ငြိမ်​မ​နေတဲ့နည်းပညာ၊ဦးစား​ပေးရတဲ့သူ​ဋ္ဌေးရဲ့သ​ဘော

in #myanmar6 years ago

IMG_20180301_193604.jpg
ရုံးလုပ်​ငန်း လုပ်​ကိုင်​သူ​တွေအတွက်​ သူတို့​တွေ အရမ်း​တော်​ အရမ်းတတ်​လို့ company ​တွေ ရုံးလုပ်​ငန်း​တွေမှာ ​နေရာတစ်​​နေရာရတယ်​ဆိုတာ မှန်​ပါတယ်​။ အလုပ်​မရ​သေးခင်​ တစ်​ချိန်​တုန်းက သူ့အ​နေနဲ့ အပြင်​​လောကမှာ ကျင်​လည်​ ​နေခဲ့ပီး အပြင်​​လော ကအမြင်​ လုပ်​ငန်းအမြင်​​တွေကို ဆက်​စပ်​​တွေး​ခေါ် လုပ်​ကိုင်​ရင်း အသက်​​မွေး ဝမ်း​ကျောင်းပြုခဲ့ပါတယ်​။

သူ့လို လူမျိုး​တွေ လုပ်​ငန်းခွင်​ထဲ​ရောက်​သွားတဲ့အခါ လုပ်​ငန်း​ထဲမှာသူမသိဖူး​သေး မမြင်​ဖူး​သေး မလုပ်​ကိုင်​ဖူး​သေးတာ​တွေကို သင်​ကြား လုပ်​ကိုင်​ရပါတယ်​။ အဲ့ဒီအခါမှာ သူက အပြင်​က သူ့လိုဒီအလုပ်​မလုပ်​ဖူးသူ​တွေထက်​ ပို​တော်​ ပိုတတ်​ ပိုသိလာပါတယ်​။ အဲ့ဒီလိုဆို​တော့ အပြင်​ကလူ​တွေနဲ့ယှဉ်​ရင်​ သူကဆရာကြီး​ပေါ့။

ဒါ​ပေမဲ့ နည်းပညာ​တွေက ရပ်​တန့်​​နေတာမဟုတ်​သလို လူသား​တွေကလည်း ရပ်​တန့်​​နေကြတာမဟုတ်​ပါဘူး။ အမြဲကြိုးစားပီးတိုးတက်​​အောင်​လုပ်​​နေကြပါတယ်​။ အပြင်​​လောကမှာမသိ​သေးတဲ့ လုပ်​ငန်း​တွေလုပ်​ပုံကိုင်​ပုံ နည်းပညာ​တွေက တစ်​ချိန်​မှာ​တော့ ​ရောက်​ရှိပီး အပြင်​ကလူ​တွေလည်း သိကျွမ်းနားလည်​လာပါတယ်​။ ​ပြောရမယ်​ဆိုရင်​ ခရီးတစ်​ခုကို မတူညီတဲ့ လမ်းက​နေသွား​နေကြသူနဲ့တူပါတယ်​။

တစ်​ဦးက ပုံမှန်​​မြေညီလမ်းမှာသွား​နေပါတယ်​။ ​မြေညီလမ်းဖြစ်​တဲ့အတွက်​ ​မြေသား​တွေက တစ်​​ပြေးတည်းဖြစ်​ပီး ပုံမှန်​ ​ရွေ့လျှားမှုနှုန်းနဲ့ သွား​နေပါတယ်​။ ​နောက်​တစ်​​ယောက်​က​တော့ ကုန်းမြင့်​ ကုန်းနိမ့်​​တွေနဲ့လမ်းကိုသွား​နေသူနဲ့တူပါတယ်​။ သူ့အ​နေနဲ့ ကုန်းမြင့်​ကိုတက်​​နေရချိန်​မှာ အချိန်​ပိုယူရပီးပိုကြာပါတယ်​။မြေပြန့်​ကလူကသူ့ကို ​ကျော်​တက်​သွားပါမယ်​။ ဒါ​ပေမဲ့ ကုန်းဆင်းကို​ရောက်​တဲ့အခါ ​မြေပြန့်​မှာသွားသူထက်​ သူက ပိုမြန်​သွားပါလိမ့်​မယ်​။

လုပ်​ငန်းခွင်​ထဲ နည်းပညာအသစ်​ကို သိရှိသူအတွက်​ ပုံမှန်​လမ်းသွား​နေသလိုဖြစ်​ပါမယ်​။ အပြင်​ဘက်​ နည်းပညာသစ်​ကို မသိ​သေးသူအတွက်​ ​လေ့လာချိန်​ပို​ပေးရပီး အသိ​နောက်​ကျ​ပေမဲ့ သူသိသွားတဲ့အချိန်​နဲ့ အပြင်​က နည်းပညာ​တွေကို​ပေါင်းစပ်​လိုက်​ရင်​ သူ့ရဲ့တိုးတက်​ ကျွမ်းကျင်​မှုက ပိုမြန်​သွားပါတယ်​။
လုပ်​ငန်းထဲမှာလုပ်​​နေသူအတွက်​ သူ့အ​နေနဲ့ ​တော်​ပါတယ်​ သူအရမ်း​တော်​ပါတယ်​သူ့လုပ်​ငန်းမှာ ဒါ​ပေမဲ့ အပြင်​လုပ်​ငန်းကလူ​တွေကလည်း သူ့ထက်​မညံ့သလို အပြင်​အ​တွေ့အကြုံ​တွေက တစ်​​နေရာနဲ့တစ်​​နေရာမတူ ကွဲပြားတဲ့အတွက်​ လုပ်​ငန်းတွင်းကလူထက်​ပို ဗဟုသုတများပါတယ်​။

ရုံးလုပ်​ငန်းလုပ်​ကိုင်​သူ​တွေက ရုံးစိတ်​​တွေပို​ပေါက်​ကုန်​ပါတယ်​။ သူလုပ်​တဲ့လုပ်​ငန်းမှာသူ​တော်​တယ်​ သူလုပ်​တာမှန်​တယ်​ သူ့အပိုင်းမှာမှန်​ကန်​​နေတယ်​ တစ်​ခြား ဋ္ဌာနက လွဲ​နေတာ သူဂရုမစိုက်​ဘူး သူ့အပိုင်းမှန်​​နေရင်​ရပီ ဆိုတဲ့ စိတ်​ရှိသူ​တွေများလာပါတယ်​။ အဲ့ဒီစိတ်​နဲ့ဆိုရင်​​တော့ လုပ်​ငန်းက အိပဲ့ အိပဲ့ နဲ့ပဲ ဆက်​​နေမှာပါ။ တစ်​ဖွဲ့ရဲ့လိုအပ်​ချက်​ကို တစ်​ဖွဲ့က ကူညီနိုင်​သ​လောက်​ကူညီလုပ်​ကိုင်​ အကြံ​ပေးဖို့လိုအပ်​ပါတယ်​။ အကြံ​ပေးတယ်​ဆိုတဲ့​နေရာမှာလည်း အကြီး​တွေ အရာရှိအကြီး​တွေ မ​တွေးမိ​သေးတဲ့ အချက်​​တွေကို အငယ်​​တွေတင်​ပြတဲ့အခါ စဉ်းစားချင့်​ချိန်​ ​ထောက်​ခံ လုပ်​ကိုင်​​စေချင်​ပါတယ်​။ ခုမြင်​​နေရတာ​တွေက ​အောက်​ဝန်​ထမ်းက ဘယ်​​လောက်​ အချက်​နဲ့အလက်​နဲ့ ​ပြောပြ ရှင်းပြ​နေ​ပေမဲ့ အထက်​ကလူက မရဘူး မလုပ်​ရဘူး သူတို့​ပြောတာပဲ လုပ်​၊ ဒါလုပ်​ ဒါမလုပ်​နဲ့ ငါခိုင်းတာလုပ်​ ဆိုတဲ့ ပုံစံ​တွေဆို​တော့ အငယ်​​တွေအ​နေနဲ့ မတိုးတက်​ပါဘူး။ အကြီး​တွေက သူတို့လုပ်​သက်​နဲ့ သူတို့ ကြုံခဲ့ရတာ​တွေက အငယ်​​တွေ​ပြောတာကို မသိတာလည်းမဟုတ်​ပါဘူး၊ ဒါ​ပေမဲ့ သိရက်​နဲ့မလုပ်​​ပေးတာမဟုတ်​ပါဘူး လုပ်​ငန်းပိုင်​ရှင်​သူ​ဋ္ဌေး​တွေကိုက မလုပ်​ခိုင်းတာဖြစ်​လို့ သူ​ဋ္ဌေး​တွေရဲ့ ဆုံးဖြတ်​ချက်​နဲ့ပဲ သူတို့ခိုင်းသလိုလုပ်​ရတာပါ။ ဝန်​ထမ်းဆိုတာ ပိုင်​ရှင်​လုပ်​ချင်​တာကို ပဲ ဦးစား​ပေးလုပ်​ရတာမဟုတ်​ပါလားဗျာ။

Writer caesarsupaimin
MSC-025

Sort:  

ဝန်​ထမ်းဆိုတာ ပိုင်​ရှင်​လုပ်​ချင်​တာကို ပဲ ဦးစား​ပေးလုပ်​ရတာမဟုတ်​ပါလားဗျာ။
Right

ဟုတ်​ကဲ့

သူဌေးက သူဌေးပါလေ ဘာတတ်နိုင်ပါ့မလဲ😉😉ပိုင်ရှင်ဖြစ်အောင်ကြိုးစားကြစို့

ဟုတ်​ကဲ့ကြိုးစားမယ်​ဗျ

ဝန်ထမ်းတွေရဲ့ဘ၀က သနားစရာပါဗျာ ဟိုကဟောက်စား ဒီကဟောက်စားတွေကိုကြောက်နေရတာများတယ် ကိုယ်ပိုင်လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ

ဟုတ်​ တယ်​ အကို ရယ်​ ရာထူး ငယ်​တဲ့ သူ​တွေဆို ပိုဆိုး

လုပ်ရင်းသင် သင်ရင်းလုပ် အမြဲလေ့လာ အောင်မြင်မှာ မလွဲ

မှန်​ပ မှန်​ပ

အတွေးကောင်းပဲဗျ

ဟုတ်​ကဲ့ ဗျ

ငါပြောသလိုလုပ်
ငါခိုင်းသလိုလုပ်
ငါလုပ်သလိုမလုပ်နဲ့
ငါညနေကျ ဘီယာသွားသောက်အုံးမှာ
မလိုက်ခဲ့နဲ့😁😁

လိုက်​မယ်​ အာ့​တော့ နား​ထောင်​ဘူး ငိငိ

အလုပ်သဘောလေးတွေ ကောင်းတယ် ဘယ်နေရာဘယ်အလုပ်ဖြစ်ဖြစ် အထာနပ်အောင်နေတတ်ဖို့ ဆိုတာ တို့နိုင်ငံမှမဟုတ်ဘူး တခြားနိုင်ငံတွေလဲအဲလိုပဲ။

ဟုတ်​ အကို

အတွေးကနေ အလုပ် ... အလုပ်ကနေ အကျင့်ဖြစ်သွားတာပါ ... ရုံးမှာ လုပ်ရင် ရုံးဝန်ထမ်းစိတ်ပဲ တွေးပြီး သူ့အကျင့်လို ဖြစ်သွားတာတွေ မနည်းမနောပါ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.031
BTC 60007.44
ETH 2590.20
USDT 1.00
SBD 2.61