လူကြီး မှ လူငယ်သို့

in #myanmar6 years ago

ယနေ့လူငယ် နောင်ဝယ်လူကြီး 

ယခုအချိန်မှာ သင်က လူငယ်တစ်ယောက်ဖြစ်ပေမဲ့ နောင်တစ်ချိန်မှာလူကြီးတစ်ယောက်ဖြစ်လာမှာပါ။ ဒါပေမဲ့ပြောလို့မရဘူး လူကြီးမဖြစ်ခင် ကမ္ဘာကြီးကိုခွဲသွားရတဲ့သူတွေလဲ အများကြီးရှိတယ်လေ ဟီး။ 

ကျွန်တော်တို့ လူသားတွေအသက်ငယ်ရာကနေ အသက်ကြီးသွားတယ်။ အသက်ကြီးသွားတဲ့လူတွေက ကိစ္စတော်တော်များများကိုသိကြတယ် အဲ့ဒီအတွက်လဲ အသက်ကြီးတဲ့လူတွေက သူတို့ တွေ့ကြုံဖြစ်ပျက်ခဲ့သမျှ အားလုံးမဟုတ်ရင်တောင် တော်တော်များများကို စာပြန်ရေးကြတယ် ပြန်လည် မျှဝေကြတယ် ပြန်လည်သင်ကြားပေးကြတယ်။ အဲ့ဒါတွေကြောင့် ကျွန်တော်တို့တွေက စာအုပ်တွေကိုဖတ်ပီး ပညာတွေသင်ပီး လူ့လောကအကြောင်းတွေကို ရှေးလူကြီးတွေလောက် အချိန်မကုန်ခဲ့ရပဲနဲ့ သိရှိလာခဲ့တယ်၊ တတ်ကျွမ်းလာခဲ့ကြပါတယ်။ ယနေ့ခေတ်မှာဆို လူငယ်တွေဦးဆောင်တဲ့ company တွေ ၊ စီးပွားရေးလုပ်ငန်းတွေ၊ ပညာရေးတွေ စသဖြင့် နေရာအများအပြားမှာ လူငယ်တွေ နေရာယူလာကြပါတယ်။

 ဒါကလဲ ရှေးလူကြီးတွေရဲ့ ကျေးဇူးကြောင့်ပါ။ သင်ကြားမှုမှာ တိုးတက်လာသလို မြန်ဆန်လာပါတယ်။ ယနေ့ခေတ်လူငယ်တွေကလဲတော်ကြပါတယ်။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ။ အသက်ငယ်ပေမဲ့လဲ အထင်သေးလို့မရတဲ့ခေတ်ပါ။ နောက်ပီး ယနေ့ခေတ်ဟာ လူတိုင်းလူတိုင်း ကြိုးစားရင် စိတ်ပါဝင်စားရင် ဘာမဆို အလွယ်တကူ လေ့လာသင်ယူနိုင်တဲ့ခေတ်ပါ။ အင်တာနက်ခေတ်ဖြစ်လာလို့ပါ ကျွန်တော်တို့မြန်မာနိုင်ငံကြီးက။ အရင်တုန်းကဆို ၁ နာရီ ၃၀၀ ၄၀၀ ၅၀၀ ပေးပီး အင်တာနက်ဆိုင်မှာ အချိန်ပေးပီး အင်တာနက်သုံးကြတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားပြောတယ် မတွေ့ဖူးမမြင်ဖူးတဲ့ လူတွေ နယ်မြေခြားပီး မိတ်ဆွေဖွဲ့ကြတယ်။ ခုဆိုရင် ပိုပီးတော့ တောင် လွယ်ကူနေပါပီ။ အင်တာနက်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာကြပါပီ။ အဲ့လိုအသုံးပြုလို့ရလာတာတွေမှ အကောင်းရော အဆိုးရော အမြဲ တွဲလျက်ပါလာပါတယ်။ ဘယ်အရာမဆိုပါ။ အင်တာနက်ကနေ အကောင်းတွေကို စုဆောင်းလေ့လာမယ်ဆိုရင် သင့်အတွက် ကောင်းတာာတွေရလာသလို အချိန်ကိုလဲ အကျိုးရှိရှိ အသုံးချပီးသားဖြစ်ပါတယ်။ တကယ်လို့ အင်တာနက်ကနေ အကျိုးမရှိတာတွေလုပ်မယ် ဆိုရင်တော့ သင့်အတွက် ပညာမရသလို အချိန်လဲအလကားကုန်ပါတယ်။ အချိန် က လူကိုမစောင့်ပါဘူး။ သင်တစ်ခုလုပ်ရင် တစ်ခု သင်နှစ်ခုလုပ်ရင်နှစ်ခု အချိန်နဲ့ တစ်ပြေးညီ တိုးတက်သွားမှာပါ။ သင်ဘာဝါသနာပါသလဲ သင်ဘာစီးပွားရေးလုပ်နေလဲ သင်ဘာပညာကို သင်ကြားပြသပေးနေလဲ စသဖြင့် လေ့လာမှုကို ဆက်တိုက်လုပ်မယ်ဆိုရင် တစ်နေ့ အောင်မြင်လာပီး မိမိလိုချင်တဲ့ ပန်းတိုင်ကိုရောက်မှာပါ။ ဒီလိုမှမဟုတ်ရင်တော့ သင်ဟာ လူငယ်တစ်ယောက်အနေနဲ့ အချိန်ကို ဖြုန်းတီးနေသူပါ။ ယနေ့ခေတ်လူငယ်တွေဘာလို့ထူးချွန်ကြတယ်လို့ထင်ပါသလဲ ကျွန်တော့်အမြင်ကိုပြောပြရရင် ရှေ့ကလူကြီးတွေက နည်းလမ်းတွေကို ရှာဖွေတွေ့ရှိပီး လူငယ်တွေကို တစ်ဆင့်ပီးတစ်ဆင့် မျှဝေခဲ့တဲ့အတွက် ယခုလိုတိုးတက်လာရတာလို့ထင်ပါတယ်။ ရှေ့လူကြီးတွေသာ ယခုလို မမျှဝေဘူးဆိုရင် ကျွန်ေတာ်တို့လို နောင်လာနောင်သားတွေအတွက် ဘာတိုးတက်မှုမှရှိမှမဟုတ်ပါဘူး။ လူကြီးတွေကိုလဲ အသက်ကြီးပီ ခေတ်နောက်ကျနေပီဆိုပီး အထင်သေးလို့မရပါဘူး ကဲ့ရဲ့လို့မရပါဘူး။ လူကြီးတွေရဲ့ကျေးဇူးကြောင့် လူငယ်တွေ တော်လာကြတာပါ။ 

ခုတွေ့နေရတာတွေက လူငယ်တွေက လူကြီးတွေကို မလေးစားကြဘူး။ သူတို့ကလူငယ်တွေ နေရာစုံကို ပေါ့ပေါ့ပါးပါးလွယ်လွယ်ကူကူသွားလာနိုင်တယ် အကုန်သိနိုင်တယ်ဆိုပီး လူကြီးတွေကို အထင်သေးကြတယ် မလေးစားကြပါဘူး။ လူကြီးတွေကတော့ ဒီကလေး ဘဝင်မြင့်နေတာတွေ လိုအပ်ချက်တွေကို သူတို့ ပြောစကားနဲ့တင်သိနိုင်ပါတယ်။ လူကြီးတွေကတော့ ပြောလို့မရတဲ့လူကို အချိန်ကုန်ခံပီး ပြောနေမှာမဟုတ်ပါဘူး။ သူတို့ကအသက်ကြီးပီ နောက်ပီး သွားရလာရခက်ခဲတဲ့လူတွေဆိုတော့ သူတို့စီကို ပညာလာဆည်းပူးတဲ့သူတွေကိုပဲ ပညာတွေကို သွန်သင်မှာဖြစ်ပါတယ်။


 ကျွန်တော်တို့လူငယ်တွေလဲ လူကြီးများကိုလေးစားရင်း ပညာတွေလေ့လာရင်း လူကြီးတွေကပေးတဲ့ upvote ကို စောင့်ကြတာပေါ့ဗျ :) 


written by caesarsupaimin

MSC-025

photo by google search

Sort:  

Its very nice and good post i like it i upvoted
For you plz upvote me
https://steemit.com/photography/@keerthi12345/photography

ကျေးဇူးတင်ပါတယ်

အသက်ကြီးချင်ပု

ရပု ကြီးမှာပဲ

ကြီးလာပြီ အတွေးအခေါ်တွေလေ

ဟုပ တဖြည်းဖြည်းကြီးလာပီ

လူကြီး​တွေက​ပေးတဲ့ upvote ကို​စောင့်​​နေပါတယ်​ ဟိဟိ

ဒါပေါ့ဗျာ ဟိဟိ

ကြီးလာတဲ့အသက်အရွယ်နဲ့အမျှ သဘောထားတွေကြီးလာဖို့လိုတယ်
ပညာတွေကြီးလာဖို့လိုတယ်။ နှလုံးသားတွေနူးညံ့လာဖို့လိုတယ်
လူငယ်တွေအပေါ်အပြည့်အ၀ နားလည်ပေးတက်ဖို့လိုတယ်

စောင့်မယ်ဗျာ😁

အင်း လူကြီးတွေကို လူငယ်တွေက လေးစားတာက မင်္ဂလာတရားပါဗျာ vote လည်း vote သွားပါတယ်

ဟုတ်ကဲ့ဗျ

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 63672.27
ETH 3126.79
USDT 1.00
SBD 3.87