Desktop Computer

in #myanmar7 years ago (edited)


မင်္ဂလာပါဗျ ​ရှေ့မှာ A+အ​ကြောင်းကို အပိုင်း၁ နဲ့ ၂ ခွဲပီး​ဖော်​ပြထားပါတယ်​။ စာ​တွေကြီးပဲဆိုရင်​ ဖတ်​ရတာပျင်း​နေမှာစိုးလို့ ခုတစ်​ခါ ကွန်​ပျူတာ အစိတ်​အပိုင်း​တွေကို ​ဖော်​ပြရှင်းပြ​ပေးလိုက်​ပါတယ်​။

Desktop computer
Desktop computer ဆိုတာက​တော့ PCလို့​ခေါ်တဲ့ personal computer ကို တည်​​နေရာတစ်​ခုတည်းမှာ အထိုင်​ကျ ချထားပီးမှ အသုံးပြုရတာပါ။ ကျွန်​​တော်​တို့​တွေ computer ကိုအသုံးပြုရာမှာ desktop computer လို့ဘာလို့ ​ခေါ်ဆိုရလည်းဆိုရင်​​တော့ သူ့မှာ computer တစ်​လုံးဖြစ်​ဖို့ရန်​အတွက်​ လိုအပ်​တဲ့ အစိတ်​အပိုင်း​တွေပါရှိပါတယ်​။ အဲ့ဒီ အစိတ်​အပိုက်း​တွေထဲက တစ်​ချို့က စားပွဲခုံဒါမှမဟုတ်​ ကွန်​ပျူတာတင်​တဲ့ခုံ ​ပေါ်မှာထားရှိအသုံးပြုရပါတယ်​။ အလျားလိုက် သို့မဟုတ်​ ​ဒေါင်​လိုက်​ထားရှိပါတယ်​။အထူးသဖြင့်​ Monitor, Keyboard, Mouse ကို အဓိက ထားရှိပါတယ်​။ case လို့​ခေါ်တဲ့ system unit ကို​တော့ စားပွဲခုံ​ပေါ်မှာထားတာရှိသလို စားပွဲခုံ​အောက်​ ဒါမှမဟုတ်​ စားပွဲခုံ အနီးမှာ ထားရှိရပါတယ်​။ Desktop ကွန်​ပျူတာတစ်​လုံးမှာ Monitor, Keyboard, Mouse, System Unit, UPS. စတဲ့ ပစ္စည်း​တွေနဲ့ ဖွဲစည်းထားပါတယ်​။ အထက်​ပါ အရာ​တွေ မပါရှိပဲနဲ့လည်း အသုံးပြုလို့ရတဲ့ ကွန်​ပျူတာ​တွေရှိပါတယ်​။ သူတို့က​တော့ အဆင့်​မြင့်​နည်းပညာသုံး ကွန်​ပျူတာ​တွေဖြစ်​ပါတယ်​။ All in One PC ​တွေလည်း ရှိပါတယ်​။ အထက်​က​ဖော်​ပြထားတာ​တွေကို အကုန်​​ပေါင်းစီးထားတဲ့ desktop ​တွေကို All in One desktop လို့​ခေါ်ပါတယ်​။

Monitor
Monitor ကဘာအတွက်​လည်းဆိုရင်​​တော့ ကျွန်​​တော်​တို့​တွေရဲ့ လုပ်​စရာလုပ်​ငန်း​တွေ ကို Monitor ​ပေါ်က​နေ ကြည့်​ရှုပီး​တော့ လုပ်​ငန်းများကို လုပ်​​ဆောင်​နိုင်​ပါတယ်​။ ပုံကြည့်​မယ်​ဆိုလည်း ရပါတယ်​။ စာ​ရေးမယ်​ဆိုလည်း ရပါတယ်​။ game ​ဆော့မယ်​ဆိုလည်း ရပါတယ်​။ အခြားလုပ်​ငန်း​တွေလည်း လုပ်​လို့ရပါတယ်​။ Monitor မှာ များ​သောအားဖြင့်​ VGA port နဲ့ DVI port များပါရှိပါတယ်​။ တစ်​ချို့ Monitor များက​တော့ HDMI port ပါ ပါရှိပါတယ်​။ Monitor ရဲ့ screen size များကလည်း မတူညီကြပါဘူး။ ရုပ်​ထွက်​ ကျစ်​လစ်​မှုလည်း ကွာခြားမှု​တွေရှိကြပါတယ်​။ ဘာလို့လည်းဆို​တော့ ထုတ်​လုပ်​တဲ့ company မတူလို့ဖြစ်​ပါတယ်​။ ​ဈေးနှုန်း​တွေလည်း ကွဲပါးကြပါတယ်​။ ​ဈေးကွက်​အတွင်း လူသုံးမျညးတာ​တော့ View sonic, Acer, Dell စတဲ့ Monitor များဖြစ်​ပါတယ်​။ မိမိစိတ်​ကြိုက်​ဝယ်​ယူနိုင်​ပါတယ်​ဗျ။ Monitor ကို Output device အ​နေနဲ့မှတ်​သားနိုင်​ပါတယ်​ဗျ။

Credit image link (https://cnet3.cbsistatic.com/img/dBXiRWOhjhUAu7JgYacLXyPfznM=/0x89:1280x1098/2017/06/12/56576899-f422-490f-a9c2-32fbc9b1c5d6/u38-image-2)

Keyboard and Mouse
Keyboard က​တော့ ကျွန်​​တော်​တို့​တွေ စာစီစာရိုက်​တာ​တွေနဲ့ တွက်​ချက်​မှု​တွေပြုလုပ်​တဲ့​နေရာမှာ အသုံးပြု နိုင်​ပါတယ်​။ data input အ​နေနဲ့အသုံးပြုနိုင်​ပါတယ်​။ Mouse လည်းထိုနည်း ၄င်းပါပဲ ​ရွေးချယ်​ခြင်းများ ​ပြောင်း​ရွေ့ခြင်းများကို Monitor ​ပေါ်တွင်​ ကြည့်​ရှုပြီး လုပ်​​ဆောင်​နိုင်​ပါတယ်​။

Credit image link (https://brain-images-ssl.cdn.dixons.com/3/4/13212943/u_13212943)

System unit
System unit လို့ဆို​ပေမဲ့ သူ့မှာလည်း ​ပေါင်းစပ်​ပစ္စည်းများ ပါဝင်​ပါတယ်​။ System unit ထဲမှာ motherboard, hard disk, power supply, processor(cpu), ram, dvd read/writer စတဲ့ ပစ္စည်းများပါဝင်​ပါတယ်​။ motherboard က​တော့ ကွန်​ပျူ တာစနစ်​တစ်​ခု လည်​ပတ်​ဖို့ရန်​အတွက်​ အဓိကအ​ရေးကြီးအစိတ်​အပိုင်းဖြစ်​ပါတယ်​။ အရည်​အ​သွေးမတူညီ​သော လုပ်​​ဆောင်​ချက်​မတူညီ​သော motherboard များ များစွာရှိပါတယ်​။ မိမိလုပ်​​ဆောင်​မဲ့ လုပ်​ငန်း​ပေါ်မူတည်​ပီး​တော့ သင့်​တင့်​တဲ့ motherboard ​တွေကို ​ရွေးချယ်​ဝယ်​ယူနိုင်​ပါတယ်​။ ram(random-access-memory) က​တော့ ကျွန်​​တော်​တို့​တွေ ကွန်​ပျူတာကိုအသုံးပြုရာမှာ application များကို မြန်​မြန်​ဆန်​ဆန်​ဖွင့်​လစ်​နိုင်​ရန်​နှင့်​ ကွန်​ပျူတာလုပ်​​ဆောင်​ချက်​များ မြန်​ဆန်​​စေရန်​အ​ထောက်​အတူ ပြု​ပေး​သော ပစ္စည်းဖြစ်​ပါတယ်​။ CPU (central processing unit) က​တော့ ကွန်​ပျူတာစနစ်​ရဲ့ တွက်​ချက်​မှု​တွေ လုပ်​​ဆောင်​ချက်​​တွေကို လျင်​မြန်​စွာ လုပ်​​ဆောင်​နိုင်​​စေရန်​အ​ထောက်​အကူပြုတဲ့ ပစ္စည်းဖြစ်​ပါတယ်​။ ram နဲ့ မတူပါဘူး။ အဓိကအလုပ်​လုပ်​တာက​တော့ cpu ပါ။ အဲ့ဒါကို ram အ အ​ထောက်​အပံ့​ပေးတာဖြစ်​ပါတယ်​။

Credit image link system unit(https://www.bermorzone.com.ph/wp-content/uploads/2017/07/2_309936758)

Credit image link motherboard(https://images.novatech.co.uk/msi-h110m_pro-vd_plus)

Credit image link ram(https://4.imimg.com/data4/LM/GP/MY-11966446/ram-500x500)

Hard disk
Hard disk က​တော့ ကွန်​ပျူတာတစ်​လုံး မှာ အသုံးပြုမဲ့ OS(operation system) ကို ထည့်​သွင်းဖို့ရန်​နဲ့ ကျွန်​​တော်​တို့​တွေရဲ့ အချက်​အလက်​ data ​တွေကို သိမ်းဆည်းထားဖို့ရန်​အသုံးပြုပါတယ်​။ Hard disk ​တွေမှာလည်း data သို​လှောင်​နိုင်​စွမ်း များ မတူညီကြပါဘူး။ data သို​လှောင်​နိုင်​စွမ်းကွာခြားမှုနဲ့လိုက်​ပီး ​ဈေးနှုန်းလည်း ကွာခြားသွားပါတယ်​။

Credit image link hard disk()

Power supply
Power supply ဆိုတာက​တော့ ဒီကွန်​ပျူတာစနစ်​ကြီး တစ်​ခုလုံးကို လျှပ်​စစ်​ အရင်းမြစ်​ ဖြန့်​​ဝေ​ပေးတဲ့ စနစ်​ကိုအသုံးပြုထားတဲ့ ပစ္စည်းဖြစ်​ပါတယ်​။ အဓိကအားဖြင့်​ motherboard ကို ပါဝါ​ပေးပါတယ်​။ ​နောက်​ပီး hard disk, dvd read/writer များကို ပါဝါ​ပေးပါတယ်​။

Credit image link power supply(https://www.wootware.co.za/media/catalog/product/cache/1/image/1024x768/9df78eab33525d08d6e5fb8d27136e95/v/s/vs450_sideview_cable_wootware_catalog_)

DVD read/writer
DVD read/writer က​တော့ ကွန်​ပျူတာမှာအသုံးပြုမဲ့ software application ​တွေ၊ video ​တွေကြည့်​တာ​တွေ စတာ​တွေကိုလုပ်​​ဆောင်​နိုင်​ပါတယ်​။ read/write drive ​တွေက​တော့ ကွန်​ပျူတာထဲမှာရှိတဲ့ data ​တွေကို drive ထဲမှ CD or DVD disk ​တွေထဲကို ပြန်​လည်​ ကူးယူသိမ်းဆည်းနိုင်​ပါတယ်​။

Credit image link dvd writer(https://images-na.ssl-images-amazon.com/images/I/81Im3uf7mwL)

UPS (uninterruptible power supply)
UPS က​တော့ လျှစ်​စစ်​မီးအားကိုထိန်း​ပေးတဲ့ ပစ္စည်းလို့လည်း​ပြောလို့ရပါတယ်​။ ကျွန်​​တော်​တို့​တွေ ကွန်​ပျူတာကို အသုံးပြု​နေချိန်​မှာ မီးပျက်​သွားတဲ့အခါ ၅မိနစ်​ခန့်​မျှ လျှပ်​စစ်​ကိုထိန်းထား​ပေးနိုင်​တဲ့ battery ပါဝင်​တဲ့အတွက်​ မိမိတို့ လုပ်​ငန်း​တွေကို သိမ်းဆည်းဖို့ အချိန်​ရပါမယ်​။ ဥပမာ ကျွန်​​တော်​တို့ ကွန်​ပျူတာမှာ စာစီစာရိုက်​လုပ်​​နေတယ်​ဆိုရင်​ ရုတ်​တရက်​မီးပျက်​သွားမယ်​ဆိုရင်​ ကိုယ်​​ရေးထားတဲ့ စာ​တွေမသိမ်းရ​သေးပဲ နဲ့မီးပျက်​သွားတဲ့အတွက်​ ​ရေးထားတဲ့စာ​တွေ​ပျောက်​ကုန်​ပါတယ်​။ UPS နဲ့တစ်​ဆင့်​ခံပီး မီးကို ချိတ်​ဆက်​ထားမယ်​ဆိုရင်​​တော့ မီးပျက်​သွား​ပေမဲ့လည်း မိမိစာ​ရေးထားတာကို သိမ်းဆည်းဖို့ ၅မိနစ်​ခန့်​အချိန်​ရတဲ့အတွက်​ မိမိရဲ့ စာ​ရေးခဲ့တဲ့အချိန်​​တွေကို တန်​ဖိုးရှိစွာနဲ့ အချက်​အလက်​ data ​တွေကို သိမ်းဆည်းနိုင်​မှာဖြစ်​ပါတယ်​။ ​နောက်​တစ်​ခုက UPS တစ်​ဆင့်​မခံထားဘူးဆိုရင်​ ရုတ်​တရက်​မီးပျက်​တဲ့အခါ ကွန်​ပျူတာကို အထိနာ​စေပါတယ်​။ ဘယ်​လိုမျိုးလည်းဆို​တော့ အလုပ်​​တွေလုပ်​​နေတဲ့ စက်​ပစ္စည်း​တွေကို ရုတ်​တရက်​ လျပ်​စစ်​ဖြတ်​လိုက်​တဲ့အတွက်​ data စီးဆင်းမှု​တွေက လမ်းတစ်​ဝက်​မှာ ရပ်​တန့်​ကုန်​ပါတယ်​။ မီးပြန်​လာလို့ ပြန်​ဖွင့်​အသုံးပြုတဲ့အခါ မီးပျက်​တုန်းက ကျန်​ရှိ​နေတဲ့ data​တွေကို ပြန်​လည်​ စိစစ်​​နေရတဲ့အတွက်​ စက်​က loading time ပိုကြာတာတို့ စက်​​လေးတာတို့ဖြစ်​တတ်​ပါတယ်​။ UPS တစ်​ဆင့်​ခံပီးအသုံးပြုရင်​​တော့ အဲ့လို မျိုး​တွေမဖြစ်​​တော့ပါဘူး။

Credit image link ups(https://images-na.ssl-images-amazon.com/images/I/714vasqd5-L)

Writer caesarsupaimin
MSC-025

Sort:  

window ရုတ်တရက်ကျသွားတာ ဘာကြောင့်ဖြစ်တက်လည်း မောင်လေး

Ram.ြေ ကာင့်​ ပါအမ ram လွတ်​ တာ ၊ ram မနိုင်​တာ အဲ့ဒါ​တွေ ဖြစ်​နိုင်​ပါတယ်

ကျေးဇူးပါရှင့်

ဟုတ်​ ရပါတယ်​ဗျ ram ကို ဖြုတ်​ပီး​သေချာ ပြန်​တပ်​​ပေးရင်​ အဆင်​​ပြေသွား ပါလိမ့်​ မယ်​ဗျ

You got a 50% upvote from @aungzawhtwe courtesy of @caesarsupaimin ! its cool fee free .

Coin Marketplace

STEEM 0.16
TRX 0.17
JST 0.029
BTC 69643.76
ETH 2515.47
USDT 1.00
SBD 2.56