ကျွန်ုပ်​ အ​တွေးကျွန်ုပ်​အမြင်

in #myanmar7 years ago (edited)

image
ကျွန်ုပ်​တို့သည်​ ​နေ့စဉ်​လှုပ်​ရှားရုန်းကန်​ကြိုးစား​နေကြသူများဖြစ်​သည့်​အ​လျှောက်​ မိမိတို့ ယခင်​ကပြုလုပ်​ခဲ့​သော အပြုအမူအကျင့်​များပင်​​ပျောက်​စပြုလာခဲ့ပါသည်​။ အဘယ်​​ကြောင့်​ထိုသို့​ကောက်​ချက်​ချရပါသလဲဆိုလျှင်​​တော့လကျွန်ုပ်​ကိုယ်​တိုင်​ ထိုသို့ ဖြစ်​​နေ​သော​ကြောင့်​သာ ဖြစ်​ပါသည်​။ ကျွန်ုပ်​လိုပဲ လူအများလည်းရှိကြပါဦးမည်​။

ပျော်​ရာမှာမ​နေရ ​တော်​ရာမှာ​နေရဆိုသည့်​ အတိုင်း ကျွန်ုပ်​တို့​ပျော်​​မွေ့ရာ ​မွေးရပ်​ဋ္ဌာ​နေ၊ မိသားစုနှင့်​နီးစပ်​​သော မြို့ရွာ၊ မိမိဝါသနာပါ​သော လုပ်​ငန်းတို့နှင့်​ ယခုအချိန်​တွင်​ အတူတကွယှဉ်​တွဲ မရှိနိုင်​ကြ​သော သူများ အ​မြောက်​အများရှိ​ပေသည်​မဟုတ်​ပါလား။ ဝမ်းတစ်​ထွာအတွက်​ လုပ်​ကိုင်​စား​သောက်​​နေကြရသူတို့အဖို့ ထို စိတ်​ဆန္ဒကို ​အောင့်​အီးသည်းခံအံကြိတ်​ရင်း ​နေထွက်​မှ ​နေဝင်​သည့်​တိုင်​ လှုပ်​ရှားရုန်းကန်​​နေကြရ​ပေသည်​။ များ​မြောင်​လှ​သော စီးပွား​ရေးလုပ်​ငန်းများတွင်​မှ မိမိနှင့်​ကိုက်​ညီ​သောလုပ်​ငန်းမှာလည်း ရှာရ​ဖွေရ အခက်​သားမဟုတ်​ပါလားဗျာ။

သို့​ပေမဲ့လည်း နီးစပ်​ကိုက်​ညီ​အောင်​ကြိုးစားကြ၍ မသိမတတ်​ရှိခဲ့​သော်​ ​လေ့လာသင်​ယူရင်း မိမိ မိသားစုရဲ့ လက်​ရုံးတစ်​ဖက်​ဖြစ်​​အောင်​ ကြိုးစားရ​ပေအုံးမည်​။ ငယ်​ရာမှကြီးပြင်းလာကြသလို အ​တွေးအမြင်​များလည်း နည်းရာမှ များလာခဲ့ကြပါသည်​။ ယခုလက်​ရှိ တည်​ငြိမ်​စွာလုပ်​ကိုင်​နိုင်​ဖို့ရန်​အတွက်​ မတည်​မငြိမ်​ ထွက်​လိုက်​ဝင်​လိုက်​ဖြင့်​ လုပ်​ကိုင်​ရသည့်​လုပ်​ငန်းများလည်း လက်​ချိုး​ရေတွက်​၍ပင်​မရ​အောင်​ ရှိတတ်​ကြပါသည်​။ အ​ကောင်းအဆိုး အမြဲ ဒွန်​တွဲမှတ်​သားပီးမှ မှန်​ကန်​တဲ့ဆုံးဖြတ်​ချက်​​တွေ ခိုင်​မာလာခဲ့ကြပါသည်​။

တစ်​​ယောက်​​သောသူအတွက်​ မှန်​ကန်​​နေအုံး​တောင်​မှ တစ်​​ယောက်​​သောသူအတွက်​ မှား​နေ​ပေအုံးမည်​။ လူတစ်​ဦး အ​တွေးတစ်​မျိုးစီမဟုတ်​ပါလားဗျာ။ ယခုလို လူသား​တွေများစွာ​မွေးဖွားလာသည်​မှန်​​သော်​လည်း တူညီ​သောရုပ်​ရည်​ရှိသူ တစ်​ဦးတစ်​​ယောက်​ကိုမှ ရှာ​ဖွေမ​တွေ့နိုင်​​သေးသည်​မှာလည်း ဥပမာ လို့သက်​မှတ်​တန်​ပါသည်​။ ယခုလိုဆို​သော်​ အမွှာ​တွေက​ရောမတူဘူးလားဟု အငြင်းပွားဖွယ်​ရာ ဖြစ်​လာ​ပေအုံးမည်​။ အမွှာ ဖြစ်​​စေဦး​တော့ ရည်​ရွယ်​ချက်​က​တော့ မတူနိုင်​​ပေ။(ကျွန်​​တော်​၏အမြင်​တစ်​ခုသာဖြစ်​ပါသည်​)

မနက်​​နေ​ရောင်​ထွက်​​ပေါ်လာချိန်​ကို မနက်​ဆည်းဆာ၊ ည​နေ ​နေဝင်​​မှောင်​မိုက်​ချိန်​ကို ည​နေဆည်းဆာဟု လူသားများကိုယ်​တိုင်​သက်​မှတ်​လာခဲ့သည်​မဟုတ်​ပါလား။ အမှားနှင့်​အမှန်​ဟုဆိုရာတွင်​​တော့ အ​ကြောင်းအရာတစ်​ခုတည်းနှင့်​မပြည့်​စုံသာ​ပေ။ နယ်​ပယ်​အသီးသီးမှာ​တော့ သက်​​သေပြချက်​အဖုံဖုံ နှင့်​ စီရင်​ဆုံးဖြတ်​ကြ​လေသည်​။ အလင်းမှာ ​ကောင်းမွန်​ခြင်း​တွေရှိသလို အ​မှောင်​မှိုက်​မှာလည်း အဆိုးချည်းပဲမဟုတ်​ပါ။ သင့်​ကိုယ်​သင်​ အား​ပေးပါမှ သင်​ကိုယ်​တိုင်​တိုးတက်​လာပါမည်​။ ကျွန်ုပ်​တို့သည်​ သာမာန်​လူသားများသာဖြစ်​သည့်​အတွက်​ သာမာန်​လူသားလိုပဲ ​တွေး​တောရန်​လိုအပ်​ပါသည်​။

ထိုသို့သာမာန်​လူသားထဲမှ အစဉ်​​လေ့လာ သင်​ယူ ကြိုးစား​နေ​သော လူသားတစ်​​ယောက်​ဖြစ်​ရန်​သာလိုအပ်​ပါသည်​။ မ​နေ့ကလုပ်​​ဆောင်​ချက်​သည်​ သမိုင်းတွင်​​နေသကဲ့သို့ရှိ​နေ​ပေမည်​။ ယ​နေ့တွင်​​တော့ မိမိလုပ်​​ဆောင်​ချက်​ကို အ​ကောင်းဆုံးလုပ်​​ဆောင်​ရန်​သာလိုအပ်​ပါသည်​။ ​နေ့စဉ်​​နေ့စဉ်​ ရင်​ဆိုင်​ကြုံ​တွေရ​သော အ​တွေ့အကြုံအသစ်​များကလည်း မရိုးနိုင်​​ပေဘူးမဟုတ်​လားဗျာ.....

Written by caesarsupaimin
MSC-025

Sort:  

အတွေးလေး ကောင်းတယ် အယ်ဒို

ဟုတ်​ကဲ့အမ​ကျေးဇူးပါ မု ဝင်​လာလို့​ရေုးဖြစ်​သွားတာဒီလိုပုံစံ 😁

ကေညင်းတယ်ဗျ

ဟုတ်​ကဲ့အာ​ပေးတ​ကျေးဇူးပါဗျ

good တယ်ဗျာ။👍👍👍

Hote bro. Thank a lot par bya

မသေမချင်း ဘ၀ရဲ့သင်ခန်းစာတွေကတော့မရိုးနိုင်အောင်ပါဘဲ လက်ရှိပစ္စုပ္ပန်ကိုသာအကောင်းဆုံးလုပ်ကြရမှာပါ

Hote par tal bro

ကောင်းတယ်အကိုရေ

Hote bro thank a lot par bya

ကိုစောရေ အတွေးတွေ အရမ်းကောင်းတယ် အား
ပေးနေပါတယ်ဗျာ

Hote kae bya thank a lot par bro

အဆိုးဆုံးဖြစ်ခဲ့တာက နောင်တစ်ချိန်မှာ အသုံးအတည့်ဆုံးဖြစ်ခဲ့တာတွေ ရှိပါသေးတယ်ဗျာ

This post has received a 0.26 % upvote from @drotto thanks to: @banjo.

နေ့ရက်တိုင်းကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်မယ်ဆိုရင်
အနာဂတ်မှာ သမိုင်းကောင်းတွေထွက်ပေါ်လာမှာဗျာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.16
JST 0.030
BTC 65792.18
ETH 2695.80
USDT 1.00
SBD 2.90