Business Is Business

in #myanmar6 years ago

IMG_20180418_171947.jpg

မင်္ဂလာပါဗျ။ ရာသီဥတုက​တော့ မုန်​တိုင်းလည်း​အေးလာပီဖြစ်​လို့ တစ်​ဖြည်းဖြည်း ပူပူလာပါပီဗျ ။ ​နေ့လည်​​နေ့ခင်းဘက်​​တွေ အပြင်​ထွက်​တဲ့အခါ အိန်းကျီလက်​ရှည်​ တို့ ထီးတို့ ဦးထုပ်​တို့​ဆောင်းသွားကြပါဗျ။ ပိတ်​ရက်​ Sunday တုန်းကဆိုရင်​လည်း အရမ်းပူပါတယ်​။ ​ရေလည်း များများ​သောက်​ပါ။ ညီ​လေးတစ်​​ယောက်​ ဒီ​နေ့ရုံးတက်​​တော့ မျက်​စိနာ​နေရှာတယ်​။ ရာသီဥတု​ကြောင့်​လို့ပဲထင်​ပါတယ်​။ သူ့ကို​တော့ ​ရေများများ​သောက်​ခိုင်းထားတယ်​။

ရုံးမှာအလုပ်​လုပ်​ကြတဲ့ဝန်​ထမ်း​တွေလည်း သနားပါတယ်​။ ရုံးထဲ​နေရတဲ့အခါရှိသလို အပြင်​ဘက်​ merchant service way ထွက်​ရတဲ့အခါလည်းရှိတာဆို​တော့ သူတို့အတွက်​ ရုံးထဲမှာ​နေရင်​ ​အေး ​နေပီး​တော့ အပြင်​ ထွက်​ရင်​ ပူ​နေကြတယ်​။ ​နောက်​ပီး merchant ဘက်​ကို​ရောက်​တဲ့အခါဆိုရင်​လည်း ပြန်​​အေးသွားပြန်​​ရော။ ပူလိုက်​​အေးလိုက်​နဲ့ ကြာရင်​ ​နေမ​ကောင်းဖြစ်​ကြ​တော့မယ်​။

အဲ့ဒါ​တွေအပြင်​ ဒီ​နေ့ရုံးတက်​​တော့ customer မျိုးစုံနဲ့​တွေ့ရတယ်​ဗျာ အ​တွေ့အကြုံ​တွေက​တော့။ စီးပွား​ရေးလုပ်​ငန်းရှင်​​တွေက အကွက်​​တွေ အရမ်းမြင်​တတ်​ကြတယ်​ဗျ။ ကိုယ်​​တွေ့အဖြစ်​အပျက်​​လေးတစ်​ခု​ပြောပြအုံးမယ်​။ လက်​တစ်​လုံးကြား လုပ်​စားတာ​ပေါ့ဗျာ။ ဘယ်​လိုလည်းဆို​တော့ ကျွန်​​တော့အလုပ်​က အရင်​ကလည်း​ပြောပြဖူးပါလိမ့်​မယ်​။ စား​သောက်​ဆိုင်​​တွေ ဟိုတယ်​​တွေ ရတနာဆိုင်​​တွေမှာ ဧည့်​သည်​​တွေက သူတို့ရဲ့ ပါလာတဲ့ card ​တွေနဲ့ ​ငွေရှင်းချင်​တယ်​ဆိုရင်​ အဆင်​​ပြေ​အောင်​ POS ​လေး​တွေလိုက်​တပ်​တဲ့ အလုပ်​ဖြစ်​ပါတယ်​။

ခုလည်း POS စက်​ကို ​ရွှေဆိုင်​တစ်​ဆိုင်​မှာတပ်​ထား​ပေးတယ်​ဗျ။ သူကဘယ်​လိုလုပ်​တာလည်းဆိုရင်​ ​ရွှေ​တွေ​ရောင်းတဲ့ဆိုင်​ဆို​တော့ ​ငွေပမာဏ​တွေ အများကြီးလည်း ဖြတ်​တယ်​။ နည်းနည်း​လေး​တွေလည်းဖြတ်​တယ်​ဗျ ။ ခုဆိုရင်​ ဘဏ်​​တွေကလည်း အပြိုင်​အဆိုင်​ ဧည့်​သည်​​တွေကို Credit card ( အ​ကြွေးဝယ်​ကဒ်​) ​တွေ ထုတ်​​ပေးကြပါတယ်​။ ​ငွေပမာဏ အမျိုးမျိုးနဲ့​ပေါ့။

အဲ့ဒီအခါမှာ ဘယ်​လိုလည်းဆို​တော့ သူ့ရဲ့ ဆိုင်​မှာ ​ငွေထုတ်​​ပေးတဲ့ ဝန်​​ဆောင်​မှုကို လုပ်​​ပေးပါတယ်​။ လာတဲ့လူ​တွေက သူတို့ရဲ့ credit card ထဲက​ငွေကို သုံးချင်​ကြတယ်​။ ဒါ​ပေမဲ့ ATM စက်​နဲ့ ထုတ်​မယ်​ဆိုရင်​ အတိုးကို ​နေ့တိုးနဲ့​ပေး​နေရပါတယ်​။ တကယ်​လို့ POS စက်​နဲ့ ဖြတ်​မယ်​ဆိုရင်​ ကဒ်​ဖြတ်​ပီး ၄၅ ရက်​အတွင်း ပြန်​ဆပ်​မယ်​ဆိုရင်​ အတိုးမယူပါဘူး။ အဲ့ဒီ​တော့ POS နဲ့ ဖြတ်​ပီးရင်​ ၄၅ ရက်​ ပြန်​ဆပ်​ဖို့အချိန်​ရှိပါတယ်​။ အတိုးမပါပဲနဲ့ ။ အဲ့ဒါ​ကြောင့်​ သူကလည်း အဲ့ဒီ ဝန်​​ဆောင်​မှုကို သူ့ရဲ့ ဆိုင်​မှာ လုပ်​​ပေးတာဖြစ်​ပါတယ်​။ အဲ့လိုလုပ်​တဲ့အခါမှာ သူက ရာခိုင်​နှုန်းစား နဲ့ အမြတ်​ယူပါတယ်​။ credit card ဖြတ်​ပီး​ငွေထုတ်​မယ်​ဆိုရင်​ ရတယ်​။ percent ကဘယ်​​လောက်​ယူတယ်​ စသဖြင့်​​ပေါ့။ အဲ့ဒီအခါကျ​တော့ လာထုတ်​တဲ့လူက percent ကိုမမြင်​​တော့ပါဘူး။ သူတို့ဆပ်​တဲ့အချိန်​ ၄၅ ရက်​မှာ အတိုးမပါပဲ ဆပ်​လို့ရတယ်​၊ ​ငွေလည်း ကြိုသုံးလို့ရတယ်​ဆိုတာပဲ မြင်​ပါ​တော့တယ်​။ အဲ့လိုပဲ ​ငွေထုတ်​​ပေးတဲ့ အဲ့ဒီဆိုင်​အ​နေနဲ့ကလည်း လာပီး​ငွေထုတ်​တဲ့ လူရဲ့ မှတ်​ပုံတင်​နံပါတ်​​တွေ ဖုန်းနံပါတ်​​တွေ ကဒ်​နံပါတ်​​တွေ ကိုမှတ်​ထားပါတယ်​။ ​ငွေဆပ်​ခြင်းမဆပ်​ခြင်းက​တော့ ကဒ်​ပိုင်​ရှင်​နဲ့ ဘဏ်​ရဲ့ ကိစ္စဖြစ်​ပါတယ်​။ ကြားထဲက သူက အမြတ်​ယူထားတဲ့အတွက်​ ​အေး​ဆေးပါပဲ။ တကယ်​​တော့ အဲ့ဒါက တရားဝင်​မဟုတ်​ပါဘူး။ လုပ်​ပိုင်​ခွင့်​မရှိပါဘူး။ ဒါ​ပေမဲ့ လုပ်​တဲ့လူကလည်း ရှိလာကြပါပီ။ အဲ့ဒါ​ကြောင့်​လည်း လက်​တစ်​လုံးကြား လုပ်​စားကြတယ်​လို့​ခေါ်တာ​ပေါ့။ စီးပွား​ရေးသမား​တွေက အမြင်​​တွေ ​ကောင်းကြတယ်​ဗျာ။ စီးပွား​ရေးကို သူတို့အတွက်​ ကျန်​​အောင်​ ဘယ်​လို လုပ်​ရမလည်း ဆိုတာ အမြဲ ကြံ​နေကြတယ်​။ သင်​လည်း စီးပွား​ရေးသမားတစ်​​ယောက်​ဆိုရင်​ ဘယ်​လိုလုပ်​ဖြစ်​မလည်း......။

ကျွန်​​တော်​က​တော့ စီးပွား​ရေးသမားတစ်​​ယောက်​မဖြစ်​​သေးပါဘူး။ ​လေ့လာသင်​ယူဆဲကာလပဲရှိပါ​သေးတယ်​။ စီးပွား​ရေးသမား​တွေက​တော့ တစ်​ဖက်​လူကိုလည်း သူတိုက်​ရိုက်​ ထိခိုက်​​အောင်​မလုပ်​ဘူး။ လုပ်​ချင်​တဲ့လူကိုယ်​တိုင်​ ကြည်​ကြည်​ဖြူဖြူ ​ပေးလုပ်​တယ်​။ အဲ့လိုဖြစ်​​အောင်​ လည်း သူတို့​တွေ စဉ်းစား​တွေး​ခေါ် ​ပြောဆိုကြပါတယ်​။ ​တော်​ကြပါတယ်​။ ကိုယ်​လည်း ​တော်​​အောင်​လုပ်​ရပါအုံးမယ်​။ ခုမှ သူများဝန်​ထမ်းပဲ ရှိ​သေးတယ်​​လေဗျာ။ ကိုယ်​ပိုင်​လုပ်​ငန်းမရှိ​သေး​ပေမဲ့ အင်​တာနက်​က​နေ နည်းလမ်း​ကောင်း​လေး​တွေကို ရှာကြံလုပ်​ကိုင်​​နေ​ပေမဲ့လည်း နည်းလမ်းမ​ကောင်းတစ်​​ကောင်း​တွေ လည်း ကြုံရတာပါပဲ။ တစ်​​နေ့​တော့ ​အောင်​မြင်​ကြသူ​တွေ ဖြစ်​​အောင်​ ကြိုးစားကြရမှာပဲ မဟုတ်​ဘူးလားဗျာ။ ဘယ်​လိုပဲဖြစ်​ဖြစ်​ ရှင်​သန်​​နေသမျှ​တော့ အ​ကောင်းဆုံး ကြိုးစားကြရမှာပါ။ အဲ့ဒါမှ ဘဝက အဓိပ္ပါယ်​ရှိမှာပါ။

caesarmsc.jpg

Writer caesarsupaimin
MSC-025

Sort:  

ကိုယ်​ပိုင်​လုပ်​ငန်းနှင့်​တစ်​​နေ့ဖြစ်​လာမှာပါ...

ဖြစ်ချင်ပါတယ်။ ကြိုးစားနေပါတယ်ဗျ။

ဂရုထဲက airdrop ဘိုးအေကြီးတွေနဲ့ ပေါင်းပြီး ကိုယ်ပိုင် airdrop ကွန်ပဏီ ထောင်ပါလား ဟားဟား

Airdrop company မ​ထောင်​ နိုင်​​သေး ပါ ပု ဗျ 😁

Budiness man ကြီး.ဖြစ်ပါစေဗျာ

ဟု ဟုြ ကိုးစား လျက်

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကိုယ့်‌ညီက ဆရာကြီးဘဲ၊တစ်‌‌နေ့ ဖြစ်‌မှာပါ။

ပညာသင်ဆဲပါပဲဗျာ

အသိတိုးတဲ့ပိုစ်လေးပါ။ကျေးဇူးဗျာ

ဟုတ်ကဲ့ပါ

အသိတစ်ခုတိုးလို့ကျေးဇူးပါ

အလုပ်လုပ်နေတဲ့ သူသာ တန်ဖိုးရှိတာပါ

လူတော်တော်များများ အလုပ်လုပ်ကြပါတယ်ဗျ

ဒါလည်းဗဟုသုတရတာပါပဲ

ဟုတ်ကဲ့ဗျ

ဗဟုသုတရပါတယ်​ဗျာ

ဟုတ်ကဲ့ဗျ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62907.73
ETH 2531.30
USDT 1.00
SBD 2.62