနှောင်းဆောင်းကူးကာလမှာ လှိုင်လှိုင်ပေါတဲ့ဆီးသီးတွေကိုမြင်ရတော့ ငယ်ငယ်တုန်းက သင်ကြားခဲ့ရတဲ့ အရီးသည် ဆီးသီးပါလား ဟူသော မြန်မာစာသင်ခန်းစာကို ပြန်သတိရမိတယ်ဗျ။ ဆီးသီးအစ အညာက လို့ဆိုးရိုးရှိတဲ့အတိုင်း အလေ့ကျပေါက်လေ့ရှိတဲ့ ဆီးပင်များကို မြန်မာပြည်အလယ်ပိုင်း ကျောက်ပန်းတောင်းနယ်တစ်ဝိုက်နဲ့ မြေလတ်ဒေသတွေမှာ ပေါပေါများများ တွေ့ရနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် ဆီးသီး အချိုနဲ့ အချဉ် ဆိုပီး ၂ မျိုးရှိပါတယ်။ သူတို့ကတော့ ရာသီဥတုနဲ့ နေရာဒေသ ရေမြေကိုလိုက်ပီး အမျိုးအစားကွဲပီးပေါက်ကြပါတယ်။ ကြားဖူးတဲ့အသီးတွေကတော့ ဇီးပဲလှော် ဇီးချိုသီး အချဉ်ဇီးသီး ကြက်ဥဇီးသီး ဇီးပန်းသီး စသဖြင့် ကြားဖူးပါတယ်။ အရသာလဲကွဲပြားကြပါတယ် နာမည်မတူသလိုပါပဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ဆီးသီး အချဉ်ရော အချိုရောကို အစိမ်းစားကြပါတယ်။ အပင်ကနေခူးစားတာတွေလဲရှိသလို ကြွေပီးသားအသီးတွေကို သန့်စင်ပီးစားတာလဲရှိပါတယ်။ ငယ်ငယ်တုန်းကလဲ အဲ့လိုပဲစားခဲ့တာပါ။ ဆီးသီးတွေပေါတဲ့အညာတွေမှာဆို ဆီးသီးခြောက်ကို ဆီးခွဲစက်နဲ့ခွဲပီး အခွံကို ယိုလုပ်တာတို့ အမှုန့်လုပ်တာတို့ တော်ဖီတို့ ဖျော်ရည်တို့လုပ်ကြပါတယ်။ အစေ့ကိုကျတော့ လောင်စာအပြင်သုံးလို့ရပါတယ်။ အစေ့ထဲက အဆံလေးကိုကျတော့ ဆေးဖော်တဲ့နေရာမှာသုံးကြပါတယ်။ အဆူးပါတဲ့ ဆီးကိုင်းတွေဆို ခြံကာဖို့သုံးကြတာလဲရှိပါတယ်။
ကျန်းမာရေးအရကြည့်မယ်ဆိုရင်တော့ အသီးသာမက အရွက်နှင့်ပင်စည်အခေါက်တွေကလည်း ဆေးဖက်ဝင်ပါတယ်။ဆီးသီးထဲမှာမြင့်မားစွာပါရှိတဲ့ phytonurientsu ဓါတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် အစွမ်းထက်စေသလိုဗီတာမင်စီဓါတ်လည်း အလုံအလောက်ပါရှိလို့ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေကာ အအေးမိ နှာစေး ချောင်းဆိုး စတဲ့ကူးဆက်ရောဂါတွေကိုမဖြစ်စေပါဘူး။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ၊ နာတာရှည် ဖျားနာသူတွေစားပေးသင့်ပါတယ်။
ခုလိုဆောင်းရာသီအဝင်မှာ ပီးတော့ ဆောင်းရာသီရောက်တဲ့အချိန်မှာ နေ့တာတိုပြီး ညတာရှည်တဲ့အတွက် နေ့အလင်းရောင် ဆုံးရှုံးတာဟာ အစာစားလိုစိတ်ကို တိုးစေတယ်လို့ စကော့တလန် သူတေသီတွေက ပြောထားပါတယ်။အစာစား လိုစိတ်ပေါ်လို့ စားတဲ့အခါ အဆီဓါတ် လုံးဝမပါဘဲ ကယ်လိုရီလုံလောက်တဲ့ ဆီးသီး လတ်လတ်ဆတ်ဆတ်ကို ဦးစားပေး စားသုံးသင့်ပါတယ်။
အားလုံးပဲ ဆီးသီးရဲ့အကျိုးကျေးဇူးလေးတွေကို အနည်းငယ်ပဲဖြစ်ဖြစ် ဗဟုသုတရမယ်ဆို ကျေနပ်ပါတယ်ကျေးဇူးတင်ပါတယ်ဗျ။
by caesarsupaimin
MSC- 025
photo by google search


