အမြဲနှစ်​ဖက်​ကြည့်​ပါ

in #myanmar6 years ago (edited)

IMG_20180318_230700.jpg

ကြက်​ဥ နွားနို့ ကုလားပဲ ​ထောပတ်​ သကြား အကုန်​လုံးက လူ​တွေ အနည်းနဲ့အများ မရှိမဖြစ်​လိုအပ်​ကြတယ်​။ ဘာဖြစ်​လို့လည်းဆို​တော့ မိမိအတွက်​ အဟာရဖြစ်​ကျန်းမာ​စေလို့ပါပဲ။

လူ​တွေဟာ ရယူလိုမှု​တွေပိုများလာကြတယ်​။ ငါအစွဲကြီးတဲ့လူ​တွေပိုများတယ်​။ ဗီဇ ​တွေက တစ်​​ယောက်​နဲ့တစ်​​ယောက်​ မတူညီကြ​ပေမဲ့ အမှားအမှန်​ကို ​တော့ စဉ်းစားဆုံးဖြတ်​နိုင်​ပါတယ်​။ ဗီဇ ကိုပဲလွှဲချပီး ဆင်​​ခြေ​ပေး​နေမဲ့အစား အမှန်​ကို စဉ်းစားလက်​ခံလိုက်​ဖို့လိုအပ်​ပါတယ်​။

သူငယ်​ချင်းတစ်​​ယောက်​က ကျွန်​​တော့ကို​ပြောပြပါတယ်​။ ခု​ခေတ်​လူ​တွေတဲ့ အထူးသဖြင့်​ လူငယ်​​တွေ ရယူလိုချင်​စိတ်​​တွေတစ်​အားများကြတယ်​တဲ့။ ဘာရယ်​မဟုတ်​ပါဘူး သူကကျွန်​​တော့သူငယ်​ချင်းပါ၊ ဂိမ်းဆိုင်​မှာအလုပ်​လုပ်​ပါတယ်​။ ဂိမ်းဆိုင်​စဖွင့်​ကတည်းက ကျွန်​​တော်​အား​ပေးလာတာ​ပေါ့။ ဂိမ်းဆိုင်​က အကြီးကြီးမဟုတ်​​ပေမဲ့ သာမာန်​အဆင့်​မှာရှိပါတယ်​။ လိုင်းလည်း​ကောင်းပါတယ်​။ ရံဖန်​ရံခါမှာ တစ်​ချက်​တစ်​ချက်​ lag တာ​တော့ရှိတာ​ပေါ့။

ဆိုင်​ဖွင့်​​တော့ ကျွန်​​တော်​အဲ့ဒီဆိုင်​မှာသွား​ဆော့ခဲ့တယ်​။ ကျွန်​​တော်​ ဒုတိယနှစ်​ တတိယနှစ်​ တစ်​ခုခုဖြစ်​မယ်​ မမှတ်​မိ​တော့ဘူးဗျ။ ဆိုင်​အသစ်​လည်းဖြစ်​ အဲ့ဒီအချိန်​တုန်းက dota ဂိမ်းဆိုတာလည်း ​ခေတ်​စား​နေ​တော့ ဆိုင်​မှာ လူငယ်​​တွေတင်​မက လူကြီးသက်​လတ်​ပိုင်း​တွေလည်း လာ​ဆော့ကြတာ​ပေါ့ဗျာ။ ကျွန်​​တော်​စ​ဆော့တုန်းကဆိုရင်​ ဆိုင်​မှာ စက်​အလုံး​ရေ ၄၀ ခန့်​​လောက်​ပဲရှိအုံးမယ်​။

အဲ့ဒီတုန်းကဆို ကျွန်​​တော်​တို့​တွေ သာမာန်​ကွန်​ပျူတာအဆင့်​ထက်​မြင့်​တဲ့ dasktop ​တွေဖြစ်​​နေ​ပေမဲ့ gaming အဆင့်​မြင့်​ desktop ​လောက်​ performance ​ကောင်း​ကောင်း မရှိတဲ့ စက်​​တွေနဲ့ ​ဆော့ခဲ့ကြပါတယ်​။ ကျွန်​​တော်​တို့လို့ဂိမ်းဆိုင်​မှာလာ​ဆော့ကြတဲ့လူငယ်​​တွေ အရမ်း​ပျော်​ကြပါတယ်​။ လူငယ်​​တွေ ဂိမ်းဆိုင်​မှာ လာ​ဆော့တာ​ပျော်​တယ်​ဆိုတာက မိဘ​တွေက ချမ်းသာပီး သုံးဖို့စွဲဖို့ ပိုက်​ဆံ​တွေအများကြီး​ပေးထားလို့ လာဖြုန်းပီး​ပျော်​ကြတာမဟုတ်​ပါဘူး။ အားလုံး နီးပါးဟာ မိမိတို့ရဲ့ မုန့်​ဖိုး​လေး​တွေကို မစားရက်​ မ​သောက်​ရက်​နဲ့ မိမိတို့ စိတ်​ဝင်​စားတဲ့ ဂိမ်း​ဆော့ရဖို့ စု​ဆောင်းထားပီး ၁နာရီဖိုးရရင်​၁နာရီ နာရီဝက်​ဖိုးရရင်​ နာရီဝက်​ လာ​ရောက်​ကစားကြပါတယ်​။

အဲ့ဒီလို မုန့်​ဖိုး​လေး​တွေစုပီးလာ​ရောက်​ကစားကြတဲ့ လူငယ်​​တွေအတွက်​ ဆိုင်​အ​နေနဲ့လည်း ပြန်​ကြည့်​ရပါတယ်​။ စီးပွား​ရေးလုပ်​တယ်​ဆိုတာ နှစ်​ဖက်​ကိုကြည့်​ပီးလုပ်​ရပါတယ်​။ မိမိရဲ့ ကုန်​ပစ္စည်းကိုပဲ ကြည့်​​နေလို့မရပါဘူး။ မိမိ ကုန်​ပစ္စည်းက အရမ်း​ကောင်း​အောင်​ထုတ်​လုပ်​ထား​ပေးမဲ့ သုံးစွဲသူ​တွေအ​နေနဲ့က မလိုက်​နိုင်​ဘူးဆိုရင်​ လိုက်​နိုင်​လာ​အောင်​ဘယ်​လို ပြန်​ချိန်​ညှိမလည်းဆိုပီး ပြန်​လည်​ စဉ်းစားရပါတယ်​။ အဲ့ဒီလိုစဉ်းစားတဲ့အတွက်​လည်း ဂိမ်းကစားချိန်​ ၁ နာရီကို ၃၀၀ကျပ်​နှုန်းနဲ့ သက်​မှတ်​လိုက်​ပါတယ်​။

အချိန်​​တွေ အလီလီ ကုန်​ဆုံးခဲ့ပီး ၃ နှစ်​ခန့်​အကြာမှာ​တော့ နည်းပညာမြင့်​တဲ့ ဂိမ်း​တွေထွက်​ရှိလာခဲ့ပါတယ်​။ နည်းပညာ​တွေကလည်း ရပ်​​နေတာမဟုတ်​ဘူး​လေ အမြဲတိုးတက်​​နေတာမဟုတ်​လား။ ဂိမ်း​တွေကလည်း နည်းပညာမြင့်​မြင့်​​ပြောင်းလဲ ထွက်​ရှိလာတဲ့အခါ ဂိမ်းဆိုင်​တစ်​ဆိုင်​အ​နေနဲ့ သူ့ရဲ့ system ​တွေကိုလည်း မြှင့်​တင်​ဖို့လိုအပ်​လာပါပီ။ အဲ့ဒီလို လိုအပ်​ချက်​​တွေအတွက်​ ​ငွေအားသုံးရပါပီ။ monitor ​တွေ ပိုမိုကျယ်​ပြန်​စွာမြင်​ရ​အောင်​ အကြီး​တွေဝယ်​ရတယ်​။ keyboard ​တွေ mouse ​တွေ ဂိမ်း​ဆော့တဲ့အခါ ပိုနှိပ်​လို့​ကောင်း​အောင်​ ပို​ရွေ့လျှားလို့​ကောင်း​အောင်​ ပို​ဈေးကြီးတဲ့ keyboard ​တွေmouse ​တွေနဲ့ ​ပြောင်းလဲ တပ်​ဆင်​ရပါတယ်​။ ​နောက်​ပီး အ​ရေးကြီးတဲ့တစ်​ခု၊ gaming graphic card ​တွေကိုလည်း ပို​ကောင်းပီး ​ခေတ်​မှီတဲ့ ကဒ်​​တွေကို ​ပြောင်းလဲတပ်​ဆင်​ upgrade ပြုလုပ်​ရပါတယ်​။

အဲ့ဒီလို စက်​​တွေကို ​ပြောင်းလဲ ပြင်​ဆင်​တာ​တွေတင်​မကပဲ လာ​ရောက်​​ဆော့ကစားသူ​တွေပိုများများလာ​ရောက်​နိုင်​​အောင်​ ​နောက်​ထပ်​ စက်​ ၁၀လုံးတိုးမြှင့်​တပ်​ဆင်​ခဲ့ပါတယ်​။ ဒီလိုနဲ့ ဆိုင်​က​လေးက အဆင့်​မြှင့်​ထားတဲ့ ပစ္စည်း​တွေနဲ့ တိုးတက်​​ပြောင်းလဲလာတဲ့ ဂိမ်း​တွေကို​ဆော့လို့အဆင်​​ပြေသွားပါတယ်​။ အဲ့ဒီမှာ ဘာ​တွေထပ်​ဖြစ်​လာလည်းဆို​တော့ ​ငွေရှင်​​ကြေးရှင်​ကြီး​တွေက ဂိမ်းဆိုင်​ဖွင့်​လာကြပါတယ်​။

သူတို့ဖွင့်​တဲ့ဂိမ်းဆိုင်​ကြီး​တွေက အထက်​ကကျွန်​​တော်​​ဆော့ဖူးတဲ့ဆိုင်​ထက်​ အဆများစွာကြီးသလို ဝန်​​ဆောင်​မှု​တွေ စက်​​တွေတပ်​ဆင်​ထားတာ​တွေ လည်းကွာပါတယ်​။ ​ပြောရရင်​ ​တော်​​တော်​ကြီးတဲ့ဆိုင်​ အစားအ​သောက်​​တွေ အမယ်​များများမှာစားလို့ရတဲ့ဆိုင်​ လိုင်း​ကောင်းတဲ့ဆိုင်​ စက်​​တွေကလည်းအရမ်း​ဆော့လို့​ကောင်းတဲ့ဆိုင်​ကြီး​ပေါ့ဗျာ။ ဟုတ်​ပါတယ်​။ အဲ့ဒီဆိုင်​အသစ်​ကြီးမှာလည်း ကျွန်​​တော်​​ဆော့ဖူးပါတယ်​။ စက်​ပစ္စည်း​တွေကအစ ဆိုင်​မှာအလုပ်​လုပ်​​နေကြတဲ့ waiter​တွေကအဆုံး ဝန်​​ဆောင်​မှု​တွေ​တော်​​တော်​​ကောင်းပါတယ်​။ ​ဈေးကလည်းကြီးသကိုးဗျ။ ကျွန်​​တော်​အရင်​​ဆော့တဲ့ဆိုင်​က ၁နာရီ၃၀၀ ရှိတယ်​။ ခုလိုဆိုင်​အသစ်​ကြီးက ၁နာရီ ၇၀၀ရှိတယ်​။ ကယ်​ ​ဈေးကအကွာကြီး ဒီဆိုင်​သစ်​ကြီးမှာ ၁နာရီ​ဆော့လို့ရ​ပေမဲ့ ဟိုဘက်​ဆိုင်​မှာ ၂ နာရီ​ကျော်​​လောက်​​ဆော့လို့ရတယ်​​လေ။

ပြောချင်​တာက ခု​ခေတ်​လူ​တွေပါ။ ဘယ်​လိုဖြစ်​လည်းဆို​တော့ ခုလိုဆိုင်​သစ်​ကြီးမှာ​ဆော့တယ်​။ စက်​အ​ကောင်းစားကြီး​တွေ လိုင်းမ lagတာ​တွေ အစားအ​သောက်​​တွေအမျိုးမျိုးမှာစားလို့ရတာ​တွေနဲ့ သူတို့ ထိ​တွေ့လာကြရတဲ့အခါ ဟိုဘက်​ဆိုင်​ကို​ရောက်​​တော့ သူတို့​တွေမ​နေနိုင်​ကြ​တော့ဘူး ဒီဆိုင်​သစ်​ကြီး​တွေလို စက်​​တွေမဟုတ်​ဘူး။ ဒီဆိုင်​သစ်​ကြီးကအင်​တာနက်​လိုင်းလို အမြန်​ကြီးမဟုတ်​ဘူး။ အစားအ​သောက်​လည်း အမယ်​မများဘူး။ သူ့အတိုင်းအတာနဲ့သူ​တော့ ပြည့်​စုံပါတယ်​။ ဒါ​ပေမဲ့ လူ​တွေက လိုအပ်​ချက်​​တွေအရမ်းများကုန်​ကြတယ်​။

အဲ့ဒီအခါဘယ်​လိုဖြစ်​လည်းဆို​တော့ မင်းတို့ဆိုင်​က ဟိုဟာလည်းမ​ကောင်း ဒီဟာလည်းမ​ကောင်း ဟိုဟာလည်းမှာစားမရ ဒီဟာလည်း မှာ​သောက်​မရနဲ့ သူတို့လိုအပ်​ချက်​​တွေမပြည့်​မစုံဖြစ်​ရတယ်​။ ဖြစ်​ရတာအတွက်​လည်း ဆိုင်​အ​နေနဲ့ အ​ကြောက်းပြချက်​​တွေရှိတယ်​။ အဲ့ဒီလိုဆိုင်​ကြီးမျိုးမဟူတ်​ဘူးဒီဆိုင်​က အဲ့ဒီလို စက်​​တွေအသုံးမပြုထားဘူး။ အဲ့ဒီလိုအစားအ​သောက်​​တွေ ဒီမှာမရှိဘူး ။ အဲ့လိုပဲဂိမ်းဖိုးကလည်း ၁နာရီမှ ၃၀၀ပဲဖြစ်​တဲ့အတွက်​ ၃၀၀နဲ့ညီမျှတဲ့ဝန်​​ဆောင်​မှု​တော့ ရှိတယ်​။ ဟိုဘက်​မှာ ၁နာရီပဲ​ဆော့လို့ရမဲ့ဟာက ဒီမှာ ၂နာရီ​ကျော်​​ဆော့လို့ရမယ်​။ ​နောက်​ပီး ကိုယ်​​တွေငယ်​ငယ်​တုန်းကလိုပဲ မုန့်​ဖိုးနဲ့​ဆော့​နေရတဲ့လူ​တွေ အမြဲရှိတယ်​။ တကယ်​လို့ ကိုယ်​​တွေက ​ဈေးတင်​လိုက်​ရင်​ ဆိုင်​ကို သူများဆိုင်​​တွေလို ​ပြောင်းလိုက်​ရင်​ မုန့်​ဖိုးနဲ့လာ​ဆော့တဲ့လူ​တွေအတွက်​ ​နေရာမရှိ​တော့ဘူး။

နောက်​ပီး ဒီဆိုင်​မှာ ဆိုင်​စဖွင့်​ကတည်းက​ဆော့တဲ့လူ​တွေရှိတယ်​။ ဆိုင်​အ​ခြေအ​နေအစအဆုံးအကုန်​သိတယ်​နားလည်​တယ်​။ ဘာကဘာ​ကြောင့်​ဖြစ်​တယ်​ဆိုတာသိတယ်​။ အဲ့ဒါကို ခုမှ​ရောက်​လာတဲ့ ဒီဘက်​​ခေတ်​လူ​တွေက နားမလည်​ဘူး သူတို့ဖြစ်​ချင်​တာပဲသူတို့သိတယ်​။ တစ်​ဖက်​မှာသူတို့ ကြုံခဲ့တာ​တွေ ဒီဘက်​မှာလည်းရမယ်​ထင်​​နေတယ်​။

တကယ်​ကအဲ့လိုတစ်​ဖက်​သက်​ထင်​​နေစရာမလိုဘူး။ လူတိုင်းမှာသူ့အ​ကြောင်းပြချက်​နဲ့သူ။သူ့ရည်​ရွယ်​ချက်​နဲ့သူရှိကြတယ်​။ ကိုယ်​တစ်​​ယောက်​တည်းရဲ့အ​တွေ့အကြုံ အထင်​အမြင်​နဲ့ ပဲဆုံးဖြတ်​မယ်​ဆိုရင်​​တော့ ​တော်​​တော်​မိုက်​မဲတဲ့လူပဲဖြစ်​တယ်​။ ကိုယ်​ထင်​တာဟုတ်​လား မဟုတ်​လားသိချင်​ရင်​ ကာယကံရှင်​ကို ကိုယ်​တိုင်​​မေးရတယ်​။ မ​မေးပဲနဲ့​တော့သူလည်း​ဖြေလို့ရမှာမဟုတ်​ဘူး။ မင်းဘာသိချင်​လည်း သူလည်းသိမှာမဟုတ်​ဘူး။

ကိုယ်​ထင်​တာကိုယ်​မြင်​တာ​တွေကဒီလိုရှိတယ်​ အဲ့ဒီလိုဟုတ်​လား မဟုတ်​ဘူးလား။ ဟုတ်​တယ်​ဆိုရင်​​ရောဘာလို့လည်း မဟုတ်​ဘူးဆိုရင်​​ရောဘာလို့လည်း။ ​မေးရမယ်​​လေ။ အဲ့ဒါဆိုကိုယ်​သိရပီ​လေ။ ကိုယ်​ကလည်းမ​မေးပဲနဲ့ သူ့ကို ကိုယ့်​ရဲ့လိုချင်​မှု​တွေနဲ့ပဲ ဆုံးဖြတ်​သက်​မှတ်​ပီး အပစ်​​တွေတင်​​နေမယ်​ဆိုရင်​​တော့ အဲ့ဒါမင်းမှား​နေတာပဲ။

မိတ်​​ဆွေများအ​နေနဲ့ ခုလိုအ​ကြောင်းအရာ​လေးနဲ့တိုက်​ဆိုင်​တဲ့အဖြစ်​အပျက်​​လေး​တွေ ရှိခဲ့မယ်​ဆိုရင်​ စဉ်းစားလို့ရ​အောင်​​ရေးပြရခြင်းဖြစ်​ပါတယ်​။

မိမိအ​ကြောင်း မ​ကောင်း​ပြော​နေတယ်​လို့ တစ်​​ယောက်​​ယောက်​က လာ​ပြောအုံး​တောင်​မှာ ကိုယ့်​ကိုအဲ့လို​ပြောတယ်​လို့ထင်​တဲ့လူကို ကိုယ်​တိုင်​သွား​မေးလိုက်​ပါ။ သူပြန်​​ဖြေပါလိမ့်​မယ်​။ "ငါမ​ပြောပါဘူး... ​သြော်​မှတ်​မိပီ ငါ​ပြောတာက မင်းမ​ကောင်းဘူးလို့​ပြောတာမဟုတ်​ဘူး မင်းအ​ကြောင်းကို ငါ့သူငယ်​ချင်း​တွေကို​ပြောပြ​နေတာ မင်းက လက်​​ရေးလှတယ်​ စာ​တော်​တယ်​ ဒါ​ပေမဲ့ မင်းက အ​ပြေးမသန်​ဘူး ​ပြေးတာ​နှေးတယ်​ အဲ့ဒီ​တော့ သူငယ်​ချင်း​တွေက မင်းကိုလည်း ​ခေါ်ပီး ​ပြေးတမ်းလိုက်​တမ်းကစားချင်​တယ်​​ပြော​တော့ ငါက​ပြောလိုက်​တယ်​ သူ့ကိုမ​ခေါ်ချင်​ဘူးအဲ့လို​ဆော့တဲ့အခါ သူကမ​ကောင်းဘူးလို့ငါပြန်​​ပြောလိုက်​တယ်​။ ဘာလို့လည်းဆို​တော့ မင်းကအ​ပြေး​နှေး​တော့ ခနခန အဖမ်းခံရမယ်​​လေ။ အဲ့ဒီ​တော့ မင်းပဲ ​ခွေးရူးဖြစ်​ပီး အားလုံးကိုလိုက်​ဖမ်းတဲ့အခါ မင်းပဲ​မော​နေမှာ​ပေါ့။ မင်းကိုမ​မော​စေချင်​လို့ ငါကအဲ့လို​ပြောလိုက်​တာပါ "လို့ ပြန်​​ဖြေရှင်းချက်​​ပေးလိုက်​ရင်​ သင့်​အ​နေနဲ့ ဒီလို​ပြောရတဲ့ ရည်​ရွယ်​ချက်​ကို သိသွားရသလို သူ့ရဲ့​စေတနာကိုလည်း နားလည်​သွားပါလိမ့်​မယ်​။

(ဘယ်​​တော့မှာ တစ်​ဖက်​တည်းရဲ့​ပြောစကားနဲ့ မဆုံးဖြတ်​ပါနဲ့လို့ပဲ​ပြောချင်​ပါတယ်​၊အဲ့လိုတစ်​ဖက်​တည်းရဲ့စကားကိုယုံတဲ့လူက အဲ့လိုလူ​တွေကြိုးဆွဲရာကရပီး​တော့ ကိုယ်​ပိုင်​ဆုံးဖြတ်​ချက်​​တွေမှားယွင်းကုန်​ပါတယ်​။နောက်​ပီး ကိုယ်​သိထားတဲ့သတင်းကမှား​နေတာကိုသိသိရက်​နဲ့ ဇွတ်​အတင်းကိုယ်​ထင်​တာပဲမှန်​တယ်​လို့တစ်​ယူသန်​မဆုံးဖြတ်​ပါနဲ့။ ဘာလို့လည်းဆို​တော့"ဟာဒီ​ကောင်​ကသူထင်​တာပဲအမှန်​ထင်​တာ တခြားလူ​ပြောရင်​လက်​မခံဘူး ​ပြောပြမ​နေနဲ့ ရှင်းပြမ​နေနဲ့ အဲ့လို​ကောက်​ကို"ဆိုပီး​တော့ လူ​တွေ ပစ်​ပယ်​တာခံရတတ်​တယ်​။)

Writer caesarsupaimin
MSC-025

Sort:  

အစ်ကိုပြောတာဟုတ်တယ်။
လူတိုင်းမှာသူ့အကြောင်းပြချက်နဲ့သူ့ရည်ရွယ်ချက်နဲ့ရှိကြတယ်။အဲ့တာကို တစ်ပါးသူအကြောင်းသေချာမသိပဲ ထင်ရာမြင်ရာပြောတတ်တဲ့သူဆိုရင် တော်တော်မုန်းတယ်။

ဟုတ်ပါတယ် သူ့အကြောင်းပြချက်နဲ့သူပါ။ သူ့စေတနာနဲ့သူပါ။ ဘယ်ဘက်ကကြည့်ကြည့်မှန်ပါတယ်။ မမှန်တာက တစ်ဘက်တည်းကြည့်တာပါပဲဗျ။

သူ့ဘက်ကကြည့်တော့သူရဲကောင်း၊ကိုာ်ဘက်ကကြည့်တော့သစ္စာဖောက် လို့ဖတ်ဖူးတာပဲလေ

ဟုတ်ကဲ့အကို အားပေးတာကျေးဇူးတင်ပါတယ်ဗျ။ ကျွန်တော်လည်း တွေ့ဖူးကြုံဖူးတာလေးပါ။ မနေ့ညကမှ သူငယ်ချင်းကသူ့အဖြစ်အပျက်ကိုပြောပြလို့ ရေးလိုက်တာပါ။

မှန်ပါတယ်ဗျာ ။နှစ်ဦးနှစ်ဖက်ရဲ့ စကားကိုနားထောင်ပြီး ဆုံးဖြတ်မှသာ တရားမျှတမှာပါ။ဒါတောင် လွဲတာတွေရှိသေး။

ဟုတ်တယ်အကို။ လူသားတွေမဟုတ်ပါလား အမှားမကင်းပါဘူး။ ဒါပေမဲ့ အမှားနည်းအောင်တော့လုပ်လို့ရပါတယ်။

ကိုယ့်ရဲ့ လက်တွေတောင် တစ်ချောင်းနဲ့တစ်ချောင်း အတိုအရှည် မတူကြဘူးလေ။

မှန်ချက် ဘယ်လိုများ ကြည့်လိုက်လည်းမသိဘူးအကို ကျွန်တော်ဆိုမကြည့်တတ်ဘူးရယ်။ ကွေးကြည့်တာလား ဖြန့်ကြည့်တာလားအကို.... :D

မှန်ပါတယ် နှစ်ဦးနှစ်ဖက်ရဲ့ စကားကို နားထောင်ပီးမှ ဆုံးဖြတ်ရပ့ါမယ် အာ့ဒါမှလည်း မျှတနေမှာပါ

ဟုတ်​တယ်​ဗျ 😁

ဖတ်လို အရမ်းကောင်းပါတယ်ဗျာ
လူတွေရဲ့ စိတ်ဟာ အမြဲပြောင်းလဲနေတယ် ဆိုတဲ့
အတွေးကို ကျွန်တော်မြင်မိတယ်ဗျာ

ဟုတ်​ကဲ့အကို လူ့ စိတ်​က​မျောက်​စိတ်​လိုပါပဲဗျာ

ကျွန်တော့်ဆရာကအမြဲဆုံးမလေ့ရှိပါတယ်
ကိုယ်ဘယ်အဆက့်ဘယ်အခြေအနေကိုပဲရောက်ရောက်နားကိုလဲတစ်ဖက်ပိတ်မထားနဲ့မျက်လုံးကိုလဲတစ်ဖက်မကန်းစေနဲ့တဲ့

ဟုတ်​ပါတယ်​အကို ဘယ်​​တော့မှတစ်​ဖက်​တည်းမကြည့်​မိပ​စေ့နဲ့ 

ဟုတ်​ပါတယ်​​လေ သူ့ဖတ်က​ကြည့်​​တော့ လက်​ဖဝါး
ကိုယ့်​ဘက်က​ကြည့်​​တော့လက်​ဖမိုး ဒါ​ကြာင့်​ နှစ်​ဦးစလုံးရဲ့ အမြင်​နဲ့ ညိနိုင်းဆုံးဖြတ်​ရမှာ​ပေါ့

မှန်​ပါတယ်​ဗျ နှစ်​ဖက်​အမြင်​နဲ့ ဆုံးဖြတ်​ရမှာပါ

ကျန်တော်လည်း ကျောင်းစတက်တုန်း ညလုံးပေါက်ဆော့ခဲ့သေးတယ်။ အရမ်းပျော်ခဲ့တဲ့အချိန်တွေပေါ့

ဟုတ်​ကဲ့ အကို​ဆော့လို့ကလည်း​​ကောင်းတာကိုး​နော့်

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.17
JST 0.033
BTC 63986.43
ETH 2745.97
USDT 1.00
SBD 2.66