ငှက်ကလေး အကြောင်း
ဒီနေ့ကျွန်တော် ရေးချင်တဲ့အကြောင်းအရာကတော့ ငှက်ကလေးတစ်ကောင်အကြောင်းရေးချင်ပါတယ်။
ငှက်တွေများစွာရှိပါတယ်။ ဒါပေမဲ့ ငှက်အမည်မထည့်တော့ပဲနဲ့ ငှက်တစ်ကောင်လို့သုံးထားပါတယ်။ မနက်မနက် နေမထွက်ခင်ကနေစပီးတော့ ညနေ နေဝင်အိပ်တန်းတက်တဲ့အချိန်ထိ သူတို့ အသံကိုကြားနေကြမှာဖြစ်ပါတယ်။ အဆက်မပြတ် မဟုတ်တောင်မှ အချိန်တော်တော်များများ သူတို့ နှုတ်သီးကထွက်တဲ့အသံကိုကြားကြမှာပါ။ သူတို့ ဘာကိုဆိုလိုတယ်၊ ဘာကိုရည်ရွယ်တယ်မသိပေမဲ့ သူတို့ရဲ့ အသံက ချိုသာပါတယ်။ တစ်ခါတစ်လေမှ လူတွေနားလည်သလို တေးသံလေးတွေဆိုနေတယ်ထင်ရအောင် ချိုသာကြပါတယ်။ သူတို့ မအိပ်ခင်အထိပေါ့ဗျာ။ ဒါပေမဲ့ သူတို့ရဲ့ ချိုသာတဲ့အသံက သူတို့ ဘယ်လိုခံစားချက်ကြောင့်ဖြစ်လာတယ်ဆိုတာ မည်သူမျှ အတိအကျမသိပါဘူး။ ငှက်ကလေးတစ်ကောင်အတွက် ရှင်သန်ရတာဟာ ခက်ခဲလှပါတယ်။ တစ်ချို့သော ငှက်ကလေးတွေအတွက် ခက်ခဲပေမဲ့ တစ်ချို့သောငှက်လေးတွေအတွက်တော့ လွယ်ကူကြပါတယ်။ အမျိုးမျိုး အဖုံဖုံ နဲ့ ရှင်သန်ရပ်တည်ကြပါတယ်။ ပုံစံ မတူတဲ့ နေထိုင်မှု အသွင်ပြင် အသံ နေထိုင်မှုတွေ နဲ့ မျိုးစုံသော ငှက်လေးတွေရှိပါတယ်။
သာမာန်အားဖြင့် ငှက်ကလေးတွေဟာ တစ်နေ့တစ်နေ့ ရှင်သန်ရပ်တည်ဖို့အတွက် အစားအစာကို ရှာဖွေစားသောက်ကြပါတယ်။ အဲ့လိုရှာဖွေစားသောက်ရာမှာလဲ အန္တရာယ်မျိုးစုံ ရှိကြပါတယ်။ ကြောင်တွေ ခွေးတွေ လူတွေ ကားတွေ ဆိုင်ကယ်တွေ တခြား တိရိစ္ဆာန်တွေ အမျိုးမျိုး စသဖြင့်ပေါ့။ ငှက်လေးတွေဖြစ်ရတာကောင်းတယ် ကြိုက်သလိုပျံသန်းလို့ရတယ်လို့ ထင်ကြတဲ့လူတွေလဲရှိပါတယ်။ ငှက်တွေဖြစ်ရတာမကောင်းဘူး လို့ဆိုတဲ့လူတွေလဲရှိကြပါတယ်။ ဘယ်အရာမဆို ကောင်းတာနဲ့ ဆိုးတာ အမြဲတွဲနေပါတယ်။ ငှက်တစ်ကောင်အတွက် ရှင်သန်ရတာလွယ်လားမလွယ်လား သာမာန်အားဖြင့် တွေးလို့ရပါပီ အပေါ်က စာတွေကို ဖတ်ပီးမယ်ဆိုရင်ပေါ့။
တစ်နေ့မှာ ငှက်ကလေးတစ်ကောင် က အစာရှာစားဖို့ထွက်လာခဲ့တယ်။ သူပျံသန်းလာရာလန်းကြောင်းမှာ လေပြင်းတွေ ဖုန်မှုံ့တွေ သပင်တွေ နဲ့ တွေ့ကြုံ ဖြတ်သန်းခဲ့ရတယ်။ တစ်နေရာအရောက်မှာ ပိုးကောင်ငယ်လေးတွေရှိတဲ့ သစ်ပင်ကြီးတစ်ပင်ကိုရောက်သွားတယ်။ အဲ့ဒီသစ်ပင်ကြီးမှာ တွယ်ကပ်ရှင်သန်နေတဲ့ သစ်ရွက်စားတဲ့ပိုးလေးတွေ ပင့်ကူလေးတွေ နဲ့ တခြား ပိုးကောင်ငယ်လေးတွေကို သူ့ရဲ့ အစာအဖြစ် ဖမ်းယူစားသောက်ဖြစ်တယ်။ နောက်တော့ သူဖမ်းယူစားသောက်တဲ့ အကောင်လေးတွေကုန်သွားခဲ့တယ်။ ဒါပေမဲ့ သူကတော့ ဗိုက်မဝသေးဘူးပေါ့။ ဘာလို့လဲဆိုတော့ သူစားရတဲ့ပိုးကောင်လေးတွေက သေးငယ်တာရယ် တစ်နေရာနဲ့တစ်နေရာ ကိုသွားလာရချိန်ခုန်စွခုန်စွလေးနဲ့သွားရတဲ့အတွက် စွမ်းအင်ကုန်ခန်းတာရယ် နောက်ပီး ရရှိတဲ့ ပိုးကောင်ငယ်လေးတွေ နဲတာရယ်ကြောင့် သူဗိုက်မဝတဲ့အတွက် နောက်ထပ်တစ်နေရာကို အစာရှာဖို့ ဆက်ပီး ပျံသန်းလာခဲ့တယ်။
သူနောက်ထပ်ရောက်တဲ့နေရာကတော့ လူတွေနေထိုင်တဲ့ ကျေးရွာငယ်လေးတစ်ခုကိုရောက်ခဲ့တယ်။ လူတွေချက်ပြုတ်စားသောက်လို့ ကျွှင်းကျန်ရစ်တဲ့ စားကြွင်းစားကျန်တွေကို စားဖို့ လိုက်ပီး ပျံသန်းရှာဖွေရတာပေါ့။ အဲ့လိုရှာဖွေတဲ့ နေရာမှာ သူ့လိုပဲ လူတွေရဲ့ စားကျွင်းစားကျန်ကို စားရဖို့ လိုက်ရှာတဲ့ ခွေး တို့ ကြောင်တို့နဲ့တိုးရင်လဲ ရန်ပြုခံရတယ်။ အစာရှာရင်းနဲ့ မိမိကိုယ်တိုင် အစာမဖြစ်သွားအောင်လဲ အန္တရာယ်ကို ဂရုစိုက်ရသေးတယ်။ အစာရှာတဲ့နေရာတူလို့ သူတို့နဲ့တွေ့တဲ့အခါမှာလဲ အဝေးကနေပဲ သူတို့ ထွက်သွားတဲ့အချိန်ထိ စောင့်ရတဲ့အချိန်တွေလဲရှိပါတယ်။ အဲ့လိုအဝေးကနေ စောင့်ရတဲ့အချိန်တွေမှာလဲ ပတ်ဝန်းကျင်က လူသားတွေရဲ့ လေးခွရန်ကလဲရှိပါသေးတယ်။ ကလေးတွေ လူလတ်ပိုင်းတွေက အပျော်သဘော နဲ့ ပစ်ခတ်တာတွေကိုလဲ ရှောင်ရှားရပါသေးတယ်။ မိမိကို ပစ်ခတ်နေတာ သိပီဆိုရင်လဲ ထွက်ပြေးရပါတယ်။ အဲ့လိုထွက်ပြေးလို့ ကိုယ်နားလိုက်တဲ့သစ်ကိုင်းမှာ မြွေသတ္တဝါတွေရှိမယ်ဆိုရင်လဲ သူတို့တွေရဲ့ အစာမဖြစ်အောင် ရှောင်ပြေးရပါသေးတယ်။ ဒါကတော့ အကြမ်းဖျင်း ငှက်ကလေးတစ်ကောင်ရဲ့ ရှင်သန်မှုပါ။ ကျွန်တော်က ကျွမ်းကျင်သူမဟုတ်တဲ့အတွက် အမှားတွေ လဲပါပါလိမ့်မယ် သည်းခံပီး ဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
written by caesarsupaimin
MSC-025
photo by google search



ရေးထားတာရော် ဖတ်ရတာရော် အ ဆင်ပြေပါတယ်။ တခုဘဲ အားပေးချင်တာ အဲလိုplain တင်ပြပြီး မရပ်ပစ်ဘဲ။ စာဖတ်သူကို စဉ်းစားဖို့ ချထားခဲ့ရင်ပိုကောင်းတယ်။ ဥပမာ ဒီလိုတနေ့ရှာတနေ့စားတဲ့ ငှက်ကလေး မနက်ဖြန်အတွက်မပူပန်ဘူး။ ငါတို့ တွေဘာလို့ မနက်ဖြန်အတွက်ပူပင်နေကြသလဲ စသဖြင့်ပေါ့။
ဟုတ်ကဲ့အကို ကြိုးစားပါမယ် ကျေးဇူးတင်ပါတယ်ဗျ
good post bro...
ဟုတ်ကဲ့ ကျေးဇူးပါဗျ
လေ့လာမှုအားကောင်းတယ်ဗျာ
လိုအပ်ချက်တွေအများကြီးပါအကို ကျွန်တော်လဲ တတ်သလောက် မှတ်သလောက်လေးပါ
Good
I like it
thanks
သတ္တလောကသားမှန်ရင် အသက်မွေးမှုအတွက် တာဝန်သုံးရပ်ကို မဖြစ်မနေထမ်းဆောင်ကြရတယ်၊ (၁) စားရေး (၂)ဝတ်ရေး (၃) နေရေး ဆိုတဲ့ပင်မတာဝန်သုံးရပ်ပေါ့၊ ဒီတာဝန်တွေထမ်းဆောင်တဲ့နေရာမှာ ခကိခဲမှုတွေလည်းရှိတယ်၊ အဆင်မပြေမှုတွေလည်းအပြည့်ပဲ၊ အန္တရာယ်တွေက လည်းထုနဲ့ထေးပေါ့။ ဒါတွေကြားထဲက အဆင်ပြေအောင်၊ လုပ်ဆောင်ကြရင်းက စိတ်ကျေနပ်ပျော်ရွှင်အောင်လဲလုပ်ကြရသေးတယ်၊ တကယ်တော့ ဒီတာဝန်သုံးရပ်နဲပပဲ မွေးသည်ကသေသည်ထိ မဖြစ်မနေလုပ်ကိုင်နေကြရတာပဲလေ။