"သွား"ကျန်းမာရေးမကောင်းတဲ့အခါ
ကွမ်းယာကြိုက်သော ကျွန်တော့်အတွက်တော့ ကွမ်းယာသည် အဖော်တစ်ယောက်လို
အသုံးဝင်လို့နေချေသည်။ စိတ်ညစ်တဲ့အခါတွေ ဒေါသဖြစ်တဲ့အခိုက်အတန့်တွေမှာ ကွမ်းယာကိုပါးစပ်ထဲပစ်ထည့်
ကွမ်းသီးအမာတွေကိုအံကြိတ်ပြီး တကုတ်ကုတ်နဲ့ ၀ါးနေရလျှင် ဒေါသတို့ အတော်အတန်ပြေလျှော့သွားသည်ဟု
ထင်မိလေသည်။ စာဖတ်တဲ့အခါတွေမှာလည်း ကွမ်းယာလေးများငုံပြီး ဖတ်ရလျှင် စာဖတ်ရသည်မှာ ဈာန်အတော်ဝင်
သည။် အရသာရှိသည်ဟုလည်းထင်လေသည်။ကွမ်းကြိုက်သည့်အတွက်ကြောင့် ကွမ်းယာထုပ်နဲ့ကိုယ်အမြဲမပြတ်
ဆောင်ထားရပါသည်။ သွားလေရာကွမ်းထုပ်လေးပါသည်။ကွမ်းယာကြောင့် ရောဂါများဖြစ်တက်သည်ကိုလည်း
စာတွေမှာဖတ်ရှုဖူးပါသည်။ ဖတ်နေတုန်းကြားနေတုန်းခဏတော့ ကြောက်မိသည်ကအမှန်ပါ သို့သော်အချိန်တန်
လျှင်တော့ ၀ါးမြဲအတိုင်းဝါးပါသည်။ စားမြဲအတိုင်းစားပါသည်။
ကွမ်းကြိုက်သည့်ကွှန်တော့်အတွက် အဆင်မပြေသောအဖြစ်တို့သည်ကြုံဆုံလာရတော့သည်။ အခြားတော့မဟုတ်
သွားများမခံမရပ်နိင်အောင် ကျင်ခြင်းဖြစ်ပါသည်။ အစားစားလည်းကျင်သည် ရေသောက်လည်းကျင်သည်
စကားပြောလျှင်တောင် ကျင်သည်ဟုဆိုရမည်။ အတော်ကိုခံစားရပါသည်။ ကွမ်းလဲ မ၀ါးနိုင်တော့ ကွမ်းယာလဲမ၀ယ်ဖြစ်ပါ။
လမ်းထိပ်ကကွမ်းယာဆိုင်ရှေ့ဖြတ်လျှောက်မိလေသောအခါ ကွမ်းမ၀ယ်လို့ ကွမ်းယာသည်အဒေါ်ကြီးက နင် ဆိုင်ပြောင်းပြီး
ဝယ်နေတာလားဟုမေးတော့သည်။ဖြစ်ကြောင်းကုန်စင်ပြောပြတော့မှ ကွမ်းယာသည်အဒေါ်ကြီးက "ဒါများအဆန်းလုပ်လို့
စောစောကပြောရောပေါ့ " ဟုဆိုကာကွမ်းယာဆိုင်ရဲ့အပေါ်တန်းလေးသို့လက်လှမ်လိုက်သည်။ပုလင်းငယ်လေးတစ်လုံးပါလာ
ပြီး ရော့ဒီထဲကအမှုန်လေးတွေနဲ့သွားတိုက်လိုက်။နင့်ရဲ့ကျင်နေတဲ့သွားတွေအတွက်ဟု ဆိုကာသူ့ရဲ့ သွားကျင်ပျောက်ဆေး
အား ပေးလေတော့သည်။ ရေငတ်သူရေတွင်းထဲကျသလိုပါဘဲ သွားကျင်ပျောက်ဆေးအား တစ်ညတာမျှသုံးပြီးနောက်
နောက်မနက်တွင် လုံးဝပျောက်ကင်း၇ုံမျှမက ကွမ်းလည်းပြန်ဝါးနိုင်ပါတော့သည်။
အစားလည်းစားလို့ရပါပြီေ၇သောက်လဲမကျင်တော့ပါဘူး။ ဒီလိုဆိုတော့လည်း ကွမ်းယာသည်အဒေါ်ကြီးပေးတဲ့ဆေးက
အမြဲဆောင်ထားရမည့်ဆေးအဖြစ်သို့ရောက်လေတော့သည်။ ဟုတ်သည်လေ မိမိက ကွမ်းကြိုက်တော့ မကြာခဏ
သွားကျင်နေလျှင် ခက်ပေမည်။ သူကလဲထပ်ညွှန်းပါသည်။ ဒါလေးကိုသာ တစ်ရက်တစ်ကြိမ်သုံး ဘယ်တော့မှသွားမကျင်
ဘူးဟုဆိုလေသည်။ ဆေးနည်းပြုလုပ်ပုံကိုလည်း ပြောပြလေသည်။
ခက်ခက်ခဲခဲတော့မဟုတ်ပါ သဘာဝအတိုင်း နေရောင်ခြည်နှင့် ခြောက်သွေ့ပြီး အပင်မှ ကျိုးကျ ကြွေကျနေသော
သင်္ဘောရွက်အခြောက်များအား ကောက်ယူပြီး အမှုန့်ကလေးတွေဖြစ်အောင် ပြုလုပ်ရပါသည်။ကြိတ်ရသည် ခြေရသည်
ထောင်းရသည်။အဲ့ဒီလိုကနေရရှိလာလေသော အခြောက်အမှုန့်လေးတွေကို ပုလင်းတစ်လုံးထဲတွင်ထည့်ထားပြီးသိမ်း
ဆည်းကာထားလိုက်လေသည်။ တကယ်လို့သွားကျင်သည့်အခါတို့တွင် ထိုအမှုန့်လေးတွေကို မနက်တစ်ကြိမ် ညတစ်ကြိမ်
သွားတိုက်သလို ပွတ်တိုက်ပေးရန်သာဖြစ်သည်။ သူပြောသည့်အတိုင်းသာဆိုလျှင် သွားများကျင်သည့်အတွက်သာမကဘဲ
သွားနှင့်ပါတ်သက်သောရောဂါအတော်များများကိုပျောက်ကင်းသက်သာစေသည်။ဘာမှမဖြစ်ဘဲအသုံးပြုလျှင်လည်းကာ
ကွယ်ပြီးသားဖြစ်သည်ဟုဆိုလေသည်။ ရေစီးကမ်းပြိုဖြစ်နေသူများအသုံးပြုသည်ကိုပင်ပျောက်ကင်းသွားသည်ဟုလည်း
လက်တွေ့သာဓကများညွှန်ပြလျှက်ပြောလေသည်။
မိမိသည် ထိုဆေးနည်းအတိုင်းပြုလုပ်ဆောင်ရွက်ကြည့်လေရာ အမှန်ပင်သွားကျင်သည့်ဝေဒနာသည် သက်သာပျောက်
ကင်းသွားပါသည်။သူပြောသည့်အတိုင်း နောက်တစ်ခါမကျင်ရလေအောင် သွားတိုက်သည့်အခါတိုင်းတွင် သွားတိုက်ဆေး
နှင့်ရောပြီးတိုက်ပါသည်။ နေ့စဉ်အသုံးပြုပါသည်။ မကြာခဏသွားကျင်တက်သော ကျွန်တော် သွားလုံးဝမကျင်တော့သည်
မှာအတော်ကိုကြာလေပြီ။ ကွမ်းယာကိုလည်း စိတ်ချလက်ချဝါးလို့ရနေလေ၏။ယခင်ကဆိုလျှင် ကွမ်းယာစားပြီး
အချဉ် သို့မဟုတ် ရေအေး ရေခဲရေများအား မစားနိုင်ပါ မသောက်နိုင်ပါ ယခုတော့ မည်သို့မှမဖြစ်ပါလေ
အလွန်ကိုကောင်းလွန်းလှပါလေသည် သွားများကျင်ခဲ့လျှင် သင်္ဘောရွက်ခြောက်လေးတွေကိုသာသတိရလိုက်ပါလေ
ကျွန်တော်ကတော့ အရွက်ခြောက်အမှန့်များစွာကို စုဆောင်းပြီး ပုလင်းများအတွင်းထည့်သွင်းထားပါလေသည်။
နေ့စဉ်အသုံးပြုပါလေသည်။ သွားအတွက်ကတော့ အတော်ကိုစိတ်ချရပါပြီလေ။ကွမ်းယာကတော့ မစားတာကောင်းပါ
တယ်လို့ပြောချင်ပါသည်။ မိမိသည်သာ မပြတ်နိုင်မကင်းနိုင်သည့်အတွက် စိတ်အလိုလိုက်လို့ စားနေရခြင်းဖြစ်လေတော့၏။
Author : @bobokyaw
photo-google image
MSC-060
ကွမ်းစားခဲ့းဘူးပါတယ် ခုတော့မစားတော့ပါဘူး ဒီလိုဆေးနည်းတိုလေးတွေက တကယ်အသုံးတည့်လှပါတယ် ကျေးဇူးပါ
ဟုတ်ကဲ့ပါ ကိုစိုး ကျေးဇူးပါခင်ဗျ
ကျနော်တို့လို ကွမ်းသမားတွေအတွက် Nice Post ပါဗျာ
ကျေးဇူးပါ
သွားကျန်းမာရေး အရေးကြီးပါတယ်..
သေချာဂရုစိုက်သင့်ပါတယ်...
ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ
Good
thanks
သွားက အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ
ဟုတ်ပါတယ်ခင်ဗျ
ဗဟုသုတရတယ်ဗျာ သွားကိုက် နားကိုက် အခံရခက်တယ်
ဟုတ်ကဲ့အစ်ကို ကျေးဇူးပါခင်ဗျ
အဲဆေးဖော်ပြီး ဆောင်ထားဦးမှ
သူများကိုလဲ ပေးလို့ရတာပေါ့
မှန်ပါတယ်ဗျာ အိမ်ကတော်တော်များများဖြစ်တာကြည့်ပြီ ဖြစ်မှာ ကြောက်ပါတယ်ဗျာ
ကျေးဇူးတင်ပါတယ်ခင်ဗျ
Good bro
Thanks you.
You got a 1.41% upvote from @postpromoter courtesy of @bobokyaw! Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support development of @postpromoter and the bot tracker please vote for @yabapmatt for witness!
Thanks