အရင်​စဉ်းစားပါ

in #myanmar6 years ago

image
မင်္ဂလာပါ။ crypto ​လောကမှ မိတ်​​ဆွေများအားလုံးပဲ ကျန်းမာချမ်းသာကြပါ​စေဗျ။ စာ​ရေးဖို့အားဖြစ်​​စေတဲ့အ​ကြောင်း​လေးက​တော့ leader ရဲ့ စကား​ပြောသံ​တွေ​ကြောင့်​ အားဖြစ်​ခဲ့ရပါတယ်​။ leader ရဲ့ အား​ပေးစကား​တွေ ​ရှေ့ကိုဘယ်​လိုဆက်​​လျှောက်​မယ်​ဆိုတဲ့ စကား​တွေက စည်းကမ်း​တွေ ဘယ်​​လောက်​ပဲများများထုတ်​​စေအုံး​တော့ စည်းကမ်း​တွေကို အလိုလိုလိုက်​နာပီးသားဖြစ်​​စေပါတယ်​။ leader ကသာ အဖွဲ့သား​တွေကို အား​ပေးစကားမ​ပြောဘူးဆိုရင်​သာ အဖွဲ့သား​တွေ အားရှိမှာ မဟုတ်​ပါဘူးဗျ။

Leader ရဲ့လမ်းညွန်​မှုနဲ့ အတူ အားလုံး တက်​ညီလက်​ညီ ​လျှောက်​လှမ်းကြပါတယ်​ဗျ။ ​ခေါင်း​ဆောင်​ရဲ့အား​ပေးမှုက အားလုံးအ​ပေါ်သက်​​ရောက်​မှုရှိပါတယ်​။ အားမ​ပေးဘူးဆိုရင်​​တော့ အားရှိကြမှာမဟုတ်​ပါဘူး။ ရာထူး​တွေအဆင့်​ဆင့်​ တာဝန်​​တွေအဆင့်​ဆင့်​ရှိ​နေတယ်​ဆိုရင်​​တောင်​ ​အောက်​ဆုံးကလူ​တွေ ဘာလုပ်​​နေလည်း ဘာ​ပြောချင်​လည်း ဆိုတာကို သိထားသင့်​ပါတယ်​။ တစ်​ချို့ကိစ္စ​တွေကျ​တော့ ကြားအဆင့်​ကလူ​တွေ​ပြောတာပဲ နား​ထောင်​ပီး ဆုံးဖြတ်​ချက်​သတ်​မှတ်​တာ​တွေက လွဲ​ချော်​မှု​တွေရှိနိုင်​ပါတယ်​။

အများနဲ့ယှဉ်​လာတဲ့အခါ ဆုံးဖြတ်​ချက်​​တွေ ပြတ်​သား ခက်​ခဲတယ်​ဆိုတာ နားလည်​ပါတယ်​။

Company ကြီးတစ်​ခုမှာ company ပိုင်​ရှင်​တစ်​​ယောက်​အ​နေနဲ့ ရာထူးအကြီးပိုင်းဝန်​ထမ်း​တွေရဲ့ ​ပြောစကားကိုသာမကပဲ ရာထူးအငယ်​ဝန်​ထမ်း​တွေရဲ့ လုပ်​​ဆောင်​ပုံ​တွေ သူတို့​ပြောချင်​တာ​တွေကို တိုက်​ရိုက်​​လေ့လာပါမှ ဝန်​ထမ်း​တွေရဲ့ အထင်​လွဲမှု ​တွေ အ​တွေးအ​ခေါ် မှားယွင်းမှု​တွေကို သုံးသပ်​ပြင်​ဆင်​နိုင်​ပါလိမ့်​မယ်​။ လုပ်​ငန်းပိုင်းအားဖြင့်​လည်း လွဲ​ချော်​မှု​တွေကိုအ​ကောင်းဆုံး ပြင်​ဆင်​နိုင်​ပါလိမ့်​မယ်​။ လူတစ်​ဦး အ​တွေးတစ်​မျိုးစီမို့လို့ အကျိုးအ​ကြောင်းစုံကို သိရှိနားလည်​ဖို့လိုအပ်​ပါတယ်​။

ရုံးလုပ်​ငန်း​တွေလုပ်​တဲ့​နေရာမှာလည်းဘယ်​လိုဖြစ်​ကြလည်းဆို​တော့ မိမိအ​နေနဲ့က​တော့ ​ဘေးလူတစ်​​ယောက်​ပါ။ ဥပမာ အဆင့်​ ၃ ဆင့်​နဲ့ပဲ ​ပြောပြချင်​ပါတယ်​။ ရာထူး အကြီးဆုံးကို A လို့သတ်​မှတ်​လိုက်​ပါမယ်​။ ရာထူး အလယ်​အလတ်​ကို B လို့ သတ်​မှတ်​လိုက်​ပါမယ်​။ ရာထူး အနိမ့်​ဆုံးကို C လို့ သတ်​မှတ်​လိုက်​ပါမယ်​။ A က B နဲ့ပဲ ​ပြောဆို ဆက်​ဆံပါတယ်​။ သူ့ရဲ့​အောက်​ကလူရဲ့ တင်​ပြချက်​​တွေကိုပဲ နား​ထောင်​လက်​ခံ ပါတယ်​။ ပီး​တော့ ပြန်​​ဆွေး​နွေးပါတယ်​။ B ကကျ​တော့ သူ့ရဲ့ အထက်​ A နဲ့လည်း ​ပြောဆိုရသလို C နဲ့လည်း ​ပြောဆိုရပါတယ်​။ C ရဲ့​ပြောပြချက်​​တွေ တင်​ပြချက်​​တွေ လုပ်​​ဆောင်​ချက်​​တွေထဲကမှ B ကနားမလည်​နိုင်​တဲ့အခါ လက်​မခံနိုင်​တဲ့အခါ C ရဲ့လုပ်​​ဆောင်​ချက်​ကို သ​ဘောမကျတဲ့အခါ A ကို C ရဲ့ အဆင်​မ​ပြေမှု လုပ်​​ဆောင်​ချက်​​တွေ အ​တွေးအ​ခေါ်​တွေကို ​ပြောပါလိမ့်​မယ်​။ အဲ့အခါ A ကလည်း B ရဲ့ ​ပြောကြားချက်​ပဲ နား​ထောင်​တဲ့ လူမျိုးဆိုရင်​ Cအတွက်​ ရလဒ်​မ​ကောင်းပါဘူး။ A ကသာ B ရဲ့​ပြောကြားချက်​ကို C နဲ့တိုက်​ရိုက်​​တွေ့ပီး စုံစမ်းသိရှိ​အောင်​လုပ်​ပီးမှ ဆုံးဖြတ်​ချက်​ချတဲ့ လူဖြစ်​သင့်​ပါတယ်​။

ကျွန်​​တော်​ဘာကိုဆိုလိုချင်​တယ်​ဆိုတာ သ​ဘော​ပေါက်​လိမ့်​မယ်​ထင်​ပါတယ်​။ တစ်​ခုခုဆိုရင်​ တစ်​​ယောက်​တည်းအမြင်​ တစ်​​ယောက်​တည်း​အ​ပြောနဲ့ မဆုံးဖြတ်​ဖို့ရယ်​။ နှစ်​ဘက်​လုံးကို သိရှိ​အောင်​ကြိုးစားပီးမှ ဆုံးဖြတ်​ချက်​ချပီး လုပ်​​ဆောင်​ဖို့ဆိုတာ ဘယ်​အဖွဲ့အစည်းရဲ့ ​ခေါင်း​ဆောင်​မဆို နားလည်​ထားပီးသားဖြစ်​ပါတယ်​။

လုပ်​ငန်း​တွေအားလုံးကိုယ်​စီ လုပ်​​ဆောင်​ကြပါတယ်​။ မိမိအလုပ်​က အမြဲ အလုပ်​များတာလည်း ဖြစ်​နိုင်​သလို အားတဲ့တဲ့အချိန်​နည်းတာလည်းဖြစ်​နိုင်​ပါတယ်​။ မအားဘူး အလုပ်​များတယ်​ဆိုတာကို လူကြီး​တွေအ​နေနဲ့ ကိုယ်​တိုင်​ခံစားနားလည်​တတ်​ဖို့လိုပါတယ်​။ ကိုယ့်​တစ်​​ယောက်​တည်း အ​တွေ့အကြုံဆုံးဖြတ်​ချက်​နဲ့ ချက်​ခြင်း ​ကောက်​ချက်​မချသင့်​ပါဘူး။ ခွင့်​ယူတယ်​ဆိုရင်​​တောင်​ ဝန်​ထမ်း​တွေက သူတို့ပျင်းလို့ယူကြတာမဟုတ်​ပါဘူး။ သူတို့ကိုယ်​တိုင်​ ခံစား​နေရတဲ့ ​နေမ​ကောင်းမှု ​ဝေဒတာက အလုပ်​ဆက်​လုပ်​ဖို့ မဖြစ်​နိုင်​တဲ့အခါမှာ အနားယူဖို့အတွက်​ ခွင့်​ယူကြပါတယ်​။ အဲ့ဒါကိုမသိပဲနဲ့ မိမိလုပ်​ငန်းအတွက်​ပဲကြည့်​ပီး အလုပ်​လာလုပ်​ဖို့ ကိုပဲ ​ပြော​နေတာတို့ ခွင့်​မ​ပေးတာတို့ က​တော့ လူကြီးမပီသတာရယ်​ လုပ်​ငန်းရှင်​မပီသတာရယ်​တို့ပါဝင်​​နေပါတယ်​။

အဲ့လို​နေရာ​တွေမှာ ဘယ်​လိုလူ​တွေ အခွင့်​အ​ရေးရကြလည်းဆိုရင်​​တော့ လူကြီးနားကို ကပ်​ဖားရပ်​ဖားလုပ်​တဲ့လူ​တွေပဲ အခွင့်​အ​ရေး​တွေရကြပါတယ်​။ အဲ့ဒီလိုလူမျိုး​တွေရှိ​နေလို့လည်း သူတို့ရဲ့လုပ်​ငန်း​တွေက အဆင်​​ပြေ​ချော​မွေ့မှုမရှိပဲ ခနခနအဆင်​မ​ပြေမှု​တွေနဲ့ပဲ ကြုံ​နေရတာဖြစ်​ပါတယ်​။

တစ်​​ယောက်​ကို တစ်​​ယောက်​က အပြစ်​တင်​​ပြောဆို​တော့မယ်​ဆိုရင်​ အဲ့ဒီလူရဲ့ ​နေရာက​နေ ဝင်​စဉ်းစားကြည့်​ပီးမှ ​ကောက်​ချက်​ချ​စေချင်​ပါတယ်​။

image
Writer caesarsupaimin
MSC-025

Sort:  

အများနဲ့လုပ်ဆောင်မယ်ဆို အများအတွက်ကို အများကြီးစဉ်းစား တိုင်ပင်ကြရပါတယ်

ဟုတ်တယ်အကို ဒါပေမဲ့ လူကြီးက သူ့လက်ထောက်တွေပြောတာပဲနားယောင်နေရင်တော့ အောင်မြင်မှာမဟုတ်ဘူး။ လူကောင်းတွေဆုံးရှုံးနိုင်ပါတယ်။

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မှန်တယ် စုပိုင်ရေ

ဟုတ်ကဲ့ဗျ တကယ်တော့ (ဆုပိုင်)ပါဗျ

leader ကို‌လေးစား‌နေ‌သော memberများရှိ‌နေသ‌ရွေ့ အဖွဲ့အစည်းကြီးက တိုးတက်‌‌နေမှာပါ။

leader ကိုလေးစားပီးသားပါ။ တစ်ချို့မရင့်ကျက်သေးသူတွေရှိနေတော့ခက်တယ်။

မှန်ပါတယ်။လူတစ်ယောက်ကို မိမိအမြင်တစ်ခုတည်းနဲ့ အလွယ်တကူကောက်ချက်ချ အပြစ်မတင်သင့်ပါဘူး။

ဟုတ်​ကဲ့

လူကြီးနား ကပ်ဖား ဘယ်သူပါလိမ့်ကွာ သိသလိုလိုပါ😁😁😁

လူကြီးနားကပ်တဲ့ကောင်တွေ ရှိတယ်။

မှန်တယ်ဗျ

အများနဲ့လုပ်​ရတဲ့အလုပ်​မှန်​သမျှညှိနှိုင်းယူရတာပါပဲရှင်​။

ဟုတ်ပါတယ်ဗျ။

စည်းနဲ့ကမ်းနဲ့နေရတာလောက် လွတ်လပ်တာ မရှိဘူး

ဟုတ်ကဲ့အမ။ စည်းကမ်းဆိုတာ လိုက်နာဖို့မခက်ပေမဲ့ ဖောက်ဖျက်ဖို့လည်း မခက်ပါဘူးဗျ။ အဓိကက ရင့်ကျက်တဲ့စိတ်ရှိဖို့လိုပါတယ်ဗျ။

ညှိနှိုင်းဆောင်ရွက်တဲ့ အလုပ်က အောင်မြင်ဖို့ များပါ
တယ် ကိုစောအယ်ဒို

မှန်ပါတယ်ဗျ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63811.18
ETH 2610.29
USDT 1.00
SBD 2.83