A+ အ​ကြောင်း

in #myanmar6 years ago (edited)

image
မင်္ဂလာပါဗျ။ဒီထဲမှာရှိကြတဲ့သူတွေအားလုံးလည်း ကွန်ပျူတာကို အခြေခံရှိထားပီးကြသူတွေရှိမှာပါဗျ။ အဲ့လိုကွန်ပျူတာကို အခြေခံရှိထားပီးတော့ အမြဲမထိတွေ့မိတာတွေ၊ မိမိ လုပ်တဲ့ လုပ်ငန်းနယ်ပယ်မှာ ကွန်ပျူတာကို တွင်တွင်ကျယ်ကျယ် အသုံးပြုမှုမရှိတာတွေဆိုရင် ကွန်ပျူတာအကြောင်းကိုမေ့တာတွေ မမှတ်မိတာတွေ မလုပ်တတ်တော့တာတွေဖြစ်ပါလိမ့်မယ်။ အခု ကျွန်တော် ကွန်ပျူတာအခြေခံကိုလွန်ပီးတော့ A+ အကြောင်းကို မျှဝေပေးခြင်ပါတယ်။ ကျွန်တော်က A+ ကို သင်ကြားပေးနေတဲ့ ဆရာတစ်ယောက်မဟုတ်ပါဘူး။ ကွန်ပျူတာကို အရမ်းတော်နေတဲ့သူလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်ပြောပြပေးတဲ့ A+ အကြောင်းလေးကို ဖတ်မိပီးတော့ မိတ်ဆွေများအတွက် A+ နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ပညာတွေ ရစေချင်လို့ပါ။ ထားပါတော့ ကိုယ်က A+ သင်တန်းမတက်ထားဘူး ဆိုရင်တောင်မှ ကျွန်တော်ရေးပြတဲ့ဒီ A+ အကြောင်းကို ဖတ်ထားမယ်ဆိုရင် အနည်းနဲ့ အများ မိမိရဲ့ ကွန်ပျူတာကို ပြုပြင်ထိန်းသိမ်းတာတွေ အဆင့်မြှင့်တင်တာတွေလုပ်ဆောင်နိုင်ပါလိမ့်မယ်။

A+ ကတော့ IT လောကမှာ အခြေခံ Foundation ကျပါတယ်ဗျ။ ဘာလို့လည်းဆိုရင် A+ course / A+ ကို ပိုင်နိုင်ထားပီဆိုရင် ကွန်ပျူတာတစ်လုံးကို စိတ်ကြိုက် ဖြုတ်၊ တပ် တာတွေတင်မကပဲ မိမိ မြှင့်တင်ခြင်သော system အစိတ်အပိုင်းများကို ပြင်ဆင် တပ်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒါတွေတင်မကပဲ Network Engineering တွေ System Engineering တွေကိုလည်း အလွယ်တကူသွားလို့ရပါတယ်။ System error ပိုင်းများ၊ Group Policy ပိုင်းများ၊ Operating System ပိုင်းများ၊ Registery Error ပိုင်းများကို ဒီ A+ ထဲမှာ လေ့လာရမှာဖြစ်လို့ ဒီ A+ ကို မသိထားဘူး မတတ်ထားဘူးဆိုရင် နောက်ပိုင်းမှာ အဆင်မပြေမှုများ ဖြစ်လာနိုင်ပါတယ်။

ခုဆိုရင် လူတိုင်း ကွန်ပျူတာဆိုတာကို ကြားဖူးကြမှာပါ။ အသုံးလည်း ပြုဖူးကြမှာပါ။ ဒါပေမဲ့ ကွန်ပျူတာ ဆိုတာ ဘယ်လိုအရာကြီးလည်း၊ ဘာလုပ်တဲ့ဟာကြီးလည်း လို့ မေးလိုက်မယ်ဆိုရင် အနည်းငယ်ကြောင်သွားတာတို့၊ ကွန်ပျူတာက ကွန်ပျူတာပဲလေ လို့ပြန်ဖြေတာတို့၊ ကွန်ပျူတာဆိုတာ electronice device (လျှပ်စစ်ပစ္စည်း) လေလို့ ပြန်ဖြေတာတွေ ရှိတတ်ပါတယ်။ ဟုတ်ပါတယ် ကွန်ပျူတာက ကွန်ပျူတာပါ၊ လျှပ်စစ်ပစ္စည်းဆိုလည်း မှန်ပါတယ်။ လျှပ်စစ် စီးဆင်းပီးမှ အလုပ်လုပ်လို့ရတဲ့အရာမို့လို့ပါ။ ဒါပေမဲ့ လျှပ်စစ် ပစ္စည်းတိုင်းကတော့ ကွန်ပျူတာ မဟုတ်ပါဘူးဗျ။ ဘာလို့လည်းဆိုရင်တော့ ကျွန်တော်တို့ရဲ့ ပတ်ဝင်းကျင်မှာရှိတဲ့အရာတွေကို ကြည့်လိုက်ပါ။ ပန်ကာ (လျှပ်စစ်ပစ္စည်းပါ)၊ aircon (လျှပ်စစ်ပစ္စည်းပါ)၊ TV( လျှပ်စစ်ပစ္စည်းပါ)၊ water cooler (လျှပ်စစ်ပစ္စည်းပါ) ဒါပေမဲ့ အဲ့ဒါတွေက ကွန်ပျူတာမဟုတ်ပါဘူး။

ကွန်ပျူတာဆိုတာဘာလည်းလို့ မေးလာတဲ့အခါ သို့မဟုတ် မေးခွန်းထုတ်လာတဲ့အခါ ဖြေဖို့နဲ့ သိထားရမဲ့၊ နားလည်ရမဲ့ အသိပညာကို ပြောပြပါမယ်။ ဒါလေးကိုတော့ သေချာလေးမှတ်ထားပေးပါ။ ကွန်ပျူတာဆိုတာ ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်တွေကို သိမ်းဆည်းထားနိုင်ရမယ်၊ နောက်ပီး လိုအပ်တဲ့အချိန်မှာ ပြန်ထုတ်ပေးနိုင်ရပါမယ်၊ ပြန်ထုတ်ပေးတဲ့ အခြေအနေမှာလည်း မြင်ကွင်းနဲ့ ပြသပေးတာလား( Monitor တွင်မြင်ရခြင်းကိုဆိုလိုပါတယ်)၊ အသံအနေနဲ့ ပြန်လည်ထုတ်ပေးတာလား(ကွန်ပျူတာမှာတပ်ဆင်ထားတဲ့ speaker များ)၊ နောက်ပီး အားလုံး သိပီးသားဖြစ်မဲ့ data storage device ( Memory stick/ Hard Disk/ CD/DVD) တွေနဲ့ ပြန်လည်ကူးယူတဲ့အခါမှာ ထုတ်ပေးနိုင်ရပါမယ်။ နောက်ပီး တွက်ချက်မှုလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ရပါမယ်။ ဥပမာ- ကျွန်တော်တို့ နံပါတ် 1 နဲ့ နံပါတ် 2 ပေါင်းခြင်းက ဘာရလည်း 3 အဲ့လို တွက်ချက်မှုတွေကို လုပ်ဆောင်နိုင်ရပါမယ်။ အဲ့ဒီလို တွက်ချက်ပေးနိုင်တဲ့၊ ပြန်လည် ထုတ်ပေးနိုင်တဲ့၊ ပြန်လည် ထုတ်ပေးခြင်းကို လုပ်ဆောင်ပေးနိုင်တဲ့ လျှပ်စစ်ပစ္စည်းကိုမှ ကွန်ပျူတာလို့ခေါ်တာပါဗျ။ ဒါဆိုကွန်ပျူတာကို နားလည်မယ်ထင်ပါတယ်ဗျ။ ဒါဆိုရင် အတိုချုပ်မှတ်ဖို့ရန်ကတော့ data import/ data output/ data saving / data process and electronic devices is called computer လို့ မှတ်သားထားနိုင်ပါတယ်။

ကွန်ပျူတာတွေကို အမျိုးအစားခွဲခြားထားပါတယ်။ အောက်ပါပုံအတိုင်းပါပဲ။ Type အနေနဲ့ဆိုရင် ၃မျိုးပါ။ Analog/ Digital/ Hybrid ဆိုပီးဖြစ်ပါတယ်။ သူရဲ့ Size အရွယ်အစားနဲ့ပြောမယ်ဆိုရင်တော့ Micro/ Mini/ Mainframe/ Super ဆိုပီးဖြစ်ပါတယ်။ By Purpose ကတော့ General Purpose နဲ့ Special Purpose ဆိုပီး ခွဲထားပါတယ်ဗျ။ Type ဆိုတာကတော့ ကွန်ပျူတာ system တွေက ဘယ်လိုနည်းပညာနဲ့ အလုပ်လုပ်တာလည်းဆိုတာကိုပြောတာဖြစ်ပါတယ်။ Analog ကတော့ အနိမ့်ဆုံး system ပါ ပထမဆုံး ကွန်ပျူတာတွေ စတင်ပေါ်ပေါက်လာခဲ့တုန်းက Analog နည်းပညာနဲ့ အသုံးပြုခဲ့တာဖြစ်ပါတယ်။ နောက်ပီးတော့မှ Digital system တွေ Hybrid system တွေကို တိုးတက်ပြောင်းလဲ လာခဲ့တာဖြစ်ပါတယ်။ Analog system ကိုဘယ်မှာသုံးတာလည်းဆိုရင် ကွန်ပျူတာတွေပေါ်ခဲ့တဲ့ Mini computer တွေမှာ Analog system ကိုသုံးပါတယ်။ Micro computer မှာ Digital system နည်းပညာကိုသုံးပါတယ်။ Mainframe နဲ့ Super ကတော့ Ddigital လည်းဟုတ်သလို Hybrid လည်း ဟုတ်ပါတယ်။ Mini နဲ့ Micro ကတော့ General Purpose ပါ။ ယေဘုယျအားဖြင့် လူတိုင်း နီးနီး အသုံးပြုနေတဲ့ နည်းပညာတွေဖြစ်ပါတယ်။ Mainframe နဲ့ Super ကတော့ Special purpose ဖြစ်ပါတယ်။ ကွန်ပျူတာ system တွေမှာ သီးသန့် ထုတ်လုပ်ထားတဲ့အရာတွေဖြစ်ပါတယ်။
image

Mini computer. Mini computer လို့ဆိုလိုက်​တာနဲ့ ကွန်​ပျူတာ​သေး​သေး​လေးလို့ထင်​မိပါလိမ့်​မယ်​။ ဒါ​ပေမဲ့ Mini computer ​တွေ​ပေါ်​ပေါက်​ခဲ့တုန်းက အရွယ်​အစား​သေး​သေး​လေးနဲ့​ပေါ်​ပေါက်​ခဲ့တာမဟုတ်​ပါဘူးဗျ။ အရွယ်​အစားကြီးကြီးမားမားနဲ့​ပေါ်​ပေါက်​ခဲ့တာဖြစ်​ပါတယ်​။ သူ့မှာကြီးမားတဲ့ storage device ကြီး​တွေပါရှိပါတယ်​။ဒါ​ပေမဲ့ data ပမာဏက​တော့ storage device အရွယ်​အစားနဲ့မလိုက်​​အောင်​ကိုနည်းပါးပါတယ်​။ အဲ့လိုနည်းပါးတယ်​ဆိုပီး​တော့လည်း အထင်​မ​သေးပါနဲ့ဗျ။ဘာလို့လည်းဆို​တော့ သူ့​ခေတ်​ သူ့ခါတုန်းက​တော့ ​ဈေးအကြီးဆုံး နာမည်​အကြီးဆုံးကွန်​ပျူတာဖြစ်​ခဲ့ပါတယ်​ဗျ။ ​နောက်​ပီး သူက လုပ်​​ဆောင်​ချက်​တစ်​ခုကိုပဲလုပ်​​ဆောင်​နိုင်​ပါတယ်​။ ခုကျွန်​​တော်​တို့​တွေအသုံးပြု​နေတဲ့ ကွန်​ပျူတာ​တွေက အလုပ်​လုပ်​ရင်း သီချင်းနား​ထောင်​တာတို့ စတဲ့ multi လို့​ခေါ်တဲ့ လုပ်​​ဆောင်​ချက်​ တစ်​ခုမကတဲ့လုပ်​​ဆောင်​ချက်​​တွေကို ပြုလုပ်​နိုင်​ပါတယ်​။ Mini computer က​တော့ လုပ်​​ဆောင်​ချက်​တစ်​ခုတည်းကိုပဲ လုပ်​​ဆောင်​နိုင်​ပါတယ်​။ ​နောက်​ပီး လုပ်​ငန်းကို တိတိကျကျ အ​လေအလွင့်​မရှိလုပ်​နိုင်​ပါတယ်​။ ဘယ်​လိုလည်းဆိုရင်​ အဲ့ဒီကွန်​ပျူတာကို configuration ချ​ပေးတဲ့လူက မနက်​၉နာရီက​နေ ၁၀နာရီကို စာစီစာရိုက်​အလုပ်​ကို လုပ်​ဖို့ configuration ချထားမယ်​ဆိုရင်​ အဲ့ဒီအချိန်​အတွင်း စာစီစာရိုက်​ကလွဲပီး ဘာမှလုပ်​လို့မရပါဘူး။ ပီး​တော့ ၁၀နာရီက​နေ ၁၁နာရီထိမှာ ပုံဆွဲဖို့ configuration ချထားမယ်​ဆိုရင်​ အဲ့ဒီအချိန်​အတွင်းမှာ ပုံပဲဆွဲလို့ရပါမယ်​။စာစီစာရိုက်​အသုံးပြုလို့မရပါဘူး။ အဲ့ဒီ​တော့ အလုပ်​ကို အချိန်​နဲ့ တိကျစွာလုပ်​​ဆောင်​နိုင်​ပါတယ်​။ ​နောက်​ပီး ည​နေအလုပ်​ဆင်းလို့ ည​နေ၅နာရီမှာ ဘာလုပ်​ငန်းမှ​ပေးမသုံး​တော့ဘူးဆိုရင်​လည်း ဘယ်​သူမှ ဘာမှဆက်​လုပ်​လို့မရ​တော့ပါဘူး။ အဲ့လိုမျိုးကွန်​ပျူတာဟာ Mini computer ဖြစ်​ပါတယ်​။

Credit image link(http://www.technikum29.de/shared/photos/rechnertechnik/dec/lab8e)
Writer caesarsupaimin
MSC-025

Sort:  

Mini computerနဲ့ စတင်လိုက်ပြီပေါ့
စတင်ပေါ်ပေါက်လာတုန်းက ကွန်ပျူတာမျိုးဆို အခုလုပ်ဆောင်ပုံ အလုပ်အများကြီးထည့်ထားရမယ်ဆိုရင်
အိမ်တစ်လုံးစာကွန်ပျူတာမှရမယ်ထင်တယ်နော😁

ဟုတ်​ တယ်​ အကို အဲ့ တုန်း က ကွန်​ ပျူတာ​တွေ ကအကြီးကြီး​တွေ ဗျ

သေသေချာချာ လေ့လာထားတာပဲဗျ ... အတော်စုံလင်ပါတယ်

ဟုတ်​ကဲ့​ကျေးဇူးပါဗျ တတ်သ​​လောက်​ မှတ်သ​​လောက်​​လေးပါ ဗျ

Loading...

ကွန်ပျူတာက ကလေးတွေ ကစားတဲ့အရာလား ? ဗျာ ဟီးးစတာနော်

စိတ်ကူးကောင်းပါတယ်ဗျာ ကျွန်တော်တို့ ကွန်ပျူတာ
မသုံးတတ်သေးတဲ့ လူတွေအတွက် နောင်အချိန် သုံးဖြစ်ရင်
သိထားသင့်တဲ့ အကြောင်းအရာတစ်ခုဆိုရင် မမှားပါဘူးဗျာ

က​လေ​တွေ​ပေးကစား လို့​တော့ရတယ်​ ပျက်​မလား မပျက်​ဘူးလား​တော့ အာမ မခံဘူး အကို 😁

အခန်းမှာ ကွန်ပြူတာတစ်လုံးရှိတယ်(အိုနေပြီ)    ကိုအယ်ဒိုရေ..😁

အိုနေပီနောက်က မမြင်ရတော့ဘူးကိုလင်းရေ....................

အာ့တွေသိချင်နေတာ့အတော်ပဲ

ဟုတ်​ကဲ့ အကို တတ်​နိုင်​ ​လောက်​​ရေးထားတာပါဗျ

နည်းပညာတွေကတော့ တတ်ထားလေ ကောင်းလေပါပဲ

မှန်​ပါ တယ်​ဗျ

Hi i am Roman khan now upvote you....

Share လုပ်ပေးတဲ့အတွက်ကျေးဇူးပါ

ဟုတ်ကဲ့ ရပါတယ်ဗျ

ကွန်ပျူ ကောင်းကောင်းသုံးတက်ဖို့ လေ့လာနေပါတယ်ဗျ

ဟုတ်ကဲ့ဗျ။ အထောက်အကူဖြစ်စေတယ်ဆိုရင် ဝမ်းသာပါတယ်ဗျ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63184.34
ETH 2560.17
USDT 1.00
SBD 2.72