ပုံမှန်လေ့လာသင်ယူ

in #myanmar6 years ago


မင်္ဂလာပါ။ စာမတင်တာနည်းနည်းကြာသွားတယ်။ ဒီရက်ပိုင်းကတော့ ကျွန်တော်လည်း အလုပ်ရှာနေတာနဲ့ စာမတင်ဖြစ်ပါဘူးဗျာ။ အလုပ်ရှာနေတာဆိုတော့ သူများတွေလို မနက်အချိန်မှန်မှန်ထစရာမလိုသလို ညနေအလုပ်ဆင်းချိန်လည်းမရှိဘူးပေါ့ဗျာ။ သူငယ်ချင်းတွေကိုလည်း အလုပ်ကူရှာခိုင်းပေမဲ့ သူတို့လည်းသူတို့အလုပ်နဲ့သူတို့အလုပ်များနေတာဆိုတော့ မအားကြဘူးဗျ။ ကျွန်တော်လည်း အင်တာနက်ကနေ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ အလုပ်တစ်ခုတွေ့တယ်ဗျ။ customer service အလုပ်တစ်ခုပါ။ သူက လုပ်ငန်းအတွေ့အကြုံ ၂ နှစ်ရှိရမယ်။ အင်္ဂလိပ် 4 skill ရရမယ်။ အသက် ၂၅ က နေ ၃၀ အတွင်းဖြစ်ရမယ်ဆိုတဲ့အချက်တွေတွေ့တော့ ကျွန်တော်နဲ့ ကိုက်ညီမယ်ထင်ပီး လျှောက်လွှာတင်လိုက်ပါတယ်။ အင်တာနက်ကနေပါပဲ။ နောက် ၂ရက်လောက်ကြာတော့ ကျွန်တော့ကိုအင်တာဗျူးလာခဲ့ဖို့ အကြောင်းကြားပါတယ်။ ကျွန်တော်လည်း အင်တာဗျူးသွားရမယ်ဆိုတဲ့အတွက် ကြိုတင်ပြင်ဆင်လေ့လာမှုတွေလုပ်ခဲ့ပါတယ်။

အဲ့လိုလေ့လာမှုတွေကို အင်တာနက်တွေကနေရော သူငယ်ချင်းတွေစီကနေရော youtube ကနေရောရှာခဲ့ပါတယ်။ အဲ့ဒီလေ့လာမှုတွေအပြင် တစ်ခြား တစ်ခုလည်း တွေ့ခဲ့ရပါတယ်။ ကျွန်တော်youtube ကနေ အချက်အလက်တွေရှာနေတုန်း ဘေးနားလေးမှာပေါ်နေတဲ့ recommended video တွေထဲမှာ how to improve your english skill ဆိုပီးတော့ တွေ့မိပါတယ်။ အဲ့ဒါလေးကို ဝင်ကြည့်မိလိုက်တဲ့အခါမှာတော့ သူပြောချင်တာက ကျွန်တော်တို့လူသားတွေက အင်္ဂလိပ်စကားပြောဆိုတာတွေ အရေးအသားတွေ နားထောင်တဲ့အပိုင်းတွေကို တိုးတက်ချင်ကြပါတယ်။ ဒါပေမဲ့ ထိရောက်အောင် ပုံမှန်လေ့လာသင်ယူမှုမလုပ်ကြပါဘူးတဲ့။ တိုးတက်ဖို့ဆိုတာ တစ်ထိုင်တည်း အချိန်အကြားကြီးပေးပီး ကြိုးစားရတဲ့အရာမဟုတ်ပါဘူးတဲ့။ မိမိတိုးတက်ချင်တဲ့အရာကို အချိန်တစ်ခုသတ်မှတ်ထားပီး နေ့စဉ်အချိန်မှန်မှန်လေ့လာသင်ယူရင် နောင်တစ်ချိန်မှာ သူများထက်သာနေမယ်ဆိုတာ အသေအချာပါပဲတဲ့။ ဘယ်အလုပ်မဆို အချိန်မှန်မှန် ပုံမှန်လုပ်ရင် တိုးတက်ပြောင်းလဲတာကြီးပါပဲတဲ့။

ကျွန်တော်တို့တွေ အလုပ်တစ်ခုခု ဒါမှမဟုတ် လုပ်ငန်းတစ်ခုခု ပညာရပ်တစ်ခုခုကို အချိန်သတ်သတ်မှတ်မှတ် နေ့စဉ်ပုံမှန်လုပ်ဆောင်သွားမယ် သင်ယူလေ့လာ လေ့ကျင့်သွားမယ်ဆိုရင် အောင်မြင်ကြလာလိမ့်မယ်လို့ထင်ပါတယ်ဗျ။

Writer caesarsupaimin
MSC-025

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

ပညာရပ်တစ်ခုကို အချိန်သတ်မှတ်ပြီးလေ့လာရင် တဖြည်းဖြည်းကျွှမ်းကျင်တက်မြောက်လာမယ်လို့ ယုံကြည်ပါတယ် မောင်လေးရေ

Hote kae bya 😁

ပုံမှန်‌‌လေး‌လေ့လာသင်‌ယူနိုင်‌ဘို့ အ‌ရေးကြီးတယ်‌ဆိုတာ မှန်‌ပါတယ်‌။

ပုံမှန်လုပ်သူက မလုပ်တစ်ချက်လုပ်တစ်ချက်ထက်တော့ သာမှာပါ

That's right bro.

တစ်နေ့နည်းနည်းချင်းသင်ယူသွားရင် ပြည်စုံလိမ့်မယ်လို့ ထင်ပါတယ်နော်

ဟုတ်ကဲ့ဗျ

အမှန်​ပါ...ပုံမှန်​သင်​ယူ​လေ့လာသွားတာအ​ကောင်းဆုံးပါ...

ဟုတ်ပါတယ်ဗျ

လူငယ်တွေကြိုးစားကြရမှာပါ
ဖိုက်တင်း

ဟုတ်ကဲ့ဗျ

အေးလေ ကိုယ်က သူများတွေပြောနေတာကြည့်ပြီးကိုလည်းပြောချင်လို့လေ့ကျင့်တော့ တစ်ခါတည်းအကုန်လုပ်ပစ်ချင်တာမရဘူး

ဟုဟု ဖြည်းဖြည်းချင်စီပေါ့ဗျာ။

ပညာရပ်တစ်ခုခုကို အချိန်ပေးသင်ယူထားတာအကောင်းဆုံးပါပဲ

ဟုတ်ကဲ့ဗျ

မှန်​တာ​ပေါ့ဗျာ ခြများ​တောင်​တ​ဖြေး​ဖြေး​တောင်​ပို့ဖြစ်​​သေးတာဘဲ​လေ

Posted using Partiko Android

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62648.12
ETH 2562.87
USDT 1.00
SBD 2.74