ဝေလငါးပြာ

in #myanmar6 years ago


@gunapeya ရဲ့ တောင်းဆိုမှု comment ကို ကျွန်တော် လေ့လာမိသလောက်လေး ရေးထားခြင်းဖြစ်ပါတယ်ဗျ။ ဝေလငါးတွေထဲမှာတော့ Blue Whale ဝေလငါးပြာ တွေက အရွယ်အစားအကြီးဆုံး မျိုးစိတ်ဖြစ်ပါတယ်။ အခြား ဝေလငါးမျိုးစိတ်များလည်းရှိပါသေးတယ်ဗျ။


Blue Whale ဝေလငါးပြာကြီး တွေက အကြီးဆုံး ရေသတ္တဝါ အမျိုးအစားတွေဖြစ်ကြပါတယ်။ ဝေလငါးပြာတစ်ကောင်ရဲ့ အလေးချိန်ကတော့ တန် ၂၀၀ ခန့် အလေးချိန်ရှိပါတယ်။ မရှည်ကတော့ ပေ ၁၀၀ ခန့်ရှိပါတယ်။ သူတို့ရဲ့ အရွယ်အစားက အရမ်းကြီးလွန်းတဲ့အတွက် ပင်လယ်ပြင်မှာပဲ နေထိုင် ရှင်သန်နိုင်ပါတယ်။ အဲ့လိုရှင်သန်နေထိုင်ဖို့လည်း ဖြစ်တည်လာခဲ့ပါတယ်။ ဖော်ပြချက်တစ်ခုအရ ကုန်းနေသတ္တဝါတွေအတွက်က ကမ္ဘာရဲ့ဆွဲအားကြောင့် ဖွံ့ဖြိုးမှုကို အကန့်အသတ်ဖြစ်စေပါတယ်။ ပင်လယ်ပြင်ထဲမှာတော့ ပင်လယ်ပြင် အပေါ်ဘက်မှ ရေဖိအားနဲ့ ရေအောက်ပိုင်းမှ ရေတွန်းအားတို့ ညီမျှနေတဲ့အတွက် ရေထဲမှာဆို ရေနေသတ္တဝါတွေကို ကြီးထားနိုင်သလောက် ကြီးထွားမှုကို ဖြစ်စေပါတယ်။

ဝေလငါးပြာကြီးတွေက ကြီးမားကျယ်လောင်တဲ့ အသံလှိုင်းတွေကို ထုတ်လွှတ်နိုင်ပါတယ်။ သတ္တဝါတွေထဲမှာဆိုရင်တော့ အကျယ်လောင်ဆုံး အသံ ထုတ်လွှတ်နိုင်တဲ့သတ္တဝါဖြစ်ပါတယ်။ သူ့ရဲ့ အသံကျယ်တာက လေယာဉ် ပန်ကာ အင်ဂျင်သံထက် ၁ ဆ ခွဲခန့် ပိုပါတယ်။ ရေအောက်ထဲမှာ သူတို့ ရဲ့ အသံလှိုင်းတွေကို ထုတ်လွှတ်ပီး တစ်ကောင်နဲ့တစ်ကောင် အဆက်အသွယ်ပြုလုပ်ကြပါတယ်။ သူတို့ရဲ့ အသံလှိုင်း ပြန့် နှုန်းက မိုင် ၅၀၀ ထိ ကျယ်ပြန့်အောင် ကြားရပါတယ်။

ဝေလငါးပြာကြီးတွေကတော့ သက်တမ်း ၈၀နှစ် က နေ ၉၀ နှစ် ထိအသက် ရှည်ကြပါတယ်။ တစ်ချို့ဝေလငါးပြာတွေကတော့ အသက် ၁၁၀ ခန့်ထိ အသက်ရှည်ကြပါတယ်။ ဝေလငါးပြာကြီးတွေက တစ်ရက်ကို ၄ တန် အလေးချိန်ရှိတဲ့ အစားအစာကို စားပါတယ်။ ပုံမှန်ဆင်တစ်ကောင်ရဲ့ အရွယ်ထက် ကို ကြီးမား များပြားပါတယ်။ ဝေလငါးပြာကြီးတွေက Krill လို့ခေါ်တဲ့ ပုံစံအားဖြင့် ပုဆွန်ပုံရှိပါတယ်။ အဲ့ဒီအမျိုးအစား ရေသတ္တဝါတွေကို ထောင်ပေါင်းများစွာစားသောက်ကြပါတယ်။ ဝေလငါးပြာကြီးတွေမှာက ကြီးမားများပြားတဲ့ သွားအရှည်ကြီးတွေ အများကြီး အစီအရီရှိပါတယ်။ ပါးစပ်ထဲကို အစာရော ရောတွေပါရောက်လာတဲ့အခါ ရေတွေကို သွားရဲ့ ကြားတွေထဲကနေ ထွက်စေပီးတော့ အစာတွေကို ပဲ သူ့ရဲ့ ဗိုက်ထဲကို ရောက်သွားစေပါတယ်။ ရေလည်း အနည်းငယ်ပါသွားတတ်ပါတယ်။

ဝေလငါးပြာကြီးတွေရဲ့ အရေပြားနဲ့ အတွင်း အစိတ်အပိုင်း တစ်ချို့ကို လူတွေရဲ့ အသုံးအဆောင်ပစ္စည်းအဖြစ်ရယ် အဝတ်အစားအဆင်တန်ဆာအဖြစ်ရယ် အသုံးပြုခဲ့ကြပါတယ်။ အဲ့ဒီလို အသုံးပြုကြတဲ့အတွက် ဝေလငါးတွေကို အကောင်ရေ ဆယ်ချီတဲ့အထိ လူတွေ အမဲလိုက်ထွက်တာခံခဲ့ရပါတယ်။ ယနေ့ခေတ်မှာတော့ အဲ့လို အပြုအမူတွေကို တားမြစ်ထားတဲ့အတွက် ဝေလငါးတွေ တစ်ဖြည်းဖြည်းချင်း မျိုးပွားစေဖို့ အထောက်အကူဖြစ်စေပါတယ်။

writer caesarsupaimin
MSC-025

Image from google

Sort:  

ဒီလိုကိုယ်​ကျိုးအတွက်​ဖမ်း​နေကြရင်​​နောက်​ပိုင်း​​ဝေလငါး​တွေရှားပါးကုန်​မှာပါ...ဗဟုသုတရပါတယ်​...

လူသား​တွေက ကမ္ဘာမှာသနာကြင်​နာတပ်​တဲ့စိတ်​အရှိဆုံးဆို​ပေမဲ့ ကိုယ်​အတွက်​လိုအပ်​လာရင်​တိရစ္ဆာန်​​တွေကိုသတ်​ဖို့ဝန်​မ​လေးကြတာကို​တွေ့ရတယ်

ဟုတ်​ကဲ့ အရင်​ က​တွေက တိရိစ္ဆာန်​​တွေ ကို မသနာကြဘူး အကျိုးရမယ်​ ဆို အကုန်​သတ်​ကြတယ်

ဗဟုသုတရပါတယ်

ဟုတ်ကဲ့ ပါဗျ

ဝေလငါးအကြောင်းသိခွင့်ရလိုက်ပါတယ် ဆက်လက်ရေးသားပါအုံး အားပေးလျှက်ပါ

ဟုတ်​ ကြိုးစား ပါ မယ်​ ဗျ

ဗဟုသုတတိုး‌စေပါတယ်‌၊ ‌ကျေးဇူးပါညီ။

ဟုတ်​ကဲ့ ပါဗျ​ကျေးဇူးပါ

ဝေလငါးတွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ်

ဟုတ်​ မျိုး စိတ်​​တွေ အများကြီး ရယ်

ဝေလငါးဆိုလို့ steemit က whale အကြောင်းမတ်နာ 😁မတ်မတ်သည် တစ်နေ့ whale ဖြစ်ရမည်😊

ဟု ဟု whale အကြီးကြီး ဖြစ်​ ပါ​စေ ဗျ

ဝေလငါးကြီးတွေဟာ အသိဥာဏ်အဆင့်မြင့်တဲ့ သတ္တ၀ါတွေလည်း ဖြစ်တယ်နော် ။ တစ်ခုစဉ်းစားမိတာက ဒိုင်နိုဆောတို့ရှိစဉ်တုန်းက ကမ္ဘာမြေရဲ့ ဆွဲအားက နည်းနေခဲ့မလားပဲနော်... သူတို့တွေက ကုန်းနေသတ္တ၀ါကြီးတွေမို့လို့လေ..။

ဟုတ်​ အာ့​တော့ ကျွန်​​တော်​ ​​သေးပါပု ဗျ​လေ့ လာ ရင်​​တော့ ရမယ်​ ထင်​ ပါတယ်​ဗျ

စတီးမစ်မှာ ဝေလငါကြီး ဖြစ်ချင်တယ်😁😁😁

ခု​တောင်​ ​ကောင်​​တော်​​တော်​ကြီ​နေပီ ကိုဟိန်းက

ဟီးဟီး အမြဲအားပေးလျက်ပါ ဝေလငါး။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 61852.61
ETH 3084.08
USDT 1.00
SBD 3.83