အ​ခြေခံကိုဂရုစိုက်​ပါ

in #myanmar6 years ago (edited)

image

စာသင်​​ကျောင်းဟုဆိုရုံဖြင့်​ ဖြူစိမ်း ဝတ်​စုံဖြင့်​ ပညာများဆည်းပူးသင်​ယူ​လေ့လာ​နေ​သော ​ကျောင်းသား​ကျောင်းသူများကိုသာ တန်းမြင်​မိပါ​တော့သည်​။ ကျွန်ုပ်​တို့ငယ်​စဉ်​ကတည်းက​နေမှ ယ​နေ့အချိန်​ထိစာ​ပေ ပညာများကို​လေ့လာဆည်းပူး​နေသည်​မှာ အားလုံးကိုယ်​​တွေ့ပင်​မဟုတ်​ပါလာဗျာ။ စာ​ပေပညာရပ်​ဟု​ပြောရာတွင်​လည်း အမျိုးမျိုးအဖုံဖုံ​သော စာ​ပေများ များစွာပါဝင်​ပါသည်​။ မိမိတို့၏ ဝါသနာနှင့်​ အားသန်​ရာ နယ်​ပယ်​များသို့​ရောက်​ရှိသွားကြသူများအဖို့​တော့ ထိုဝါသနာပါ​သော ဘာသာရပ်​ကို ​လေ့လာလိုက်​စားကြရသည်​မဟုတ်​ပါလားဗျာ။

စီးပွား​ရေးဆိုလျှင်​လည်း စီးပွား​ရေးအ​တွေးအမြင်​ အ​ရေးအသား အယူအဆ စသည်​များ၊ ကျန်းမာ​ရေးဆိုလျှင်​လည်း ​နေထိုင်​မှု စား​သောက်​မှု အဟာရဓာတ်​များနှင့်​ပက်​သက်​​သော စာ​ပေများကို​လေ့လာရပါသည်​။ ကျွန်​​တော်​တို့ ငယ်​စဉ်​က သင်​ယူ​လေ့လာမှု​တွေက​တော့ ယ​နေ့ချိန်​ခါအတွက်​လိုအပ်​​သော ​လေ့လာသင်​ယူမှုများကို သင်​ယူလို့ရနိုင်​​အောင်​ အ​ခြေခံ အုတ်​မြစ်​များသာဖြစ်​တယ်​။ ထိုအ​ခြေခံအုတ်​မြစ်​များကို သင်​ယူ​လေ့လာပီးမှ အထပ်​မြင့်​သို့ဆက်​လက်​တက်​လှမ်းရန်​ပြင်​ဆင်​ရ​ပေမည်​။ မည်​သည့်​ ပညာရပ်​မဆို အ​ခြေ ခံမှ စ၍​လေ့လာပါလို့အကြံပြုခြင်​ပါသည်​။
17-47-01-learning-and-knowleodge-sharing.png
စားဖိုမှူးကြီးတစ်​​ယောက်​ဖြစ်​လာ​စေရန်​အတွက်​ စားဖို​ဆောင်​တွင်​ရှိ သန့်​ရှင်း​ရေးလုပ်​ငန်းမှစတင်​၍သင်​ယူ​လေ့လာရပါသည်​။ ထိုသို့သင်​ယူ​လေ့လာထားမှသာလျှင်​ သန့်​ရှင်းလတ်​ဆတ်​​သော အစားအ​သောက်​ကို ရရှိပါမည်​။ ယခုလို​ပြောလိုက်​သည့်​အတွက်​ သန့်​ရှင်း​ရေးလုပ်​တာနဲ့ သန့်​ရှင်းတဲ့အစာရပီလားလို့ ​တွေးထင်​စရာဖြစ်​ပါမည်​။ မည်​သို့ပက်​သက်​လည်းဆိုတာက​တော့ ဆက်​လက်​တင်​ပြပါမည်​။ မီးဖို​ဆောင်​ သန့်​ရှင်း​ရေးများကို ​ကောင်းစွာပြုလုပ်​ထားမှသာလျှင်​ မီးဖို​ဆောင်​တွင်းရှိ စားဖိုမှူးများ၊ အစားအ​သောက်​များ၊ အစားအ​သောက်​များပြုလုပ်​ချက်​ပြုတ်​ရာတွင်​အသုံးပြု​သော ပုဂံခွက်​​ယောက်​များ သန့်​ရှင်း​နေ​ပေမည်​။ ထိုမှသာလျှင်​ ချက်​ပြုတ်​သည့်​အခါ အန္တရာယ်​ကင်းရှင်း​သော စဖွယ်​ရာများကိုရရှိလာပါမည်​။ အစားအစာများရရှိလာစဉ်​မှာလည်း အရသာအထူး​ကောင်းမွန်​ပြည့်​စုံ​အောင်​ချက်​ပြုတ်​တတ်​ရန်​လည်းလိုအပ်​ပါသည်​။

ထိုသို့​ပြောရာတွင်​ ကြက်​ဥ​ကြော်​ကို ချဉ်​တဲ့အရသာထွက်​​အောက်​​ကြော်​တတ်​ရန်​မဟုတ်​ပါ သူ့အစားအ​သောက်​နှင့်​သူ့အရသာ ပြည့်​စုံ​ကောင်းမွန်​​နေ​စေရန်​သာဖြစ်​ပါသည်​။ ကြိမ်​ဖန်​များစွာ ချက်​ပြုတ်​လာရင်းကမှ အချက်​အပြုတ်​ ပြင်​ဆင်​ပုံ မီးအနည်းအများ ဟင်းခတ်​အ​မွှေးအကြိုင်​အသုံးပြုမှုအချိုးအဆများ စသည်​တို့ကို သိရှိနားလည်​လာ၍ ပြည့်​စုံ​ကောင်းမွန်​​သော စားဖိုမှူးကြီး ဖြစ်​လာပါမည်​။ ​ပေါင်​မုန့်​ ကိတ်​မုန့်​ ဖုတ်​ခြင်းများသည်​လည်း ထိုနည်း၎င်းပင်​ဖြစ်​ပါသည်​။ ကြိမ်​ဖန်​များစွာ လက်​ရာမ​သေ သပ်​​သော မုန့်​များ၊မီးတူးသွား​သောမုန့်​များမှသင်​ခန်းစာယူ မှတ်​သားထားပီးမှ အနံအရသာနှင့်​ပြည့်​စုံ​သော စားချင်​စဖွယ်​ မုန့်​ကိုရရှိမည်​ဖြစ်​ပါသည်​။
17-46-13-iStock_000017123843Small.jpg
အ​ခြေခံ သ​ဘောတရားများသည်​ မရှိမဖြစ်​ အင်​မတန်​အ​ရေးကြီးပါသည်​။ မိတ်​​ဆွေများအ​နေဖြင့်​ ပညာရပ်​တစ်​ခုခုကို စတင်​​လေ့လာပီဆိုရင်​​တော့ အ​ခြေခံကို ​ကျော်​မသွားရန်​နှင့်​ အ​ခြေခံသင်​ကြားသင်​ယူ​နေချိန်​မှာလည်းသင်​တန်းမလစ်​ကြဖို့အကြံ​ပေးချင်​ပါတယ်​။ ကျွန်​​တော်​ငယ်​ငယ်​တုန်းက ကွန်​ပျူတာသင်​တန်း​တွေ ၃ ခါ​လောက်​တက်​ခဲ့ရပါတယ်​။ ဘာလို့လည်းဆို​တော့ သင်​တန်းလစ်​လစ်​​နေလို့ စာမရလို့ စာ​တွေ​မေ့ကုန်​လို့ပါ။ ကျွန်​​တော့လိုမဖြစ်​​စေချင်​တာရယ်​။ ခုဒီစာကိုဖတ်​​နေသူများအ​နေနဲ့လည်း ပညာရပ်​တစ်​ခုခုကို​လေ့လာ​နေကြမှာအမှန်​ပဲမို့ အကြံ​ပေးသတိ​ပေးရခြင်းဖြစ်​ပါတယ်​။ မိမိမှာသင်​ယူဖို့ အခွင့်​အ​ရေးမရှိတာမဟုတ်​ပါ။ မိမိကိုယ်​တိုင်​ အခွင့်​အ​ရေးကို အမိအရမဆွဲကိုင်​ထားလို့ပါ။

ခုဆိုရင်​​တော့ သင်​တန်းတစ်​ခု ဒါမှမဟုတ်​ပညာရပ်​တစ်​ခုကို​လေ့လာမယ်​ဆိုရင်​ အ​ခြေခံကိုမှတ်​သားတာ​တွေ​သေချာလုပ်​ဖြစ်​ပါတယ်​။ အလွဲအမှားများမဖြစ်​​အောင်​လည်းဂရုစိုက်​ပါတယ်​။ လူသားဖြစ်​​သော​ကြောင့်​လည်း အလွဲအမှားများရှိ​နေမြဲပါပဲ။ မများ​အောင်​​တော့ဂရုစိုက်​ရတာပါပဲ။ ​အောင်​မြင်​မှုရဖို့အတွက်​အ​ခြေခံသ​ဘောတရားများက​တော့ အဓိကအရင်းအမြစ်​​တွေသာဖြစ်​ပါတယ်​။ အရင်​တုန်းက​ရေးဖူးတဲ့ပို့စ်​တစ်​ခုရှိပါတယ်​မိမိဝါသနာနဲ့ တိုးတက်​​အောင်​လုပ်​ခြင်းပါ။ ဝါသနာကိုမ​မေ့ပါနဲ့ စိတ်​ဝင်​စားတာကိုမ​ဖြောက်​ဖျက်​ပါနဲ့ ထပ်​ခါထပ်​ခါ ​လေ့ကျင့်​​လေ့လာခြင်းဖြင့်​ ကျွမ်းကျင်​​သောပညာရှင်​များဖြစ်​လာကြမှာပါ။ အားလုံးကို​လေးစားလျက်​ပါ။

Written by caesarsupaimin
MSC-025
Photo from google search

Sort:  

အဓိက အရေးကြီးတာ အခြေခံပါ အခြေခံမကောင်းရင်ပညာလည်း မကောင်းပါဘူး ပညာကောင်းပြီး အခြေခံမကောင်းရင်လည်း မရပါဘူး တစ်ချို့ တွေပညာသာကောင်းတယ် အခြေခံမကောင်းတော့ ပညာတတ်ပြီးတော့ အီးပေါလောကြီးဖြစ်နေတယ်

ဟုတ်ပါတယ်ဗျ အီးပေါလောကြီးဖြစ်ကုန်ရော

Btw thank you 😁

ဘာပညာဘဲဖြစ်ဖြစ် အခြေခံပိုင်နိုင်တာအကောင်းဆုံးပါ

Hote par tal bro

Basic is always main

အခြေမခိုင်က မအောင်မြင်နိုင်ပါ

မှန်ပါတယ် အဆောက်အဦးတောင်မှ အခြေခိုင်မှရေရှည်တည်မြဲမှာပါ

ဟုတ်​တယ်​အစ်​ကို​ရေ​အ​ခြေခံ​ကောင်းမှပညာဆိုတဲ့အရသာကိုသိရတာဗျ

ဟုတ်ပါတယ်ဗျ

We always should take care of our basic.

that's right bro

အသိပညာတွေမျှဝေပေးလို့ ကျေးဇူးပါခင်ဗျ။

ဟုတ်ကဲ့ အကိုကျေးဇူးပါဗျ

အစကောင်း မှ အနှောင်းသေချာ သလို
Foundation ကောင်းမှလည်း အဆောက်အဦးတစ်ခုဟာ
ခိုင်မာနေမှာပါ ။

မှန်ပါတယ်ဗျ

သက်လေးဆယ် ခြောက်ပစ်ကင်း
လုတိုင်းကအမှားနဲ့ မကင်းနိုင်ဘူးဗျာ
မိမိဝါသနာပါရာကို အရင်းခံပြီး ကြိုးစားမှုလုံ့လဝီရိယ ပေါင်းဖက်လိုက်ရင် အောင်မြင်မှုရရှိမှာ မလွဲမသွေပါ

ဟုတ်ပါတယ်ဗျ

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 61065.80
ETH 2610.29
USDT 1.00
SBD 2.53