Make Your Think

in #myanmar5 years ago

မင်္ဂလာပါ။ စီးပွား​ရေးလုပ်​ငန်းတစ်​ခုလုပ်​မယ်​။ ဒါမှမဟုတ်​ လုပ်​​တော့မယ်​။ ဒါမှမဟုတ်​လုပ်​​နေပီ ဆိုရင်​​တော့ စဉ်​စားရတဲ့အရာ​တွေဟာ တစ်​ခု နှစ်​ခုနဲ့ မပီးပါဘူး။ မိမိအ​နေနဲ့ ဘာစီးပွား​ရေး လုပ်​မှာလည်း၊ လုပ်​​နေတာလည်း။ ဘယ်​လိုလုပ်​မှာလည်း ဘယ်​လိုလုပ်​​နေတာလည်း။ ဘယ်​လိုဆက်​လုပ်​မလည်း စတာ​တွေကို အရင်​ စဉ်းစား​တွေး​တော ရပါတယ်​။

သင့်​အ​နေနဲ့ ရှမ်း​ခေါက်​ဆွဲဆိုင်​တစ်​ဆိုင်​ဖွင့်​ချင်​တယ်​ဆိုရင်​ ပထမဆုံး ဘာလိုအပ်​တယ်​ထင်​ပါသလည်း။ ​ခေါက်​ဆွဲ ဖတ်​​တွေအ​ကြောင်းနားလည်​သိရှိရပါမယ်​။ ဘယ်​လိုမျိုး ​ခေါက်​ဆွဲဖတ်​က ဘယ်​လို​နေရာမှာသုံးတယ်​ဆိုတာ တတ်​ကျွမ်းရပါမယ်​။ ငုပ်​တုပ်​ထိုင်​​နေရင်းနဲ့လည်း အဲ့ဒါ​တွေသိလာမှာမဟုတ်​ဘူး​နော်​။ ကိုယ်​တိုင်​​လေ့လာမှ သိလာမှာပါ။ ကိုယ်​တိုင်​ ကြိုးစားအားထုတ်​မှသာ မိမိလုပ်​ကိုင်​ချင်​တဲ့စီးပွား​ရေးကို ​ကောင်းမွန်​စွာလုပ်​ကိုင်​နိုင်​မှာပါ။

ခု​ခေတ်​လူငယ်​​တွေအတွက်​ စကားတစ်​ချို့လည်း ​ပြောချင်​ပါ​သေးတယ်​။ သူတို့​လေး​တွေ အရမ်းအရမ်းကံ​ကောင်းပါတယ်​။ အရင်​ထက်​စာရင်​​တော့ ခု​ခေတ်​က တိုးတက်​​နေတာအရမ်းမြန်​ပါတယ်​။ သူတို့​တွေ စိတ်​ဝင်​စားတဲ့အရာ​တွေကို ​လေ့လာသင်​ယူဖို့အတွက်​ အင်​တာနက်​ပဲလိုအပ်​ပါတယ်​။ အဓိက က​တော့ ကျွန်​​တော်​တို့ရဲ့ စိတ်​​တွေပါပဲ။ ကျွန်​​တော်​တို့ရဲ့စိတ်​​တွေကသာ ​ရွေးချယ်​မှု​တွေ များ​နေတာပါ။ အင်​တာနက်​က​နေ မိမိ ဝါသနာပါတာ၊ စိတ်​ဝင်​စားတာ​တွေကို မိမိအားလပ်​ချိန်​​တွေမှာ ​လေ့လာသင်​ယူနိုင်​ပါတယ်​။ လွယ်​ကူလာတာ​ကြောင့်​လည်း လူငယ်​​တွေ ပျက်​စီးမှုရှိလာကြပါတယ်​။ လိမ်​ညာသူ​တွေကလည်း အင်​တာနက်​ကို အခွင့်​​ကောင်းယူပီး ကိုယ်​ကျိုးအတွက်​ အသုံးပြု ကြပါတယ်​။

အ​ကောင်းနဲ့အဆိုးက အမြဲဒွန်​တွဲ​နေသလိုပဲ ​နေရာတိုင်းမှာ အ​ကောင်းနဲ့အဆိုးရှိပါတယ်​။ မိမိကိုယ်​တိုင်​က ကြိုးစားရင်း သတိနဲ့ ​လျှောက်​လှမ်းကြရမှာပါ။ အခက်​အခဲဆိုတာ လူတိုင်းမှာရှိသလို ကံ​ကောင်းခြင်း​တွေကလည်း လူတိုင်းစီကို ​ရောက်​လာတတ်​ပါတယ်​။

မ​အောင်​မြင်​ဘူးဆိုတာ ​အောင်​မြင်​​အောင်​ကြိုးစားချင်​တဲ့စိတ်​မရှိ​သေးလို့ပါ။ လူတိုင်း​အောင်​မြင်​ချမ်းသာချင်​ကြပါတယ်​။ သို့​ပေမဲ့ မိမိရဲ့ စိတ်​ကို အရမ်းအလိုလိုက်​ကြပါတယ်​။ နာကျင်​မှု ပင်​ပန်းမှု စိတ်​ဆင်းရဲမှု​တွေကို မတွန်းလှန်​ကြတဲ့အခါမှာ ​အောင်​မြင်​မှုက လက်​တစ်​ကမ်းထက်​ ပိုမနီးလာ​တော့ပါဘူး။

Writer caesarsupaimin
MSC-025

Posted using Partiko Android

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Dear friend, you do not appear to be following @wafrica. Follow @wafrica to get a valuable upvote on your quality post!

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63799.64
ETH 3130.40
USDT 1.00
SBD 3.97