Busy day and POS

in #myanmar6 years ago

IMG_20180418_171947.jpg
မင်္ဂလာပါ တကယ်​​တော့ ဒီ​နေ့က ကျွန်​​တော့အတွက်​ အလုပ်​များတဲ့​နေ့​လေးတစ်​​နေ့ပါ။ ဒီလိုအလုပ်​များတဲ့​နေ့​လေးမှာပဲ ကျွန်​​တော်​တို့ gp1 ရဲ့ pro ​နေ့လည်းဖြစ်​​နေပါတယ်​။ မနက်​ကတည်းက မအားတာနဲ့ ခု ထမင်းစားပီးခနနားချိန်​​လေးမှာ pro အတွက်​ စာ​ရေး​နေမိပါတယ်​။ ခန​နေရင်​လည်း အပြင်​ ထပ်​သွားရအုံးမှာမို့လို့ပါ။ ဒီလိုမအားတဲ့ကြားက social media application (Facebook)မှာ ဒီ​နေ့ ကျွန်​​တော့အ​ကောင့်​ထဲကို ဘယ်​သူ​တွေဝင်​ပီး ကြည့်​​နေလည်းဆိုတာကို သိချင်​မိလို့ ​လေ့လာမှု​လေးအနည်းငယ်​ပြုလုပ်​ဖြစ်​ပါတယ်​။

အဲ့ဒါက​တော့ မိမိရဲ့ profile ကို ဘယ်​သူ​တွေ ဝင်​ကြည့်​လည်းဆိုတာကို သိ​စေတဲ့ extension ဖြစ်​ပါတယ်​။ ကျွန်​​တော့ရဲ့ profile ကိုဝင်​ကြည့်​သူ​တွေကို သိရဖို့ ပထမဆုံး google search box မှာ "facebook profile view notification" ကိုရိုက်​နှိပ်​ပီး ရှာ​ဖွေလိုက်​ပါတယ်​။ အဲ့ဒါနဲ့ပဲ chrome extension link ကျလာပါတယ်​။ အဲ့ဒီ link ကိုနှိပ်​လိုက်​ပီးရင်​​တော့ ​နောက်​ထပ်​ extension ​တွေကြီးပဲ ရှိတဲ့ page ကို​ရောက်​သွားပီး ခုနက extension ကိုလည်းမြင်​​နေရပါမယ်​။ အဲ့ဒီ extension ရဲ့ညာဘက်​မှာ​တော့ add on chrome ဆိုပီး ရှိပါတယ်​။ အဲ့ button ​လေးကိုနှိပ်​​ပေးလိုက်​ပါ။ အဲ့ဒါဆိုရင်​​တော့ အဲ့ဒီ extension ကို browser မှာ install ပြုလုပ်​​နေပါပီ။ ခန​စောင့်​လိုက်​ရင်​​တော့ install ပီးသွားပါလိမ့်​မယ်​။ အဲ့ဒါဆိုရင်​ ကျွန်​​တော်​တို့ ရဲ့ facebook browser page ကို refresh ပြုလုပ်​​ပေးလိုက်​မယ်​ဆိုရင်​​တော့ ကျွန်​​တော်​တို့ရဲ့ အ​ကောင့်​ နာမည်​​ဘေးမှာ visitor ဆိုပီး ​ပေါ်လာပါလိမ့်​မယ်​။ အဲ့ဒီမှာ ဝင်​ကြည့်​မယ်​ဆိုရင်​​တော့ ကိုယ့်​အ​ကောင့်​ထဲ ဘယ်​သူ​တွေဝင်​ကြည့်​​နေလည်းဆိုတာ ကို ပြ​ပေးပါလိမ့်​မယ်​ဗျ။

ည​နေပိုင်းရုံးပြန်​​ရောက်​​တော့ ဆု​ကြေး​တွေ နှိုက်​​နေကြ တယ်​ဗျ။ ကျွန်​​တော်​လည်း ပါတာ​ပေါ့ဗျာ ။ မများပါဘူး နည်းနည်း​လေးရယ်​။ တစ်​​ယောက်​ ၁ ​သောင်းပါပဲ။ စုစု​ပေါင်း ၇ ​ယောက်​ရှိတယ်​။ ၇​သောင်း​ပေါ့။ ဒါက ဒုတိယအကြိမ်​ဖြစ်​ပါတယ်​ ပထမအကြိမ်​က​တော့ ကိုယ်​မ​ပေါက်​ပါဘူး။ ဒုတိယအကြိမ်​လည်း မ​ပေါက်​ပါဘူး။ တစ်​ခြား အမတစ်​​ယောက်​​ပေါက်​တယ်​။ သူက​တော့ လစာလည်းရ ဆု​ကြေးလည်း​ပေါက်​ဆို​တော့ အို​ကေတယ်​ဗျာ။ ကိုယ်​​တွေလည်း ဆု​ကြေး​ပေါက်​တဲ့ တစ်​​နေ့​တော့ တစ်​ခုခုလုပ်​ပါအုံးမယ်​။

ည​နေရုံးဆင်းရင်​​တော့ အစီအစဉ်​​လေးနည်းနည်းဆွဲထားပါတယ်​ဗျ။ သူငယ်​ချင်း ​တွေစုပီး ညစာအတူတူစားဖို့ချိန်းထားပါတယ်​။ သူတို့နဲ့ကလည်း တစ်​လမှ တစ်​ခါ​လောက်​​တွေ့ဖြစ်​ကြတာ။ ပီးရင်​ ​တော့ ကိုယ့်​လုပ်​ငန်းအ​ကြောင်းသူ့လုပ်​ငန်းအ​ကြောင်း ​ပြောကြပါမယ်​။ ကျွန်​​တော်​က ​တော့ဘဏ်​လုပ်​ငန်းမှာအသုံးပြု​နေတဲ့ နည်းပညာ​တွေအ​ကြောင်းကို ​ပြောဖြစ်​ပါမယ်​။ ဘဏ်​နည်းပညာ​တွေကလည်းတိုးတက်​​နေတာအရမ်းပဲဗျာ။ ကျွန်​​တော်ခုလုပ်​​နေတဲ့​နေရာက pos စက်​​လေး​တွေ တပ်​ဆင်​​ပေးရတဲ့ ​နေရာမှာပါ။ အရင်​တုန်းက ဆိုရင်​ ကျွန်​​တော်​တို့ရဲ့ pos မှာ visa နဲ့ master card ပဲအသုံးပြုလို့ရပါ​သေးတယ်​။ အဲ့ဒီ​နောက်​ပိုင်းမှာ​တော့ MPU card ပါအသုံးပြုလို့ရလာပါတယ်​။ အဲ့ဒီ​နောက်​အလုပ်​​တွေရှုပ်​​တော့တာပဲဗျာ။ဘယ်​လိုရှုပ်​တာလည်းဆို​တော့ တပ်​ထားပီးသားစက်​​တွေကို upgrade လိုက်​လုပ်​ရ​တော့တာပဲဗျာ။ တစ်​ရက်​ကို ၅ လုံး​လောက်​ပီးတယ်​ဗျ။ စက်​ကိုလည်း upgrade လုပ်​တယ်​။ ပီးရင်​ အသစ်​တိုးလာတဲ့ကဒ်​ကိုလည်း သုံးပုံသုံးနည်းပြန်​သင်​​ပေးတယ်​။ တစ်​လ​လောက်​ အဲ့လိုလုပ်​​နေရတယ်​ဗျ။ ​နောက်​ပိုင်း အသစ်​တပ်​တဲ့စက်​​တွေက​တော့ update ဖြစ်​ပီးသား​တွေဆို​တော့ အဲ့ဒီစက်​​တွေအတွက်​ အသုံးပြုပုံပဲသင်​​ပေးရ​တော့တယ်​။ upgrade လုပ်​တဲ့အချိန်​သက်​သာသွားတာ​ပေါ့ဗျာ။

မကြာပါဘူး ​နောက်​ထပ်​ pos model အသစ်​ထပ်​ထွက်​လာပါတယ်​။ အသစ်​ထပ်​ထွက်​တယ်​ဆိုတာထက်​ အခြား company က စက်​ကို အသုံးပြုလာတာဖြစ်​ပါတယ်​။ အဲ့ဒီစက်​ကလည်း ကဒ်​၃မျိုးဖြတ်​လို့ရပါတယ်​။ visa /master/mpu ကဒ်​​တွေအသုံးပြုလို့ရပါတယ်​။ အဲ့ဒီစက်​ ကိုတပ်​ဆင်​တာ ၅လ​လောက်​လည်းကြာ​ရော ​နောက်​ထပ်​ software အသစ်​ထွက်​ပါတယ်​တဲ့ဗျာ။ visa/master/mpu အပြင်​ ​နောက်​ထပ်​ jcb/upi ကဒ်​​တွေပါအသုံးပြုလို့ရပါပီတဲ့ဗျာ။ အရင်​ စက်​ model အ​ဟောင်းကိုလည်း upgrade ​တွေလုပ်​ရတယ်​။ ​နောက်​model အသစ်​စက်​​တွေကိုလည်း upgrade လုပ်​ရတယ်​ဗျာ။ ​နေ့တိုင်းလုပ်​ရတာ ရုံးဆင်းချိန်​လည်း ​နောက်​ကျတာ​ပေါ့ဗျာ။ အဲ့ဒါနဲ့ OT ​တော့ရပါတယ်​။ ခုဆိုရင်​ ကျွန်​​တော်​တို့ရဲ့ pos စက်​​တွေမှာ ကဒ်​ ၅ မျိုးအသုံးပြုလို့ရ​နေပါပီ။ ဘယ်​နိုင်​ငံ ကကဒ်​မဆို visa/master/upi/cup/mpu Logo တစ်​ခုခုပါခဲ့မယ်​ဆိုရင်​ ကျွန်​​တော်​တို့ရဲ့ pos စက်​မှာ အသုံးပြုလို့ရပါပီဗျ။ ​နောက်​ထပ်​တိုးလာတဲ့နည်းပဘာ​တွေက​တော့ wave နည်းပညာဖြစ်​ပါတယ်​။ wave sign ​လေးပါတဲ့ကဒ်​ဆိုရင်​ ကျွန်​​တော်​တို့ရဲ့ စက်​model အသစ်​မှာ စက်​နားကို ကဒ်​​လေး ကပ်​လိုက်​တာနဲ့ အသုံးပြုလို့ရသွားပါပီ။ ကဒ်​ကို စက်​ထဲ dip လုပ်​စရာမလို့ swipe လုပ်​စရာမလို​တော့ပါဘူးဗျ။ apple pay, android pay, alipay စတဲ့ QR scan payment များကိုလည်း အသုံးပြုဘို့ရ​နေပါပီဗျ။ အားလုံးအဆင်​​ပြေကြပါ​စေဗျ။

Writer caesarsupaimin
MSC-025

Sort:  

အလုပ်မအားတာတောင် postတင်နိုင်နေသေးတယ်
လေးစားပါတယ်ဗျာ။
ဆော့ဝဲတွေ အဆင့်အတန်းမြင့်လာပြီး စက်အသစ်တွေရှိလာနေပြီဆိုတော့ အလုပ်အကိုင်တွေတဖြေးဖြေးမြန်ဆန်ပြီးလွယ်ကူလာနေပြီပေါ့။
ပိုက်ဆံရှိရင် Qrနဲ့ စကန်ပြီးပိုက်ဆံသွားထုတ်အုံးမယ်
ငွေမသွင်းပဲထုတ်မှာနော်😁😁😂😂

အာ့ဆို ရင်​​တော့ error ပဲ ပြမယ်​ထင်​ တယ်​ဗျ😁

Late pro ကို first comment ပေးခဲ့ပါ တယ်ဗျာ
ကဒ် လုပ်မှ ဘဏ်လာပြီးမေးမယ်နော်

Hote kae bya. Thanks par. Lar khae bank ko 😁

ပိုက်ဆံတွေများလာတော့မှပဲ ကိုစောဆီကို လာသိမ်း
တော့မယ်ဗျာ

Hote hote. Lar khae par bya

အယ် မအားလို့သာပဲ။ အားလို့များရေးရင် ဘယ်လောက်များရေးလိုက်မလဲမသိဘူး စုံစိနေတာပါပဲလား။

မစိ ပါဘူး ဗျ 😁

ဘဏ်တွေလဲ တော်တော်တိုးတက်လာတာပဲနော်

Hote tal bro. Ku taung cash advance so p htet lar p

ရေးထားတာ ​တော်​​တော်​စုံသွားတာပဲ အယ်​ဒို​ရေ..

Hote bro.nae nae myar twar tal

နည်းပညာတွေက ဆန်းစစ်သည်ထက် ဆန်းသစ်လာ လိုက်လို့ မမှီပါလားဗျာ

မမှီ စရ​တော့ မရှိပါဘူး အကိုရဲ့  သူတို့ က အကို့ ​နောက်​ လိုက်​လာ လိမ့်​မယ်​ ဗျ

စက်အားလုံး ရလို့လားဗျ အချို့ဟာတွေ မရလောက်သေးဘူး ထင်ပါတယ်

Hote tal bro.ygn mar tot taw taw ya nay p.mdy mar nae nae pal ya tay tal

မြန်းဂလစ် ဂွက်ဂွက် 😁😁

Hehe thanks thanks

This post has received a 0.63 % upvote from @drotto thanks to: @caesarsupaimin.

visa က ဘယ်​​လောက်​ကျလဲ ဒီမှာက လုပ်​ရင်​ $50ထည့်​ရမယ်​ဆိုလို့

ဟုတ်​ visa​ရော master​ရော $50 ထည့်​ရတယ်​ ပီးရင်​ form ဖြည့်​ခ ၈​ထောင်​​ပေးရတယ်

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60460.59
ETH 2624.41
USDT 1.00
SBD 2.55