တာဝန်

in #myanmar7 years ago (edited)

bobokyaw.JPG

တာဝန်ယူမှု တာဝန်ခံမှု ဆိုတဲ့ စကားလုံးတွေကို ခုတလော အတော်ပင်လူကြိုက်များ သုံးစွဲနေတာတွေ့နေရပါသည်
မိမိပြုလုပ်လိုက်တဲ့ အရာ မိမိပြောဆိုလိုက်သော စကားတွေကြောင့် ဖြစ်ပေါ်လာမဲ့ အကျိုး အပြစ်တွေအတွက် မိမိမှာ တာဝန်အပြည့်ဝရှိပါတယ်
ဘယ်အလုပ်ပဲဖြစ်ဖြစ် ဘယ်စကားပဲဆိုဆို လက်လွတ်စဘယ် မပြောသင့် မလုပ်သင့်ပါဘူး မိမိကိုယ်ကို တန်ဖိုးထားလေးစားသူ ဟုခံယူပါလျှင်
တာဝန်ယူမှု တာဝန်ခံမှု ဆိုတာ လုပ်ကိုလုပ်ရမှာပါ တာဝန်ဝတ်တရားနဲ့ ပါတ်သက်ပြီးလူသားဆန်ဖို့လိုသလို လူကြီးလူကောင်းဆန်ဖို့လဲ လိုအပ်ပါတယ်
work-with-us.jpg
အလုပ်တစ်ခု လုပ်ဆောင်ဖို့ရာအတွက် လုပ်ပိုင်ခွင့် အပ်နှင်းခံရသူ ဟာ ထိုအလုပ်အတွက် တာဝန်ရှိသူဖြစ်တယ် တာဝန်ရှိသူဖြစ်လာပြီဆိုမှဖြင့်
ထိုသူဟာ တာဝန်သိဖို့လိုလာပါပြီ တာဝန်သိမှသာ ထိုအလုပ်နဲ့ပါတ်သက်ပြီး လုပ်ဆောင်ရမဲ့ကိစ္စအ၀၀ကို တာဝန်ကျေအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်
တာဝန်မသိသူ မိမိတာဝန်ကို နားမလည်သူ တာဝန်ယူမှု တာဝန်ခံမှုမရှိသူကို တာဝန်ပေးလိုက်မိရင်တော့ ထိုသူဟာတာဝန်ကျေအောင်မစွမ်း
ဆောင်နိုင်သည့်အပြင် တာဝန်နဲ့အတူရရှိလာတဲ့ အခွင့်အာဏာကို အလွဲသုံးစား လုပ်ပေတော့မည် ကိုယ်ကျိုးရှာပေတော့မည်
ထိုသို့သောသူရဲ့ နောက်လိုပ်ပါရသော လက်အောက်ငယ်သားတို့အတွက် အတော်ကိုအန္တရာယ်များလှပါသည် နစ်နာမှုများစွာ ကြုံတွေ့နိုင်ပါသည်
တာဝန် ရှိသူများသည် မိမိအား ထိုအလုပ်တာဝန်နှင့်အတူ အပ်နှင်းထားသော အခွင့်အာဏာများ လုပ်ပိုင်ခွင့်များ ကို ဥပဒေစည်းကမ်း လုပ်ထုံးလုပ်နည်း
များ နှင့်အညီ တိကျစွာ ဆောင်ရွက်ကြရန်လိုအပ်လှပါသည် တာဝန်ရှိသူသည် ရိုးသားဖို့လိုပါသည် သမာသမက်ကျဖို့လိုပါသည်

တာဝန်ဆိုသည်မှာ အလုပ်တစ်ခုအတွက် နေရာတစ်ခုအတွက် သာသက်ဆိုင်သည်မဟုတ်ပါ တစ်ဦးတစ်ယောက်ချင်းဆီမှာလည်း တာဝန်ကိုယ်စီရှိကြပါသည်
မိမိဘ၀အတွက် မိမိသာလျှင် တာဝန်ရှိပါတယ် မိမိကိုယ်ကို တာဝန်ယူရပါမယ် အဆင်ပြေတာပဲဖြစ်ဖြစ် အဆင်မပြေတာပဲဖြစ်ဖြစ် မိမိသာလျှင်
တာဝန်အရှိဆုံး သူဖြစ်ပါတယ် ကိုယ်အဆင်မပြေတာအတွက် သူတစ်ပါးကို အပြစ်တင်လက်ညှိုးထိုး လို့မရပါဘူး ကံမကောင်းလို့ သူတို့မကောင်းလို့
သူတို့မလုပ်ပေးလို့ ဆိုတဲ့အကြောင်းပြချက်တွေ မပြသင့်ပါဘူး ကောင်းတာတွေဖြစ်လာဖို့ ကိုယ့်တာဝန်ဖြစ်သလို လုပ်တာတွေမှားသွားရင်လဲ ကိုယ်
ပဲတာဝန်ယူရပါမယ်။
UsCartoon.jpg

မိသားစုဘ၀မှာလဲ မိမိတာဝန်ကိုမိမိသိနားလည်ရမယ် အိမ်ထောင်ဦးစီးလား မှီခိုသူလား မိဘနေရာမှာလား သားသမီးလား
အကိုကြီးအစ်မကြီးလား အလယ်လူလား အငယ်ဆုံးလား ဘယ်နေရာမှာရှိတဲ့သူဖြစ်ပါစေ မိမိနဲ့သက်ဆိုင်တဲ့တာဝန်ကိုကျေပွန်ဖို့ လိုအပ်ပါတယ်
မိဘဆိုလျှင် သားသမီးများကို ကျွေးမွေးစောင့်ရှာက်ခြင်း ဆုံးမသွန်သင်ခြင်း အတက်ပညာသင်စေခြင်း တာဝန်များရှိ၏ ၊ သားသမီးဆိုလျှင်လည်း
မိဘဆိုဆုံးမမှုများကို လိုက်နာရန် တာဝန်ရှိ၏ ၊ ဆရာဆိုလျှင်လည်း တပည့်များအားပညာပေးရန် ဆုံးမသွန်သင်ပေးရန်တာဝန်ရှိ၏ ၊
ရပ်ထဲရွာထဲ နေသူများက ရပ်ရွာစည်ကမ်း အတိုင်းနေထိုင်ရန်တာဝန် ရှိ၏ ၊ မြို့မှာနေသူများလဲ မြို့စည်းကမ်း အတိုင်းနေထိုင်ရန်တာဝန်ရှိ၏ ၊
ယဉ်မောင်းသူများ နှင့် လမ်းအသုံးပြုသူများသည် ယဉ်စည်းကမ်းလမ်းစည်းကမ်း ကိုလိုက်နာရန်တာဝန်ရှိ၏ ၊
နိုင်ငံသားများသည်လည်း ထိုနိုင်ငံကချမှတ်ထားသော ဥပဒေများ ကိုလေးစားလိုက်နာရန် တာဝန်ရှိ၏

2044488-3974572-happy-children-holding-hands-around-the-world-stock-vector-cartoon.jpg
မိမိတာဝန်မကျေပွန်သူ တာဝန်ယူမှုမရှိသူ တာဝန်မဲ့သူ ရေသာခိုအချောင်လိုက်တဲ့သူတစ်ဦးဟာ မိသားစုဘ၀မှာဖြစ်ဖြစ် အသင်းအဖွဲ့မှာ ဖြစ်ဖြစ်
လူမျိုးစုထဲမှာဖြစ်ဖြစ် နိုင်ငံသားထဲမှာဖြစ်ဖြစ်ရှိနေတယ်ဆိုရင် ဒီလိုလူကြောင့် တိုးတက်မှုတွေ နှောင့်နှေးရသလို သူ့အကြောင်းပြုပြီး စိတ်ဝမ်းကွဲမှုတွေ
မညီညွတ်မှုတွေလဲဖြစ်လာ စရာရှိပါတယ် တာဝန်ယူမှု တာဝန်ခံမှု သည် လူ့ဘောင်အဖွဲ့အစည်းအစဉ် တည်တံ့ဖို့ရန် အတွက် အေ၇းကြီးသော
ဒေါက်တိုင် တစ်ခုဖြစ်သည် လူ့လောကအလှတရားဖြစ်သည်
တစ်ဦးတစ်ယောက်ချင်းမှအသင်းအဖွဲ့အလယ်မြို့နယ်တိုင်းနိုင်ငံအဆုံး မိမိနှင့်သက်ဆိုင်ရာ တာဝန်ကိုယ်စီ ကျေပြွန်ကြမည်ဆိုလျှင်တော့ဖြင့်
လောကကြီးတစ်ခုလုံး အဆင်ပြေချောမွေ့သာယာလို့ သာ နေပေတော့မည် ဟုဆိုလိုက်ချင်ပါသည်။
@bobokyaw
photo : google image

Sort:  

thank for sharing

ဟုတ်ကဲ့ခင်ဗျ

Congratulations @bobokyaw! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Good တယ်​ အစ်​ကို​ရေ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 60364.09
ETH 2378.39
USDT 1.00
SBD 2.57