မိတ်​​ဆွေများတိုး

in #myanmar6 years ago

image
မင်္ဂလာပါဗျ သင်္ကြန်​လည်း ပီးသွားပါပီ။ သို့​ပေမဲ့လည်း မိတ်​​ဆွေသစ်​​တွေ အများကြီးရလိုက်​တယ်​ဗျ။ ဘယ်​လိုရတာလည်းဆို​တော့... အလုပ်​နဲ့ပတ်​သက်​လို့​ရော မပတ်​သက်​လို့​ရော ရခဲ့တာဖြစ်​ပါတယ်​။ အလုပ်​နဲ့ပတ်​သက်​တယ်​ဆိုတာက​တော့ သင်္ကြန်​ရက်​​တွေမှာ ကျွန်​​တော့သူငယ်​ချင်းက ကျွန်​​တော့ကို အကူအညီတစ်​ခု​တောင်းပါတယ်​။ သူCCTV တပ်​​ပေးထားတဲ့ မန္တပ်​မှာ cctv data file ​တွေ ကို backup ဆွဲ​ပေးဖို့ပါ။ သင်္ကြန်​ရက်​ပိုင်း သူခရီးသွားစရာရှိလို့ ကျွန်​​တော့ကို အကူအညီ​တောင်းတာဖြစ်​ပါတယ်​။ ကျွန်​​တော်​လည်း ​ကောင်းပီဆိုပီး cctv ​တွေရဲ့ data file ​တွေကို backup ဆွဲ​ပေးခဲ့ပါတယ်​။

နေ့စဉ်​ ည​နေ ၃နာရီ​လောက်​မှာ file ​တွေကို backup ဆွဲဖို့အတွက်​ memeory stick ကို cctv system စက်​မှာ တပ်​ပီး backup file ​တွေကို stick ထဲကို download ဆွဲပါတယ်​။ cctv camera စုစု​ပေါင်း ၈ လုံးရှိပါတယ်​။ အဲ့ဒီ ၈လုံးရဲ့. မနက်​ ၉နာရီ မန္တပ်​စဖွင့်​ချိန်​က​နေစပီး ည​နေ ၄နာရီထိကို backup ဆွဲ​ပေးတာဖြစ်​ပါတယ်​။ ကငိမရာ ၈လုံးစလုံးရဲ့ data file ​တွေကို ဆွဲတာဖြစ်​လို့ စုစု​ပေါင်း file size က 27 GB ရှိပါတယ်​။ တစ်​ကြိမ်​ backup file stick ထဲ download ဆွဲရင်​ ၁နာရီက​နေ ၂နာရီထိကြာတတ်​ပါတယ်​။ အဲ့ဒီလို backup ဆွဲဖို့ပြင်​ဆင်​တပ်​ဆင်​ရတာ​တွေ​ကြောင့်​ ​ပြောရဆိုရတဲ့သူ​တွေက​တော့ စက်​ခန်းထဲ့ကအကို​တွေဖြစ်​ပါတယ်​။ ​နောက်​ပီး DJ တီးခတ်​တဲ့ အကို​တွေအမ​တွေနဲ့လည်းခင်​မင်​ခွင့်​ရခဲ့ပီး အမှတ်​တရ ဓာတ်​ပုံ​တွေလည်း ရိုက်​ဖြစ်​ခဲ့ပါတယ်​။ DJ တီးခတ်​သူ ၂​ယောက်​က​တော့ မန္တ​လေးကပါပဲ ​နောက်​ထပ်​၂​ယော်​က​တော့ ရန်​ကုန်​ကလာတာဖြစ်​ပါတယ်​။
image

နောက်​ပီး လုံခြုံ​ရေးအကို​တွေနဲ့လည်း ခင်​ခဲ့ပါတယ်​။ဒီလိုပါ ကျွန်​​တော်​က ပုံမှန်​ဆိုအဲ့ဒီ စက်​ခန်းထဲဝင်​ခွင့်​မရှိပါဘူး။ ဒါ​ပေမဲ့ သူငယ်​ချင်းက အကူအညီ​တောင်းထားလို့လုပ်​​ပေးရတာဖြစ်​လို့ သူကပဲ အဲ့ဒီ လုံခြုံ​ရေး အကိုကြီး​တွေနဲ့ မိတ်​ဆက်​​ပေးခဲ့တာဖြစ်​ပါတယ်​။ အဲ့ဒါမှလည်း စက်​ခန်းထဲကို စစ်​​ဆေး ​မေးမြန်းမှုမရှိပဲ သွား​ရောက်​နိုင်​ပီး အလုပ်​ကို မြန်​မြန်​ ဆန်​ဆန်​လုပ်​နိုင်​မှာဖြစ်​လို့ပါ။ သူတို့​တွေကလည်း ကျွန်​​တော့်​ကို လိုအပ်​တာ​တွေကူညီပါတယ်​။ ပါဝါကြိုးမရတာ​တွေ ကအစ ကူညီကပါတယ်​။ cctv data file ​တွေကို backup ဆွဲတဲ့အခါ အချိန်​ကြာပါတယ်​။ အဲ့ဒီအခါ ကျွန်​​တော်​က DJ တီး​နေတဲ့ အကို​တွေနဲ့ စကား​ပြောဖြစ်​ပါတယ်​။ တစ်​ခါတစ်​​လေ​တော့လည်း အ​ရှေ့ဘက်​ထွက်​ပီး စင်​​ပေါ်မှာပဲ DJ သီချင်း​တွေကိုခံစားရင်း ကခုန်​​နေလိုက်​ပါတယ်​။ ကိုယ်​လည်းကတာ နည်းနည်း​မောလာရင်​ ကတာခနရပ်​ပီး ​အောက်​ထပ်​ကိုဆင်းသွားပီး cocktail တစ်​ခွက်​ဝယ်​​သောက်​ပါတယ်​။ cocktail ​သောက်​လို့ကုန်​သွားရင်​ စက်​ခန်းထဲပန်​သွားပီး backup file download ဆွဲတာကို အ​ခြေအ​နေသွားကြည့်​ပါတယ်​။ မပီး​သေးဘူးဆိုရင်​ စက်​ခန်းထဲကထွက်​ပီး အပြင်​မှာထပ်​က​နေပါတယ်​။

အဲ့လိုက​နေတာက​နေမှာ ကျွန်​​တော့လိုပဲ က​နေကြတဲ့အကို​တွေ ရှိပါတယ်​။ သူတို့​တွေက ကျွန်​​တော့ကို လာနှုတ်​ဆက်​ပီး အတူတူ မျက်​နှာချင်းဆိုင်​ပီး​တော့ ကိုယ့်​စတိုင်​နဲ့ကိုယ်​ထပ်​ကကြပါတယ်​ဗျ။ သူလည်း သူကတတ်​သလိုက ကိုယ်​လည်း ကိုယ်​ကချင်​သလိုကရင်း တစ်​​ယောက်​နဲ့ တစ်​​ယောက်​ရီ​နေကြတာ​ပေါ့ဗျာ။ ဒါ​ပေမဲ့လည်း ဘယ်​သူမှ ကတတ်​တဲ့သူ​တွေမဟုတ်​​တော့ ဘာမှ ရှက်​​နေစရာ​တွေ ရှိန်​​နေစရာ​တွေမလိုပါဘူး။ ​ပျော်​​ပျော်​ပါးပါး အတူတူကကြပါတယ်​။ သူတို့နဲ့ ကပီး backup ယူတာလည်းပီး​တော့၊stick ကို သက်​ဆိုင်​ရာ တာဝန်​ရှိတဲ့ အကိုတစ်​​ယောက်​ကို ​ပေးခဲ့ပါတယ်​။ ပီး​တော့ ကျွန်​​တော်​လည်း ပြန်​လာခဲ့ပါတယ်​။

ပြန်​လာ​တော့လည်း အပြန်​လမ်းမှာ ​ရေကစား​နေကြတဲ့သူ​တွေရဲ့ ​ရေခဲ​ရေနဲ့ပက်​တာခံရပါ​သေးတယ်​ဗျ။ ​အေးစိမ့်​​နေတာပဲ။ ကျွန်​​တော်​လည်း ဟိုပတ်​ ဒီ​ရှောင်​နဲ့ အ​ဆောင်​ကို ​ရောက်​​အောင်​ပြန်​ခဲ့ပါတယ်​။ ဒီလိုနဲ့ ​နောက်​တစ်​​နေ့ကျ​တော့ မန္တပ်​ကို မနက်​ကတည်းကသွားပါတယ်​။ cctv​တွေကို စစ်​ပါတယ်​။ အကုန်​​ကောင်းလား၊ ရုပ်​​တွေလာ လားဆိုပီးစစ်​ပါတယ်​။ အကုန်​အဆင်​​ပြေပီဆိုရင်​ ကျွန်​​တော်​​ရေကစားပါတယ်​။ ​ရေကစားလို့ချမ်းလာပီဆိုရင်​ စင်​ရဲ့ အလယ်​ကိုသွားပီး ကပါတယ်​။ အဲ့လိုကတဲ့အချိန်​မှာ မ​နေ့က အတူတူကခဲ့တဲ့ အကို​တွေက လာနှုတ်​ဆက်​ပါတယ်​။ "​ဟေ့ညီ​လေး ထပ်​​တွေပြန်​ပီ...ရို့...ရို့"ဆိုပီး ​ခေါ်ကကြပါတယ်​။ ကျွန်​​တော်​ချမ်း​နေတာ​တွေလည်း ​ပျောက်​ကုန်​ပါတယ်​။ သူတို့​တွေနဲ့ ကရတာထက်​၊ ကျွန်​​တော့ကို မှတ်​မိတဲ့ အတွက်​ ဝမ်းသာမိပါတယ်​။ အ​ခြေအ​နေတစ်​ခုအရ စင်​​ပေါ်မှာ ရန်​ဖြစ်​တာ​တွေကြုံခဲ့မယ်​ဆိုရင်​​တောင်​ ကျွန်​​တော့်​ကို ကူညီမဲ့လူ​တွေများတာ​ပေါ့ဗျာ။ ကျွန်​​တော်​က ရန်​ဖြစ်​တတ်​တဲ့လူလည်းမဟုတ်​ပါဘူး၊ သ​ဘော​ပြောပြတာ။ အဲ့ဒါ​ကြောင့်​ အလုပ်​နဲ့ပတ်​သက်​တဲ့မိတ်​​ဆွေ​ရော၊ မပတ်​သက်​တဲ့မိတ်​​ဆွေ​ရော ရခဲ့ပါတယ်​ဗျ။

Writer caesarsupaimin
MSC-025

Sort:  

ဝမ်းသာပါတယ် အစ်ကို။
တော်တော်ပျော်ဖို့ကောင်းမှာပဲနော် 😁

ဟုတ်ကဲ့ဗျ

You got a 30% upvote from @kyawhlaing courtesy of @caesarsupaimin !

This is not arabic form i guess😱

Please, if you can read my English form of communication, kindly tell me the name of your communication language.

Oh. My language is Myanmar language bro.

ပျော်လဲပျော်ရတယ် သူငယ်ချင်းအသစ်တွေလဲ ထက်ရတယ်
ဒါနဲ့ေ့ကောင်မလေး အသစ်တွေရော ရလိုက်သေးလိုက်ဗျ ဟီးးး

ကောင်မလေးအသစ် တွေလည်းရတာပေါ့အကိုရယ်။ ကောင်မလေးသူငယ်ချင်းအသစ်တွေပါ ဟဲဟဲ

ပျော်ဖို့အရမ်းကောင်းမှာပဲနော်...

ဟုတ်ကဲ့အကို ပျော်ဖို့ကောင်းတယ်။လာလည်ပါလား :)

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ခဏခဏကနေတဲ့ အယ်ဒိုပေါ့😁😁
မိတ်ဆွေတွေရတာဝမ်းသာပေမယ့် ပုံတွေကို Creditမပေးတဲ့အတွက် စိတ်မကောင်းပါဘူးဗျာ။
အပေါ်ဆုံးက ပုံလေးကိုတော့ Creditပေးသင့်ပါတယ်...
.
.

နောက်တစ်ခါ မင်းသားပုံတွေယူသုံးချင်ရင်Creditလေးတော့ပေးပေးပါဗျာနော် 😂😂😂😂

အယ်ကို ကတော့ နောက်ပီ။ ခနခနတော့ ကတယ်အကိုရေ။ မင်းသားပုံတော့မဟုတ်ပါဘူးဗျ။ မြှောက်နေပီအကိုကတော့

အလုပ်ကလေးလည်းလုပ် ပျော်လည်းပျော်ခဲ့ပေါ့ ဟုတ်လား

ဟုတ်တယ်ကိုဟိန်းရေ။ အလုပ်လည်းအဆင်ပြေ ပျော်လည်းပျော်ခဲ့တယ်။

ကိုအယ်ဒို ပျော်ခဲ့တယ်ပေါ့လေ ...

ဟုတ်​ ကို​စော​ပျော်​ ခဲ့ တယ်​ ဗျ 😁

ပျော်စရာကောင်းမှာပဲ😁

ပျော်တာပေါ့ဗျ ပျော်တယ်

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.032
BTC 59119.47
ETH 2526.14
USDT 1.00
SBD 2.47