မိန်းကလေးတို့ အသားအရေ လှပအောင် ပြုပြင် ထိန်းသိမ်းကြရအောင်....

in #myanmar6 years ago

မင်္ဂလာပါရှင်....
ကျွန်မ ..အသားအရေထိန်းသိမ်းတာနဲ့ ပတ်သက်ပီး မျှဝေချင်တာလေး ၁ခုပါ....ရှင်
အခုခေတ်မှာ အရမ်းကို တိုးတက် ပြောင်းလဲ လာပါပီ...ကျွန်မတို့ ငယ်ငယ်ကဆို မျက်နှာသစ်ရင် Paris ကိုယ်တိုက်ဆပ်ပြာခဲ နှင့် မျက်နှာသစ်ခဲ့ရသည်....သနပ်ခါး လိမ်းခဲ့ရသည်...မိတ်ကပ် ဆိုလျှင်Arche(အာချီ)သာ ရှိသည်...ခုဆိုလျှင် brand တံဆိပ်ပေါင်း များစွာနှင့် ပုံစုံမျိုးစုံ ထုတ်လုပ်လာကြသည်....make up မျိုးစုံ skin care မျိုးစုံ ထုတ်လုပ်လာကြသည်.... မိန်းကလေးတိုင်း နီးပါး make up လိမ်းလာကြသည်....ပြင်ဆင်လာကြသည်...တစ်ချို့ ယောကျာ်းလေး များပါ skin care များ လိမ်း၍ အသားအရေ ဂရုစိုက်လာကြသည်...
image
နေလောင်ဒဏ် လေဒဏ် ဖုန်ဒဏ် ကာကွယ်လာကြသည်....တစ်နေကုန် နေပူထဲ ဖုန် သဲ များက အသားအရေကို ထိခိုက်စေသည်...ပျက်စီးစေသည်...ချွေးပေါက်များပိတ်၍ ဝက်ခြံ ဆားဝက်ခြံ အဆီကြိတ်များ အမဲစက်များ ဖြစ်လာစေသည်...ထို့ကြောင့် ဝက်ခြံ, ဆားဝက်ခြံ, အမဲစက်များ မဖြစ်စေရန် မျက်နှာကို မနက်တိုင်း ညတိုင်းသေချာစွာ သန့်စ့်စင်ပေးရန် လိုအပ်ပါသည်....အခုခေတ် မိန်းကလေးတိုင်းလိုလို...အလှအပရေးရာကို စိတ်ဝင်စားလာကြသည်.....လှအောင် ပအောင် ပြင်ကြ ဆင်ကြသည်.....make up foundation, eye brow, eye shadow, eye liner, mascara, lip stick မျိုးစုံစွာ သုံးစွဲလာကြသည်....ထို့ကြောင့် အသားအရေကို ပို၍ ဂရုစိုက်ရန် လိုအပ်လာပါသည်....ညတိုင်း မနက်တိုင်းမှာ သေချာစွာ သန့်စင်ပေးရန်လိုအပ်ပါသည်....
သန့်စင်သည့် အခါမှာလည်း မျက်နှာ သစ်ဆေး ၁မျိုး တည်းနှင့် မလုံလောက်ပါ.....
တစ်နေကုန် မျက်နှာပေါ်တွင် cosmetic မျိုးစုံတင်၍ နေထဲ လေထဲ သွားလာလှုပ်ရှားရသည်.....အသားအရေ မထိလိုက် မပျက်စီးစေရန် မျက်နှာအသားအရေကို သေချာစွာ ဂရုစိုက်ရန် ပိုမိုအရေးကြီးလာပါသည်.....
အခုခေတ်မှာ ဆိုလျှင် facial cleanser, facial foam, scrub ကဲ့သို့ မျက်နှာ သန့်စင်ရန် ပုံစံအမျိုးမျိုးနှင့် ထုတ်လုပ်လာကြသည်....
image
Make up မျိုးစုံ လိမ်းခြယ်ထားသော မျက်နှာကို သေချာစွာ သန့်စင်ရန် ပထမဦးဆုံး လိမ်းခြယ်ထားသော မိတ်ကပ်များကို Make up removal ဖြင့် သေချာစွာ ဖယ်ရှာပေးရန် လိုအပ်ပါသည်....make up removal ကို ပုံစံမျိုးစံဖြင့် ထုတ်လုပ်လာကြသည်....မိမိနှစ်သက်ရာ ပုံစံကို ရွေးချယ်၍ အသုံးပြုနိုင်ပါသည်....
Cleansing Milk, Cleansing water, Cleansing cream စသဖြင့် ဈေးကွက်ထဲတွင် အမျိုးအစားစုံလင်စွာ တွေ့ရပါသည်.....
Cleansing cream နှင့် milk ကို အသုံးပြုရာတွင်မျက်နှာကို ရေအနည်းငယ်ဖြင့် စိုစွတ်စေပြီး....cream သို့မဟုတ် milk အနည်းငယ် ကို ယူ၍ လက်ဖဝါး နှစ်ဖက်ဖြင့် စက်ဝိုင်းပုံလှည့်လည်၍ ညင်သာစွာ ၂မိနစ်ခန့် နှိပ်နယ်ပေးရပါမည်.... ပြီးလျှင် တစ်သျှူးအနုဖြင့် အသာအယာဖယ်ရှားပေးရပါမည်....ပြီးမှသာ မျက်နှာသစ်ဆေး Facial Foam ဖြင့် သေချာစွာ ဆေးကြောပေးရပါမည်....
Cleansing water အသုံးပြုမည် ဆိုပါက....toner ဂွမ်းကို cleansing water ဖြင့် စိုစွတ်စေ၍ မျက်နှာအနှံ့ ညင်သာစွာ ဆွဲယူ၍ မိတ်ကပ်များကို ဖယ်ရှားပေးရပါမည်....မျက်လုံးတစ်ဝိုက်ကို ဂရုစိုက်၍ အညင်သာဆုံး ပြုလုပ်ရပါမည်....ပြီးမှ Facial foam ဖြင့် သေချာစွာ ဆေးကြောသန့်စင် ပေးရပါမည်....အကယ်၍ မျက်နှာသစ်ရန် အဆင်မပြေပါက cleansing water အမျိုးအစားကို ရွေးခြယ်၍ သုံးစွဲ သင့်ပါသည်....
image
Skin Type.....
Sensitive skin နှင့် Dry skin ရှိသော အသားအရေမျိုးသည်....cleansing cream သို့မဟုတ် milk အမျိုး အစားကို ရွေးချယ်၍ သုံးစွဲသင့်ပါသည်....
Oily skin ဖြစ်သော အသားအရေများသည် cleansing water အမျိုးအစားကို ရွေးချယ်၍ သုံးစွဲသင့်ပါသည်....
အမျိုးသမီးများပါမက အမျိုးသားများပါ...အသားအရေကို အထူးဂရုစိုက်ရန် အရေးကြီးလှပါသည်....ထိုအထဲမှ မျက်နှာ သန့်စင်ခြင်းနှင့်ပတ်သက်သော အချက်တစ်ချို့ကို မျှဝေလိုက်ပါသည်.....ကျွန်မစာကို ဖတ်၍ အသားအရေ ဂရုစိုက်ကြပြီး လှပကျန်းမာသော အသားအရေကို ပိုင်ဆိုင် နိုင်ကြမည်ဟု မျှော်လင့်မိပါသည်.....လိုအပ်သည်များ ရှိပါလျှင်လည်း ဝေဖန်ပေးကြပါဦးရှင်....ကျေးဇူးတင်ပါတယ်ရှင်....ကျွန်မ ပုံ့ပုံ့ပါ.....

Sort:  

Boy တွေ မပါဘူးပေါ့
အဲ့လိုလား
😂😂😂

အဲလို မဟုတ်ပါဘူးရှင် ယောင်္ကျားလေးတွေကျတော့ မျက်နှာတောင် ဂရုတစိုက် သစ်ကြတာ ရှားတယ်...အခုလို cleansing လုပ်တာဆို ပိုဆိုးပေါ့...အဲ့ဒါကြောင့် မိန်းကလေးတွေကို ဦးစားပေးပီး ရေးဖြစ်သွားတာပါ...😃😃

Congratulations! This post has been upvoted from the communal account, @minnowsupport, by boomboombam from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 62907.89
ETH 3379.73
USDT 1.00
SBD 2.50