မဲ​ကောင်း

in #myanmar6 years ago

IMG_20180412_195014.jpg
သင်္ကြဆို​တော့လည်း ​ပျော်​တာ​ပေါ့ဗျာ လည်​ဖို့ပတ်​ဖို့အစီအစဉ်​မရှိ​ပေမဲ့ All Day လက်​မှတ်​က လက်​ထဲကို "ဘက်​" ကနဲ့ဆို​ရောက်​ချလာပါ​ရောဗျာ။အဲ့ဒါနဲ့ပဲ ပထမဆုံး အကြို​နေ့မ​ရောက်​ခင်​တစ်​ရက်​မှာပဲ မန္တပ်​ဖွင့်​ပွဲအ​နေနဲ့ "Pre Thingyan Party" ကို တက်​ခဲ့ပါတယ်​။ အချိန်​က​တော့ ည၇ နာရီမှာစတာဖြစ်​ပါတယ်​။ ကျွန်​​တော်​​ရောက်​တဲ့အချိန်​က ၇နာရီ ခွဲ ​လောက်​အချိန်​ဖြစ်​လို့ မန္တပ်​နား​ရောက်​ချိန်​မှာ​တော့ DJ သီချင်းသံ ​တွေနဲ့ ကခုန်​​နေကြသူများကို မြင်​​နေရပါတယ်​။ ကျွန်​​တော်​လည်း ​ခေါင်းက​လေး လှုပ်​ပီး မန္တပ်​ ​ပေါ်တက်​ဖို့ အဝင်​ ဂိတ်​နားကို​လျောက်​လာခဲ့ပါတယ်​။

အနား​ရောက်​​တော့ "ညီ​လေး လက်​မှတ်​တစ်​ချက်​​လောက်​ပြပါအုံး " လို့ ဂိတ်​​စောင့်​တဲ့ လုံခြုံ​ရေးအကိုကြီးက​ပြောပါတယ်​။ ကျွန်​​တော်​လည်း ကိုယ့်​ရဲ့ All Day လက်​မှတ်​ကို ထုတ်​ပြလိုက်​ပါတယ်​။ အဲ့အခါကျမှ "​အေး​အေးရပီညီ​လေး ဝင်​သွား​တော့"ဆိုပီး ​ပေးဝင်​ပါတယ်​။ ကျွန်​​တော်​လည်း မန္တပ်​​ပေါ်ကို တက်​လာခဲ့ပါတယ်​။ အ​ပေါ်​ရောက်​​တော့ DJ သီချင်းနဲ့ ကခုန်​​နေကြသူ​တွေကို​တွေ့ရပါတယ်​။ ကျွန်​​တော်​လည်း ​နေရာတစ်​​နေရာရှာပီး ရပ်​​နေလိုက်​ပါတယ်​။

ခန​နေ​တော့ ကျွန်​​တော့ကို cocktail တစ်​ခွက်​လာ​ပေးပါတယ်​။ကျွန်​​တော်​လည်း ​သောက်​ကြည့်​လိုက်​ပါတယ်​ ချိုချို ရှိန်းရှိန်း​လေးနဲ့ ​သောက်​​ကောင်းတယ်​ဗျ။ ​သောက်​​ကောင်း​ကောင်းနဲ့ ၃ခွက်​​လောက်​​သောက်​ပစ်​လိုက်​တယ်​။ ၃ခွက်​​လောက်​လည်း ဝင်​သွား​ရော လူလည်း​ကောင်းလာ​ရောဗျာ။အဲ့ဒီအချိန်​မှာလည်း DJ သီချင်းသံ​တွေ​ကောင်း​နေတာနဲ့ လူလည်း ထ က မိပါ​တော့တယ်​ဗျ။ ဒုချိ ဒုချိ ဒုချိ နဲ့​ပေါ့ဗျာ။ တစ်​ခြားလူ​တွေလည်း က​နေကြတာ​တွေအများကြီးပါပဲဗျ။ ၈နာရီ​လောက်​ကျ​တော့ အဲ့ဒီ မန္တပ်​က ငှါးထားတဲ့ "Presenter"အကိုကြီးက သင်္ကြန်​မန္တပ်​လက်​မှတ်​​တွေ ဝယ်​ယူအား​ပေးထားတဲ့ ပရိတ်​သတ်​​တွေကို ကံစမ်းမဲ နှိုက်​ မဲ​ဖောက်​​ပေးပါတယ်​။လက်​​ဆောင်​​တွေက​တော့ "Hotel Queen"မှာ မနက်​စာ buffet စားသုံးခွင့်​လက်​မှတ်​ ၅ ​စောင်​ကို မဲ​ဖောက်​​ပေးတာဖြစ်​ပါတယ်​။ အဲ့ဒီမှာ ကျွန်​​တော်​မပါပါဘူးဗျ။

အဲ့​နောက်​မှာ​တော့ ​နောက်​ထပ်​မဲ ၅ ​စောင်​ထပ်​​ဖောက်​ပါတယ်​။ အဲ့ဒီ ၅​စောင်​က​တော့ ထိုင်းနိုင်​ငံ ကိုခရီးသွားဖို့ ​လေယာဉ်​လက်​မှတ်​ ဖြစ်​ပါတယ်​။ အဲ့ဒီထဲမှာလည်း ကျွန်​​တော်​မပါ​သေးပါဘူးဗျ။ ​နောက်​ဆုံးမဲတစ်​ခု​ဖောက်​ဖို့ပဲကျန်​ပါတယ်​။ "Samsung Galaxy S8"ကိုမဲ​ဖောက်​​ပေးတာဖြစ်​ပါတယ်​။ ဒါလည်း မ​ပေါက်​ဘူးဗျ ဟီး... မဲတစ်​ခုမှမ​ပေါက်​​အောင်​ကို ကံဇာတာ​တွေ​ကောင်း​နေတာ...လူ​တောင်​အမူး​ပြေသွားတာပဲဗျာ ကိုယ်​များ မဲ​ပေါက်​မလားလို့​ပေါ့။ မ​ပေါက်​​တော့လည်း အမူး​ပြေပီး အ​ဆောင်​ပြန်​ခဲ့ပါတယ်​။ အကြာကြီးမ​နေဖြစ်​ပါဘူး။ တခြားလူ​တွေက​တော့ ဆက်​ပီးက​နေကြ၊ ​သောက်​​နေကြပါတယ်​။

Writer caesarsupaimin
MSC-025

Sort:  

နိဟာက ပထမတစ်ခါမပေါက်ဘူးဆိုတော့ ဒုတိယတစ်ခါလည်း မပေါက် တတိယတစ်ခါလည်း မပေါက်ပါလာ။ ပေါက်တဲ့အကြောင်းရေးတာမှတ်နေတာ။

ဟုပဗျ ​ပေါက်​တ​ရေး တာ ငိငိ

You got a 25% upvote from @aungzawhtwe courtesy of @caesarsupaimin ! its cool fee free .

You got a 37% upvote from @kyawhlaing courtesy of @caesarsupaimin ! its cool fee free .

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 57475.27
ETH 2375.39
USDT 1.00
SBD 2.34