Crusader of Light ဂိမ်း

in #myanmar6 years ago (edited)

Screenshot_2018-03-03-19-41-16-215_com.netease.z3.android.png

Crusader of Light သည်​ RPG ဂိမ်းအမျိုးအစားဖြစ်​ပါသည်​။ သူ့မှာ Warrior, Fighter, Archerနဲ့ Mage ဆိုပီး အဓိက class ကြီး ၄ မျိုးပါဝင်​ပါတယ်​။
22-51-40-hqdefault.jpg
Paladin က​တော့ လက်​တစ်​ဖက်​ကဓားကိုင်​ပီး ကျန်​လက်​တစ်​ဖက်​က ဒိုင်းကို ကိုင်​ကာ တိုက်​ပွဲဝင်​ပါတယ်​။ သူ့မှာထိခိုက်​​စေတဲ့ ability ​တွေပါပါတယ်​။ ​နောက်​ပီး မိမိအဖွဲ့ဝင်​​တွေအတွက်​ ​သွေးပြန်​ဖြည့်​​ပေးတဲ့ ability လည်းပါဝင်​ပါတယ်​။ အမာခံတဲ့ ability လည်းပါဝင်​ပါတယ်​။ သူက​တော့ အဖွဲ့လိုက်​တိုက်​ခိုက်​တဲ့အခါ အ​ရှေ့က​နေအမာခံတိုက်​ခိုက်​မလား ဒါမှမဟုတ်​ damage များများနဲ့တိုက်​ခိုက်​အုံးမလား ၊ အဖွဲ့ဝင်​​တွေကိုတိုက်​ခိုက်​ရင်း​သွေးပြန်​ဖြည့်​​ပေးချင်​လား စတဲ့ မိမိကြိုက်​နှစ်​သက်​ရာ ability ​တွေကိုအ​ပြောင်းအလည်းလုပ်​ပီး ကစားလို့ရပါတယ်​။
22-52-49-maxresdefault.jpg
နောက်​တစ်​ခုက Warriorပါ သူက​တော့ အကြမ်းခံတိုက်​ခိုက်​​ရေးသမားပါ။ သူ့မှာပါဝင်​တဲ့ability ​တွေအားလုံးက​တော့ ရန်​သူကို ထိခိုက်​​စေတာ​တွေကြီးပဲပါဝင်​ပါတယ်​။ သူ့ရဲ့ကြီးမားလှတဲ့ ပုဆိန်​ကြီးကို လက်​နှစ်​ဖက်​နဲ့ကိုင်​ပီး အားရပါးရ ရန်​သူကိုတိုက်​ခိုက်​ပါတယ်​။ အဲ့ဒီလိုတိုက်​ခိုက်​​နေတာက​နေမှ ရန်​သူရဲ့ ​သွေးပြန်​ပြည့်​နှုန်းကို ​နှေး​စေတာ​တွေ ၊ ရန်​သူရဲ့ တိုက်​ခိုက်​မှုမြန်​နှုန်း ​ရွေ့လျားမှုမြန်​နှုန်း​တွေကို​လျော့ကျ​စေတာ​တွေ ၊ထပ်​ဆင့်​ထပ်​ဆင့်​တိုက်​ခိုက်​တဲ့အခါ ပိုမို damage များတာ​တွေစတဲ့ ability များပါဝင်​ပါတယ်​။ ရန်​သူကို တိုက်​စစ်​ပြင်းပြင်းနဲ့တိုက်​ခိုက်​တဲ့ fighter တစ်​​ယောက်​ဖြစ်​ပါတယ်​။
23-14-16-CoL_t.jpg
Ranger က​တော့ ​လေးသည်​​တော်​ပါ။ သူ့ရဲ့ ​လေးနဲ့ ရန်​သူ​တွေကို ထိခိုက်​မှုပြင်းပြင်းနဲ့တိုက်​ခိုက်​ပါတယ်​။ ရန်​သူကို ရပ်​တန့်​သွား​စေတဲ့ effect ​တွေ ဆက်​တိုက်​ပစ်​ခတ်​နှုန်းမြန်​တာ​တွေ ၊ ရန်​သူကိုအဆိပ်​လူးထားတဲ့မြှားနဲ့ပစ်​တာ​တွေ၊ မြှားမိုးရွာချတာ​တွေ၊ မိမိပစ်​ချက်​ကို ၂ဆ ၃ဆ မြှင့်​တင်​ပီးရန်​သူကိုထိခိုက်​​စေတာ​တွေစတဲ့ ability များပါဝင်​ပါတယ်​။ critical damage များများနဲ့တိုက်​ခိုက်​နိုင်​ပါတယ်​။
23-15-49-maxresdefault.jpg
Mystic က​တော့ အ​ဝေးပြစ်​ဖြစ်​ပီး မိမိရဲ့ အဖွဲ့ဝင်​​တွေကိုထိခိုက်​မှု​လျော့ချ​ပေးတဲ့ spell ​တွေ၊ တစ်​ဦးချင်း​သွေးပြန်​ဖြည့်​တဲ့ spell ​တွေ၊ အဖွဲ့လိုက်​​သွေးပြန်​ဖြည့်​တဲ့ spell ​တွေ၊ automatic ​သွေးပြန်​ပြည့်​တဲ့spell ​တွေ ၊ထိခိုက်​မှုကိုကာကွယ်​​ပေးတဲ့ ဒိုင်းကာ​တွေ၊ စစ်​ကူသတ္တဝါကြီးကို​ခေါ်ယူတိုက်​ခိုက်​​စေတဲ့ spell ​တွေ၊ တစ်​​နေရာမှ တစ်​​နေရာသို့ ခုန်​ကူးနိုင်​တဲ့ ability စတာ​တွေပါဝင်​ပါတယ်​။ မိမိအဖွဲ့ဝင့​တွေတိုက်​ခိုက်​တဲ့အခါ အ​နောက်​က​နေ ​သွေးပြန်​ဖြည့်​​ပေး စစ်​ကူအ​နေနဲ့တိုက်​ခိုက်​​ပေးတာဖြစ်​ပါတယ်​။
မိတ်​​ဆွေတို့​ဆော့ကစားချင်​တယ်​ဆိုရင်​​တော့ google play store ဒါမှမဟုတ်​ apkpure က​နေ download ဆွဲယူကစားနိုင်​ပါတယ်​။ wow နဲ့ ဆင်​တူပါတယ်​။ professional skill အ​နေနဲ့ မိုင်းတူးခြင်းနဲ့ အဝတ်​အစားပြုလုပ်​ခြင်း skillများပါဝင်​ပါတယ်​။

Writer caesarsupaimin
MSC-025

Sort:  

nice pictures I ask in vote me,

This post has received a 0.31 % upvote from @drotto thanks to: @banjo.

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 66670.04
ETH 3497.56
USDT 1.00
SBD 2.71