အာဇာနည်နေ့နှင့်ကျွန်တော်

in #myanmar6 years ago

  မင်္ဂလာပါဗျ။ ဒီနေ့ကတော့ ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့ဖြစ်ပါတယ်။ အာဇာနည်နေ့အခမ်းအနားကို ကျွန်တော်နဲ့အတူ ဝန်ထမ်းတစ်ချို့တက်ရောက်ခဲ့ကြပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးများကိုလည်း အလေးပြုခဲ့ပါတယ်။ ဒီလိုအခမ်းအနားကြီးတစ်ခုဖြစ်မြောက်ဖို့အတွက် အဘက်ဘက်ကနေပီးတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။ ပွဲနေ့တစ်ရက်ကတော့ သူ့အချိန် အပိုင်းအခြားနဲ့ ကန့်သတ်ထားတယ်ဆိုပေမဲ့ အဲ့ဒီပွဲကြီး အောင်မြင်စွာဖြစ်မြောက်ရေးနဲ့ ကောင်းမွန်စွာပြီးစီးရေးတွေကိုတော့ ကြိုတင်ပြင်ဆင်ကြရပါတယ်။ ပွဲစဉ်တက်ရောက်ဖို့အတွက် သက်ဆိုင်ရာဋ္ဌာနဆိုင်ရာတွေကို ဖိတ်ကြားရပါတယ်။ ဖိတ်ကြားထားသူတွေလာရောက်တဲ့အခါ အဆင်ပြေစေဖို့အတွက် နေရာထိုင်ခင်းတွေ ပြင်ဆင်ရပါတယ်။ ပွဲပြုလုပ်ကျင်းပရာနေရာတစ်ဝိုက်ကိုလည်း သန့်ရှင်းရေးတွေပြုလုပ်ရပါတယ်။ အန္တရာယ်ကင်းရှင်းရေးတွေလည်းပြုလုပ်ရပါတယ်။ ပွဲပြုလုပ်နေစဉ်မှာလည်း တစ်ခုခုဖြစ်ခဲ့သည်ရှိသော် ကျန်းမာရေးအတွက် လူနာတင်ယာဉ်များနှင့် သူနာပြုဆရာမများလည်း အဆင်သင့်ရှိနေပါတယ်။ ပွဲကိုတက်ရောက်ဖို့ရောက်လာတဲ့ သူတွေရဲ့ မောတော်ယာဉ်တွေကိုလည်း နေရာတကျ စီစဉ်နေရာပေးဖို့အတွက် မောတော်ပီကယ်များလည်း အဆင်သင့်ရှိနေပါတယ်။ လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာ ရဲဝန်ထမ်းများက သူ့နေရာနဲ့သူစောင့်ကြပ်နေကြပါတယ်။ ကျွန်တော်နဲ့ အတူပါလာတဲ့ဖွဲ့ကတော့ အဆင်ပြေတဲ့နေရာတစ်နေရာမှာရှာပီးနေလိုက်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့အတွက်နေရာက ပေးထားပီးသားပါ။ ဒါပေမဲ့ အဲ့ဒီနေရာမှာနေမယ်ဆိုရင် နေအရမ်းပူပါတယ်။


 အဲ့ဒါကြောင့် အဆင်ပြေတဲ့နေရာတစ်နေရာရှာနေလိုက်ပါတယ်။ တစ်ခြားသူတွေကတော့ ထီးကလေးတွေပါလာတာကြောင့် နေရာတာအဆင်ပြေပေမဲ့ ကျွန်တော်တို့ကတော့ ထီးမပါပါဘူး။ အခမ်းအနားမှာလည်း ဋ္ဌာနဆိုင်ရာပေါင်းစုံက ဝန်ထမ်းတွေ အပြင် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများကိုလည်း သူ့အဖွဲ့နဲ့သူ စီစီ ညီညီလေး တွေ့မြင်ရပါတယ်။ အခမ်းအနားကို လာရောက်သူတွေအတွက် ရေသန့်ဗူးတွေလည်း အဆင်သင့်ထားရှိပေးထားပါတယ်။ ရေသန့်ဗူးတွေကို တစ်ယောက်တစ်ဗူးစီ ပေးနေပါတယ်။ အချိုရည်များလည်း သက်မှတ်ထားတဲ့ပုံစံနဲ့ ပေးနေပါတယ်။ ကျောင်းသားကလေးငယ်တွေကတော့ ပြခန်းထဲမှာ သမိုင်းကြောင်းတွေလေ့လာရင်းနဲ့ သူတို့သင်ကြားထားတဲ့ ဘာသာရပ်နဲ့ ကိုက်ညီမှုရှိကြောင်း မရှိကြောင်း တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးတိုင်ပင် ပြောနေကြပါတယ်။ နေကလည်းတော်တော်ပူတယ်ဗျ။ ဒါတောင် မနက်ပိုင်း ၈နာရီပဲရှိသေးတယ်။ နေ့လည်ပိုင်းဆို ပိုပူလောက်တယ်။ ပူတာပေါ့ဗျာ။ ဒီစာရေးနေတာကလည်းနေ့လည်ပိုင်းမှာဆိုတော့ ကိုယ်တွေ့ပူတာပေါ့ဗျာရေးနေရင်းနဲ့။ ကျွန်တော်ကတော့ ဒီလိုရုံးနားရက်မှာ ဘာမှထွေထွေထူးထူး လုပ်စရာတော့မရှိပါဘူး။ အင်တာနက်ကနေ ငွေရကြောင်းလေးတွေပဲ လေ့လာရင်း ကာတွန်းကားလေးဘာလေးကြည့်တာပေါ့ဗျာ။


 ဒီနေ့ အခမ်းအနားတက်တာမှာ ပါတဲ့ အခြား ဝန်ထမ်းတွေကတော့ ရေတံခွန်တောင်ဆိုလား သွားကြမှာတဲ့ လိုက်ခဲ့ပါလားလို့တော့ခေါ်ကြတယ်ဗျာ။ ကျွန်တော်ကလည်း သွားရလာရတာ သိပ်စိတ်မပါတဲ့လူဆိုတော့ မလိုက်ဖြစ်ဘူးလို့ပဲပြောလိုက်တာပေါ့ဗျာ။ ညနေကျရင်တော့ တူမလေးတွေစီကို သွားလည်ပါအုံးမယ်။ သူတို့လည်း သူတို့အမေမရှိတဲ့အခါ အားငယ်နေတတ်ကြတယ်။ သူတို့လေးတွေနဲ့တွေ့ပီး စကားတွေပြော ဟာသတွေပြော တီဗွီဇာတ်ကားထဲက အကြောင်းတွေပြောရင်းနဲ့ အချိန်ဖြုန်းရမှာပေါ့လေ။ ဆွေမျိုးဆိုလို့ သူတို့ပဲရှိတာလေ မန်းလေးမှာက အာ့ကြောင့် အချိန်ပေးရမှာပေါ့ဟုတ်ဘူးလားဗျ။ ဒါနဲ့ ခုနလေးတင်ကပဲ ကျွန်တော်service ပေးနေတဲ့ pos စက်က အသုံးပြုလို့မရလို့ဆိုပီး ဖုန်းဆက်လာပါတယ်။ ကျွန်တော်လည်း ဖြစ်ကြောင်းကုန်စင်အောင်မေးတာပေါ့ဗျာ။ သူက ကျွန်တော့်ကို လာပီးကြည့်စေချင်တာ။ ကျွန်တော်ကကျတော့ တော်ရုံတန်ရုံကိစ္စလောက်တော့ ဖုန်းနဲ့ဖြေရှင်းလို့ရနေတယ်လေ။ သူတို့တွေကသာ လာကြည့်မှအလုပ်လို့ထင်ကြတာ။ ကိုယ်တွေက လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ကတော့ရတယ်။ ဒါပေမဲ့ ဖုန်းနဲ့ဖြေရှင်းလို့ရတဲ့ကိစ္စဆိုရင်တော့ဖုန်းနဲ့ပဲပြောတော့မယ်နော်…. မဟုတ်ဘူးလား။ ဖြစ်တဲ့ကိစ္စကလည်းဗျာ။ Sim card ကို ပြောင်းပြန်ထည့်ထားတာတဲ့ မေးလိုက်တော့။ အဲ့တော့ သုံးလို့ဘယ်ရမှာတုန်း။ ဥာဏ်ကြီးရှင်တွေ ကိုယ်ဘာတွေဘယ်လို လုပ်ထားလည်း အရင်မစစ်ပဲနဲ့ စက်ကသုံးလို့မရဘူး လာကြည့်ပေးပါအုံးကြီးပြောနေကြတာ။ ကျွန်တော်တို့တွေအနေနဲ့ သုံးပုံသုံးနည်းအပြင် ဆောင်ရန်ရှောင်ရန်ကိုပါ သေချာပြောပြထားခဲ့တာ။ မေ့သွားတယ်ဆိုအုံးတော့ အသုံးပြုပုံနဲ့ သတိထားရမဲ့အရာတွေကို စာအုပ်နဲ့ပေးခဲ့တာပါ။ အဲ့ဒီလို မေ့တာတွေဖြစ်မှာမှန်းသိလို့ကိုပေးထားတာ။ သူတို့ကို training ပေးနေတုန်းကတော့ သူတို့သိ သူတို့တတ်ပုံစံနဲ့ သေချာနားမထောင်ဘူးလေ။ ခုလို တစ်ခုခုဖြစ်လာပီဆိုရင်ကျတော့ ကူပါကယ်ပါလုပ်နေတာ။ ပြောတုန်းကသာ သေချာနားထောင်ထားရင် အေးဆေးပဲ။ ဟုတ်တယ်ဟုတ်။  

Writer caesarsupaimin

MSC-025

Sort:  

Sim cardကိုပြောင်းပြန်ထည့်တယ်တဲ့

ပြောစကား နား​မ​ထောင်​ကြတာ​လေ ရိုက်​ ချင်​တာ

This post has received a 0.78 % upvote from @drotto thanks to: @caesarsupaimin.

အာဇာနည်နေ့ အမှတ်တရပေါ့

ဟုတ်​ တယ်​ ဗျ အမှတ်​တ​တွေ မျာကြီးပဲ

အာဇာနည်နေ့ကိုဖြင့် မမေ့အပ်ပါပေ

အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်ကြီးများကိုအလေးပြုခဲ့တာကို လေးစားပါတယ် မေ့နေတဲ့သူတွေကိုကြုံဘူးလို့ပါ

ဟုတ်​တယ်​အကို တစ်​ ချို့ ​တွေ​ပေါ့

အာဇာနည်နေ့ တို့မမေ့

အာဇာနည်နေ့ကိုဖြင့်မမေအပ်ပါသည်

ဟုတ်ပါတယ်ဗျ

အာဇာနည်သူရဲကောင်းများအား ဂုဏ်ပြုလိုက်ပါသည်

ဟုတ်​ဟုတ်​ ဒီ​က​နေ​ပေါ့

simcard ပြေါင်းပြန်ဆိုတော့ကာ 😂

အာ့ပဲ နားမ​ထောင်​ကြတာ​လေ

အာဇာနည်နေ့နှင့်ကျွန်တော်ဆိုတော့ နည်းနည်းလန့်သွားတယ် hee hee

အယ်​ ဘာကို လန့် တာလည်းအကို ရ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 60787.40
ETH 2994.79
USDT 1.00
SBD 3.82