ရှင်သန်ရာဘ၀များ(၃)

in #myanmar7 years ago (edited)

Food-waste.jpg

ချိုင်းထောက်နှင့်လူကြီးနောက်တွင်တော့ လူရွယ်တစ်ယောက်အားတွဲခေါ်လို့လာသော ကလေးငယ်လေးကိုတွေ့ရပြန်သည်
ကလေးငယ်မှာ ရှစ်နှစ်ကိုးနှစ်ခန့်အရွယ်ဖြစ်သည်။ ကလေးငယ်ကရှေ့မှဦးဆောင်လျှက်လျှောက်၏ ။နောက်မှလိုက်ပါလာသော လူရွယ်
အသက်လေးဆယ်ခန့်ရှိပေမည်။ လမ်းလျှောက်သောအခါ ဦးခေါင်းအား အပေါ်သို့အနည်းငယ်မော့လျှက်လျှောက်၏။
ကလေးငယ်ကစကားပြောလျှင်လက်ကိုဆောင့်ဆွဲရသည။် ထိုအခါထိုလူရွယ်သည်ဦးခေါင်းအားကလေးငယ်မှီလောက်သာ
အနေအထားသို့ရောက်ရန် ခါးအတန်ငယ်ညွှတ်လျှက်ပေး၏။ အပြန်အလှန်စကားများပြောရင်း တရွှေ့ရွှေ့နှင့် နှစ်ယောက်သားလျှောက်လို့သွားနေ၏။ အပေါ်သို့သာ ဦးခေါင်းမော့လျှက်နေရခြင်းသည်ကား ထိုသူ၏ မျက်စိနှစ်ကွင်းသည် မျက်တွင်းများ
ဟောက်ပတ်နှင့်ဖြစ်လေသည်။ မျက်လုံးမျက်စံများမရှိချေ။
သြော် မျက်မှန်အနက်လေးတစ်လက်တောင် တပ်ထားဖို့
အဆင်မပြေဘူးထင်ပါတယ်။ဘေးမှမြင်ရသူအဖို့ အလွန်စိတ်မသက်သာစရာမြင်ကွင်းပင်ဖြစ်လေသည်။

28poor6.jpg

ထို့နောက်တွင်တော့ လူရွယ်လေးတစ်ဦးသည်ခြေနင်းသုံးဘီးဆိုက်တွဲအဟောင်းလေးကို လေးလေးမှန်မှန်နှင့် နင်းလာလေသည်။ခြေနင်းချိန်းစပေါ့ကပ်များမှာ ဆီငတ်နေသည့်အတွက် ရှေ့သို့တစ်ကြိမ်အားပြုနင်းလိုက်တိုင်း တဂျီဂျီနှင့်မြည်လေ
သည်။ဆိုက်တွဲလေးမှာ အင်မတန်အိုဟောင်းနေပြီဖြစ်သည်။
ဆေးရောင်းများမရှိ ညိုညစ်ညစ်သံချေးများတက်လျှက်ရှိလေ
သည်။ဆိုက်တွဲနင်းသောလူရွယ်လေးသည် အတန်ငယ်ရှည်လျှားသောဆံပင်များကို ရှေ့သို့ချကာ မျက်နှာတစ်ခြမ်းအုပ်လို့ထားလေသည်။အမှန်တကယ်တော့ လှချင်လွန်းလို့ဆံပင်အရှည်ထားကာစတိုင်လုပ်ခြင်းမဟုတ်ပါပေ။ ဆိုက်တွဲနင်းသောခြေထောက်တစ်ဖက်သည်အတော်ပင် သိမ်လှီလျှက်ရှိလေသည်။ ငယ်စဉ်ခါက ယဉ်တိုက်မှုတစ်ခုတွင်ပါဝင်သွားကာ မျက်နှာတစ်ခြမ်း နှင့်ခြေတစ်ဖက်ပျက်စီးသွားခဲ့ခြင်းဖြစ်လေသည်။

2014-02-07-poverty.jpg

လူရွယ်နင်းလာသော ဆိုက်တွဲပေါ်မှာတော့ အသက်ခုနှစ်ဆယ်ခန့် အမယ်အိုတစ်ဦးလိုက်ပါလာလေသည်။ ထိုအမယ်အိုကြီးသည် နေ့စဉ်နေ့တိုင်းပင်ထိုဆိုက်တွဲလေးပေါ်မှစီးနင်းလိုက်ပါသွားလေ့ရှိသည်။လေဖြန်းထားသည့်အတွက် အမယ်အိုအား တဲအိမ်လေးအတွင်းတစ်ယောက်တည်းထားခဲ့လို့ကမဖြစ်ပါ။ ပြုစုစောင့်ရှောက်မည့်သူမရှိ။အမယ်အိုအတွက် စားရေးသောက်ရေးနှင့် အလေးအပင်သွားရန်တို့အတွက် လုပ်ကိုင်ပေးမည့်သူမှာ ထိုလူရွယ်လေးသာဖြစ်ချေသည်။ အတက်ပညာနှင့်အသိုင်းအ၀န်းဆိုသည်က သူ့လိုငယ်စဉ်ကပင် မသန်မစွမ်းဖြစ်နေသူအတွက် အလှမ်းဝေးကွာလွန်းခဲ့သည်။ သူ့အပေါင်းသင်းမိတ်ဆွေများသည်ကား သူ့လိုပင်ဒုက္ခသုက္ခ အခက်အခဲကိုယ်စီနှင့်ပင်ဖြစ်ကြသည်။ သူ့ကို ကိုယ်ကမကူနိုင်သလို ကိုယ့်ကိုလည်းသူမကယ်နိုင်ကြ။ မိမိအရေးကိစ္စ မိမိသာလျှင် အဆင်ပြေအောင်ဖြေရှင်းရမည်သာ။အမယ်အိုနှင့် သူ့အတွက်နေ့စဉ် နေထိုင်စားသောက်ရေးအတွက် သူစွမ်းဆောင်နိုင်သည့်အလုပ်ကလေးရှိရာသို့ မသွားမဖြစ်သွားရသည်။အမယ်အိုအား သူသွားလေရာခေါ်ဆောင်သွားခြင်းဖြင့် အလုပ်လည်းမပျက် အမယ်အိုအားမျက်စိအောက်မှာတင် ပြုစုစောင့်ရှောက်နိုင်မည်ဖြစ်လို့ သူသွားလေရာသို့ ဆိုက်တွဲလေးပေါ်တင်ကာခေါ်ဆောင်သွားခြင်းဖြစ်လေသည်။

poverty_in_india3.jpg

ထိုလူရွယ်နှင့်အမယ်အိုတို့သည် သားအမိများဖြစ်ကြလေသည်။ သားအမိနှစ်ဦးသည် ထိုဆိုက်တွဲလေးဖြင့် မြို့အနှံ့ပါတ်ကာ
သွားကြမည်ဖြစ်သည်။မြို့ထဲရှိလမ်းဆုံ လမ်းထေါင့်များရှိ အမှိုက်ကန်များသို့ရောက်လျှင် ဆိုက်တွဲလေးကိုရပ်ကာ
လုပ်ငန်းစလေမည်။ သူ့အတွက်ကောင်းနိုးရာရာများ ရှာဖွေယူငင်ပြီး ဆိုက်တွဲပေါ်သို့တင်သည်။ ဆိုက်တွဲပေါ်ရှိအမေအိုက
ဒီတိုင်းထိုင်မနေပါ။ သူ့ရှေ့ရောက်လာသော ပစ္စည်းအတိုအစများ ဗူးပလုံးများကို အိတ်ငယ်လေးတွေအတွင်း ခွဲခြားပြီးထည့်မည်ဖြစ်သည်။ ဆိုက်တွဲပေါ်မှာတော့ အမယ်အိုနေမပူ မိုးမစိုစေရန်အတွက် ထမင်းဆိုင်တစ်ခုမှစွန့်ပစ်ပေးကမ်းလိုက်သော အတော်ကြီးမားသည့်ဆိုင်သုံးထီးတစ်လက်ကို တံမြတ်စည်းရိုးတစ်ခုဖြင့်တွဲလျှက်ချီနှောင်ကာတပ်ဆင်လို့ထားလိုက်သည်။
အမယ်အိုနှင့်သူ့အတွက် တစ်နေ့တာပြီးပြည့်စုံသော ယာယီနားနေခိုလှုံရာလေးပင်ဖြစ်သည်။

los-algodones-villa.jpg

နေ့လယ်နေပူပြင်းသည့်အချိန်များတွင် ထိုသားအမိအား မြို့လယ်ဘုရားကြီးဝန်းရှေ့က ညောင်ပင်အောက်တွင် အမြဲတွေ့ရ
မည်ဖြစ်သည်။ သားအမိနှစ်ဦး စကားတွေဆိုကြရင်း နေ့လည်စာလား မနက်စာလား မသဲကွဲသည့် တစ်နေ့တာအဟာရကို
အတူတကွစားသုံးကာ နားနေကြခြင်းဖြစ်သည်။ထိုစဉ် သားအမီနှစ်ဦးအနီးသို့ ကိုရင်တစ်ပါးရောက်လာကာ ကြွပ်ကြွပ်အိတ်ဖြင့်ထည့်ထားသော စားသောက်ဖွယ်ရာအချို့ကိုလာရောက်ပေးလေသည်။ လူရွယ်လေးသည် ဆိုက်ကားပေါ်မှ ပျာပျာသလဲဆင်း
ကာ ကိုရင်လေးအား လက်အုပ်လေးချီပြီး ခေါင်းကိုငုံ့ထားလျှက် ယူငင်လေသည်။ အမယ်အိုလည်း ဆိုက်တွဲပေါ်မှာ လက်အုပ်
ချီ ဦးချရင် ကျေးဇူးတင်စကားများဆိုနေဟန်ရှိပါသည်။ သားအမိနှစ်ဦးအတွက် ဒီနေ့သည် ၀လင်စိုပြေစွာ စားသုံးရသည့်နေ့
တစ်ရက်ဖြစ်ပေလိမ့်မည်။

Poverty-in-India.jpg

ထိုသားအမိနှစ်ဦး၏ ထူးခြားချက်မှာ သူတစ်ပါးထံမှလိုက်လံတောင်းရမ်းခြင်း မပြုခြင်းကိုတွေ့ရခြင်းပင်ဖြစ်သည်။
မှန်ပါသည် ထိုလူရွယ်လေးသည် သူစွမ်းဆောင်နိုင်သည့်အလုပ်ဖြင့်သာ သားအမီနှစ်ဦးအတွက် စားဝတ်နေရေးကိုဖြေရှင်းလေသည်။ယခုလို သူတစ်ထူးမှ ပေးကမ်းလာလျှင်တော့ ၀မ်းမြောက်ဝမ်းသာပင်ခံယူပါသည်။ထိုလူရွယ်လေးသည် အနေအစားအလွန်ဆင်းရဲပါသည်။ ရုပ်ဆင်းကလည်း တော်ရုံစိတ်မခိုင်သူဆိုလျှင် တစ်ခါကြည့်မြင်မိသည်နှင့်ကြောက်လန့်ရွံရှာသွားစေမည်ဖြစ်သည်။ ဘ၀အကျိုးပေး ညံ့လွန်းလို့သာခုလိုဆင်းရဲဒုက္ခကြုံနေခြင်းသာဖြစ်ပေလိမ့်မည်။ ထိုလူငယ်လေး၏ ဖြူစင်ရိုးသားသော စိတ်နေသဘောထားလုပ်ဆောင်ချက်များသည်
လေးစားဂုဏ်ပြုထိုက်ပေသည်။ မိမိကိုယ်တိုင် မသန်စွမ်းဒုက္ခသည်လေး ဖြစ်သော်ငြားလည်း ကိုယ့်ခွန်ကိုယ့်အားဖြင့်သာ
ဘ၀ကိုရပ်တည်သည်။ လူကောင်းသူကောင်းအချို့ပင်လျှင် မစွမ်းနိုင်သောအလုပ်ကို ထိုလူငယ်လေးလုပ်ကိုင်လျှက်ရှိပါသည်။
ရောဂါသည် မိခင်အိုကြီးအား ရိုးသားစွာ ရှာဖွေကျွေးမွေး ပြုစုစောင့်ရှောက်လျှက်ရှိခြင်းပင်ဖြစ်လေသည်။

သူတို့နေထိုင်ရာတောအုပ်တွင်းရှိအိမ်တန်းလေးမှာတော့ ခွေးဟောင်သံအချို့နှင့် လူတစ်ယောက်စ နှစ်ယောက်စသာ
လှမ်းမြင်တွေ့ရတော့သည်။ အိမ်စောင့်ကျန်ရစ်သူများဖြစ်မည်။ပုံစံအမျိုးမျိုး မြင်ကွင်းအစုံစုံဖြင့် ရွှေ့လျှားသွားကြသော
လူတစ်စုသည် မြင်ကွင်းမှတရွေ့ရွေ့ပျောက်ကွယ်သွားကြပြီဖြစ်လေသည်။

ဆက်ပါဦးမည်
@bobokyaw
photo : google image

Sort:  

လူတိုင်းဘဝတိုက်ပွဲဝင်နေကြရသူတွေပါ

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

ရောင်စုံဘဝ ဘဝရောင်စုံ

ကျေးဇူးတင်ပါတယ် ကို @ansoe

အရေးကောင်းတယ်။

ကျေးဇူးတင်ပါတယ်

Thanks for your sharing.

ကျေးဇူးတင်ပါတယ်

အရမ်း​ကောင်းတယ်​ good

ကျေးဇူးပါ ခင်ဗျ

ဘဝပေး ကံတရားပေါ့

ဘဝဆိုတာ တိုက်​ပွဲပါပဲ ကိုယ်​ချင်းစာပါတယ်

င်္ကျွန်တော်တို့ဆီမှာ အဲဒီလိုအလုပ်ကို လုပ်နေကြသူတွေနဲ့ စကားပြောဖြစ်ဖူးတယ်၊ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေမယ့် သူတို့က ကိုယ်တွေထက် ဝင်ငွေကောင်းတယ်ဗျ။

ဟုတ်ပါတယ် အစ်ကို သူတို့ထဲမှာလည်း အချင်းချင်းခေါင်းပုံဖြတ်မှုတွေ ရှိနေပါတယ် လက်ဝေခံတွေက
တကယ်ကို သနားစရာကောင်းပါတယ်

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.030
BTC 68492.14
ETH 2699.27
USDT 1.00
SBD 2.72