စတီးမစ်မှာဆက်ရှိနေချင်တယ်

in #myanmar4 years ago (edited)

traveler-1611614_1280.jpg
https://pixabay.com/photos/traveler-hiker-trip-wander-1611614/

စတီးမစ်နဲ့အတူ အချိန်တွေများစွာ ကုန်ဆုံးခဲ့ပါတယ် အဲ့ဒီအချိန်တွေအတွက် ဘာများပြန်ရသလဲလို့မေးရင်တော့ ပြောပြဖို့ အတော်ကိုခက်ခဲနေမှာပါ ငွေကြေးလား ပညာလား သင်ခန်းစာလား အတွေ့အကြုံလား သေသေချာချာ တိတိကျကျ ပြောဖို့ မလွယ်တာကိုဆိုလိုပါတယ် အချိန်တွေတော့ ကုန်ခဲ့တာအမှန်ဘဲ
ကိုယ်ထင်သလိုဖြစ်မလာတာရယ် ဖြစ်စေချင်သလိုဖြစ်မလာတာရယ်ကတော့ အသေအချာပေါ့
အခုတလော ဖြစ်သွားတဲ့ အကွဲအပြဲမှာ ဟိုဘက်ဒီဘက် နှစ်ဘက်မျှခြေဖြစ်တဲ့သဘောမှာတော့ ရှိတယ် နောက်ကွယ်က ကိုယ်တွေ မမြင်နိုင်စွမ်းတဲ့အရာတွေလည်း ဒုနဲ့ဒေး ရှိနေနိုင်တာပါဘဲ
လက်ရှိမြင်နေရတာတော့ တွန်းတိုက်မှုတွေနဲ့ နှောက်ယှက်မှုတွေက အင်မတန်ရုပ်ဆိုးလွန်းပါတယ်
ခံစားချက်နဲ့ တုန့်ပြန်ကြတာများပါတယ်
ဟိုဘက်ကလည်း ဒိဘက်ကို အလိုမရှိသလို ဒီဘက်ကလည်း ဟိုဘက်ကို အလိုမရှိပြန်ပါဘူး ရန်ဘက်အသွင်ဆောင်တာက ရှည်ကြာလာရင်တော့ သိပ်မကောင်းလှဘူးထင်ပါတယ်
ဖြစ်စေချင်တာတာပေါ့ ကိုယ့်လမ်းကိုယ် ဖြောင့်အောင်လျှောက်ရင် သိပ်ကောင်းမှာပါ တွန်းတိုက်ရင်း နေရာလုနေတာထက် ကိုယ့်လမ်းကိုယ် ဖြောင့်တန်းအောင် လျှောက်တာက ခရီးအရောက်မြန်မယ် ခရီးတွင်မယ် အခုလို တွန်းတိုက်နေတော့ သူလည်းရှေ့မရောက်ကိုယ်လည်း ရှေ့မရောက်နိုင်ဘဲ နှစ်ဘက်လုံး ချောက်ထဲ ထိုးကျဖို့ များပါတယ်
သေချာပြန်ကြည့်တော့လည်း ဒီလူတွေချည့်ပါဘဲ အသစ်သောသူတွေ မလာပါဘူး မရှိပါဘူး ရှိတဲ့ သူလေး လက်တစ်ဆုပ်စာလောက်ကိုဘဲ နှစ်ခြမ်းကွဲသွားတာ ဒါက ကောင်းတဲ့အလားအလာတော့ မဟုတ်တာသေချာပါတယ်
နဂိုကမှ ချိနဲ့နဲ့ အင်အားစုလေးက အုပ်စု နှစ်စုကွဲပြီးနောက်ပိုင်း အရင်ထက် ကောင်းမွန်လာဖို့ဆိုတာ အတော်လေး ခက်ခဲစေမှာပါ
အခုလို သက်ဖြတ် နှောက်ယှက် တိုက်ခိုက်နေတာက မပြီးနိုင်တော့ရင် အခြေအနေက အမှော င်ဆုံးကာလတွေ ဖြစ်လာတော့မှာဘဲ
ဟိုဘက်ဖြစ်ဖြစ် ဒီဘက်ဖြစ်ဖြစ် အနှောက်အယှက်ပေးနေတာတွေကို သဘောမကျတာတော့ အမှန်ဘဲ
တရုတ်ကလေးက ဒါကိုမ၀ယ်ခင်ကတည်းက ခွဲထွက်ရေးအစီအစဉ်တွေ တင်ကြိုရှိနှင့်ပြီးသားဆိုတာကိုတော့ လူတိုင်းမသိပါဘူး
@bobokyaw

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63618.84
ETH 2623.39
USDT 1.00
SBD 2.78